မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)


(၁)
မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …
ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုးမလာကြတဲ့ ‘မ’ တထောင်သားတွေကြောင့် မိအေးနှစ်ခါမက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု ဖြိုခွဲခံခဲ့ရတယ်ဆိုတာ ကျောင်းသားတပ်မတော်အနေနဲ့ရော တော်လှန်ရေးအတွက်ပါ ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေအတွက်တော့ သားသမီးရတနာများအား တူညီသော ဆုံးရှုံး မှု၊ ဒီအဖြစ်အပျက်တွေမှာ အတွင်းကျကျအနေအထားမျိုးနဲ့ သိရှိပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေး မြန်းခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့ အရိုးရှင်းဆုံးအနေအထားကနေ အစအဆုံး ကြုံတွေ့ ခဲ့ရတဲ့ သာမန် ရဲမေတယောက်အနေနဲ့ ကျမရဲ့အမြင်ကို ပြောပြခွင့်ရှိမယ်ထင်ပါတယ်၊ မပြောခင်မှာ ကျမရဲ့ နောက်ခံ သ မိုင်းကြောင်းကို သိချင်တဲ့သူတွေ ရှိနေနိုင်ပါတယ်။
အမေပေးထားတဲ့ ကျမရဲ့နာမည်က ခင်ရွှေလှိုင်၊ ဖြတ်သန်းခဲ့တဲ့တလျှောက် အခုချိန်ထိ ဒီနာမည်နဲ့ပဲနေပါတယ်။ မမွေးခင် ကတည်းက “လူထု” ဆိုတဲ့ စကားလုံးက ကျမနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီ စကားလုံးလေးကို ကျမအဖေ မြတ်နိုးလွန်းလို့ လူထု ဦးလှနဲ့ဒေါ်အမာတို့ဆီက ခွင့်ပြုချက်တောင်းပြီး မိသားစုနာမည်အဖြစ် အသုံးပြုခဲ့တာမို့ မန္တလေး၊ နန်းရှေ့၊ လူထုမိ သားစုကလို့ သိလိုရင် မေးကြည့်နိုင်ပါတယ်။

၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ မန္တလေးတက္ကသိုလ် (ပင်မ) မှာ ပူးပေါင်းပါဝင်ချီတက် ဆန္ဒပြခဲ့ တယ်၊ အာဏာသိမ်းပြီးတဲ့နောက် “အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်းပုဒ်အောက်မှာ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊ ဒီမိုကရက်တစ် ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါစတာ) တို့နဲ့ လက်တွဲပြီး အဖွဲ့ရဲ့လှုပ်ရှားမှု။ ဗကသ လှုပ်ရှားမှု။ ယူဂျီလုပ်ငန်းတချို့မှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။ တောထဲမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းက ရဲဘော်တွေ။ မြောက်ပိုင်းကချင် ကျောင်း သားတပ်မတော်က ရဲဘော် ရဲမေတွေကို မေးကြည့်နိုင်ပါတယ်။

ကေအိုင်အေ အပစ်အခတ်ရပ်ဆဲပြီးနောက် (၁၉၉၆ ၉၇) မှာ ကျမ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်ကလာ ခေါ်တဲ့အတွက် မြောက်ပိုင်းမှာ လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက်အရ အမှောင်ပြန်ဝင်ခဲ့ တယ်။ အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့တွေ့ခဲ့တယ်၊ “မင်းမှာလည်း တာဝန်ရှိတယ် ဘာလို့မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင်လာနေကြည့်မှပဲ သိနိုင်မယ်” လို့ ဖြေခဲ့တယ်။
“မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့အပေါ် “အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေးမပေးနိုင်ဘူး” လို့ဖြေခဲ့တယ်၊ သိချင်လို့ မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့ ဖြေခဲ့တယ်။

၁၉၉၈ မှာ အိန္ဒိယ (မဏီပူကန့်) ကို ရောက်တယ် (လူလိမ္မာ အခါခါမိုက်)၊ အေဘီ (အနောက်ပိုင်း) တာဝန်ရှိသူက ရဲမေ လုပ်မလား အိမ်ထောင်သည်လုပ်မလား မေးခဲ့တဲ့အပေါ် အထဲကိုပြန်ဝင်ခဲ့တဲ့သူတယောက်အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်၊ နောက်ပိုင်းမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ။ ထိုင်းနယ်စပ် လက်ရှိကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ ဒုက္ခသည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့ ကလေးတွေကို မေးနိုင်ပါတယ်။

၂၀၁၀ လက်ရှိမှာ ကျမသမီးရဲ့ ပညာရေးနဲ့အနာဂတ်အတွက် သြစတေးရီးယားကို ရောက်တယ်၊ ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI မန္တလေး၊ အသတ်ခံရ) ကိုအောင်နိုင်(MC မန္တလေး၊ လက်ရှိချင်းမိုင်) ကိုစိုးလင်း (RIT မန္တလေး၊ တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ လက်တွဲလုပ်လာခဲ့သူတယောက်ဖြစ်သလို သူတို့ (၃) ယောက် ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကိုသွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေးခဲ့ကြတာပါ။ တောထဲကိုလာခဲ့တုန်းက တယောက်တည်းပါ။ ဘယ်အ ဖော်မှ မပါပါဘူး။ တောထဲရောက်မှ ကိုသံချောင်း (မြစ်ကြီးနားတက္ကသိုလ် မိုးညှင်း မိုဟန်)။ ကိုမျိုးဝင်း(RIT မိုးညှင်း၊နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ စုံတွေ့ခဲ့တယ်။

ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ။ လုပ်တဲ့သူတွေဘက်ကလည်း ဒီလူတွေအားလုံးဟာ ရန်သူ့သူလျိုတွေပါလို့ စွပ်စွဲခဲ့သလို သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေရှိတယ်။ တချိန်ချိန်မှာ ဒီအတွက် ကြိုးစင်တက်ရမယ်ဆိုရင်လည်း ကြိုးစင်တက်မယ်လို့ ပြောခဲ့ကြတယ်။

ခံရသူတွေဘက်ကလည်း ငါ့တို့အားလုံးဟာ တယောက်မှ ရန်သူ့သူလျှိုမဟုတ်ဘူး မတရားလုပ်တာခံခဲ့ကြရတဲ့ ကျောင်း သား အစစ်အမှန်တွေပါလို့ ပြောခဲ့ကြတယ်။
ကျမကတော့ နှစ်ခုစလုံးကို လက်မခံချင်တဲ့သူ။ ၅၀၀ လောက်ရှိတဲ့တပ်ကိုဖြိုဖို့ ရန်သူ့သူလျှို ၅ ယောက်တောင်မလိုသလို ရန်သူ့လူ အမှန်တကယ် မပါခဲ့ရင် ဒါတွေလည်းဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျမ ယူဆတယ်။ ရန်သူ့သူလျှို တ ယောက်မှမပါဘဲ သူတို့အချင်းချင်း တောထဲမှာ အာဏာလုခဲ့ကြတာပါဆိုတဲ့ ပုံပြင်က ရိုးစင်းလွန်းအားကြီးပါတယ်။ အာ ဏာလုတာမှန်ရင် အမျိုးသမီးရဲမေတွေနဲ့ အောက်ခြေက ရဲဘော်တွေအများကြီးကို ဖမ်းစရာအကြောင်း မရှိပါဘူး။
သေချာတာကတော့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ ကိုယ့်လူကိုယ်ပြန်စားနည်း (ရန်သူ့သူလျှိုကို ထွက်ပေါက်အသင့်ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ ဆင်ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ။

အစီစဉ်ရှိရှိလုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျှို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွန်ပြနေပါ တယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
ABSDF အကြောင်း မသိသေးတဲ့ သူတွေအတွက် အဓိက ရည်ရွယ်ပြီး ပြန်ဖေါ်ပြပေမဲ့ ABSDF မှာ ကိုယ်ကိုယ်တိုင်လည်း အဖွဲ့အစည်းထဲမှာနေတုန်းက ဘာမှ မယ်မယ်ရရ မလုပ်၊ လေပဲကန်နေကြပြီး အပြေင်ရောက်သွားတော့လည်း အဖွဲ့အစည်းကို တချက်မှ ပြန်လှည့်ကြည့်ကြတာ မဟုတ်၊ သူများလောက် အနစ်နာမခံနိုင်တာ ထားလိုက်တော့ တော်လှန်ရေးမှာ ခြင်ကိုက်ဖြုတ်ကိုက်ဒဏ်လေးလောက်တောင် မခံနိုင်လို့ အပြင်ရောက်သွားသူတွေက အဖွဲ့အစည်းမှာ တကယ်လုပ်လာတဲ့သူတွေအပေါ် အားနည်းချက်လေး တွေ့တာနဲ့ ဆွမ်းကြီးလောင်းဖို့ ကြိုးစားတတ်သူတွေ၊ ပွဲလန့်တုန်း ဖျာဝင်ချင်းပြီး တကယ်လုပ်လာသူတွေကို ချောက်တွန်းချင်သူတွေ၊ ရန်သူပျောက်ပြီး လုပ်စရာရှားပါးလို့ အနှစ်နှစ်ဆယ်ကျော် အတင်းပြောလို့ မ၀သေးသူတွေကိုလည်း ဖတ်စေချင်လို့ နေ့သစ်မှာ တင်ထားတဲ့ မြောက်ပိုင်းရဲမေဟောင်း မခင်ရွှေလှိုင်ရဲ့ ပို့စ်ကို ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်။ အခန်းဆက် တင်လာရင်လည်း ဆက်လက်ဖေါ်ပြမှာ ဖြစ်တယ်။
အပိုင်း (၂) ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

83 comments:

Based on the hate and anger to military regime transformed to fear and suspicious then finally relinquish to each other in inhuman ways.
Immoral of the human's dignity like as CPB Thakhin Than Tun's mass manslaughter in 1967 and Red Flag Thakhin Soe's Sinswe village homicide in 1958.

ခင်ရွှေလှိုင်ကို ခင်မင်ဖူးတဲ့ ရဲဘော်ရဲမေတဦးအနေနဲ. အကြံပေးလိုတာက ဘယ်အရာကိုမှ မိမိသမိုင်းကြောင်းနဲ. ဂုဏ်သိက္ခာအတွက် တွယ်ဖက်မနေပါနဲ.။ အမှန်တရားကို တွေ.ပြီ သိပြီ ဆိုတာနဲ. ရဲရဲ ဝန်ခံပြီး အဖြစ်မှန်တွေကို ဖွင့်ချပါ။ ကိုယ်အဖမ်းမခံရ... ပြီးရော ဆိုပြီး အခြားသူတွေ အဖမ်းခံနေရချိန်မှာ ဖာသိဖာသာ နေနိုင်ခဲ့တဲ့အတွက် အရှက်တရားထားပြီး မကဒတ ရဲ. ဂုဏ်သိက္ခာအတွက် ပြန်လည် ဆေးကြောခြင်း၊ မကဒတ မျက်နှာဖုံးအောက်မှာ ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကို ဖော်ထုတ်ရေး အစီအစဉ်မှာ ပါဝင်ပေးပါ။ အနည်းဆုံးတော့ ကိုယ်ရဲ. မျိုးဆက်ကလေးတွေအနေနဲ. လူ.ဘဝထဲ ရဲရဲဝံဝံနဲ. သူများတွေမျက်နှာကို ကြည့်ရဲတဲ့သူတွေ ဖြစ်လာပါလီမ့်မယ်။

ခင်ရွှေလှိုင်ရဲ. comment ထဲက လူ ၅ ယောက်လောက် ဆိုရင် ဖြစ်နိုင်ပါတယ်လို. ဆိုတော့ ကျန်တဲ့ လူ ၁၀၀ ကျော် မတရား ဖမ်းဆီးခံခဲ့ရတာ၊ သေတဲ့သူ ၄၀ လောက်ထဲက ၃၅ ယောက်လောက်ကတော့ အပြစ်မဲ့သူတွေပါ လို. ခင်ရွှေလှိုင် ဝန်ခံလိုက် ပြီပေါ.။ အဲဒီတော့ GOSDA ရုံးကနေပြီး နိုင်ငံရေးလုပ်သွားတဲ့ သူတဦးက မိခင်အဖွဲ. အနကလ ရဲ. ဥက္ကဌ က ဦးစီးပြီး လူသတ်ပွဲ၊ နှိပ်စက်ပွဲ လုပ်ခဲ့တာကိုတော့ လက်ပိုက်ပြီး ကြည့်နေခဲ့တာ။ အနှစ် ၂၀ ကျော် ဘာမှ မပြောပဲ နေခဲ့တာ လိပ်ပြာသန်.ပါသလား လို. မေးချင်ပါတယ်။

နောက်ပြီး သံခဲနဲ. ပက်သက်ပြီး သူယူထားတဲ့နေရာ၊ သူမြောက်ပိုင်းနဲ. ပက်သက်ခဲ့မှုတွေအတွက် သူပြန်ပေးဆပ်ခဲ့တာက ရာဇဝတ်မှုတွေကို လက်ပိုက် ထိုင်ကြည့်ပြီး နှုတ်ပိတ်နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တောင်ပိုင်းမှာ တယောက်နဲ.တယောက် အပြစ် ပုံချပြီး ကိုယ်လွတ်ရုန်းဖို. ကြိုးစားနေတဲ့ သူတွေအကြောင်း ခင်ရွှေလှိုင် ပိုသိမှာပါ။ အမှန်ကိုမြင်ပြီး ပူးပေါင်းလာမယ်ဆိုရင် (ကိုယ်တိုင် ရာဇဝတ်မှုတွေကို ကျုးလွန်ထားတာ မရှိလို.) အားလုံးက ခွင့်လွတ်နိုင်ကြမယ် ထင်ပါတယ်။ ခင်ရွှေလှိုင် အပါအဝင် မည်သူမဆို ရာဇဝတ်မှု ဖော်ထုတ်ရေးအတွက် ပူးပေါင်းလာကြမယ်ဆိုရင် ကြိုဆိုပါတယ်။

နောက်တခါ တောင်ပိုင်းမှာ ထပ်မံ ခြိမ်းခြောက်ခြင်း ခံနေရတဲ့ ကျနော်တို.၇ဲ. သေဖော်သေဖက် ၃ ဦးကိုလည်း ခင်ရွှေလှိုင် ရဲ. ခင်ပွန်းမှတဆင့် အကာအကွယ်ပေးဖို. ပြောဆိုပေးပါ။ ရာဇဝတ်မှုအသစ်တွေ ထပ် မဖန်တီးကြပါနဲ.တော.။ များမျး လုပ်ထားတဲ့သူတွေကတော့ များများ အပြစ်ခံ ရမှာ ဖြစ်ပေမဲ့ နည်းနည်းပဲ လုပ်ထားတဲ့ သူတွေကတော့ နည်းနည်းပဲ ခံရမှာဖြစ်ပြီဲး အလျှင်းသင့်ရင် ခွင့်လွတ်မှုကို ခံစားရနိုင်ပါတယ်။

မေးစရာလေး ကျန်သွားလို. မေးကြည့်ပါရစေ။ ခင်ရွှေလှိုင်က ဖြစ်ခြင်းဖြစ်ရင် စပိုင် ၅ ယောက်လောက်တော့ ရှိလိမ့်မယ် ဆိုတော့ အဲဒီ သံသယ ရှိတဲ့ စပိုင် ၅ ယောက်ရဲ. နာမည်လေးကို တဆိတ်လောက် POST မှာ တင်ပေးစမ်းပါ။ ဒီမှာ ကျန်ခဲ့တဲ့ လူ ၁၀၀ လောက်က ဝိုင်းစုံစမ်းကြ စစ်ဆေးကြ လုပ်ကြပေမဲ့ အနှစ် ၂၀ ကျော်တဲ့အထိ တယောက်မှ မပေါ်လို.ပါ။ ဒါပေမဲ့ မကဒတ ထောက်လှမ်းရေးအဖွဲ.မှာ ပါခဲ့တဲ့သူတွေကတော့ မသင်္ကာစရာ လူတွေနဲ.ပေါင်း၊ မသင်္ကာစရာ အဖွဲ.တွေနဲ.ပေါင်းပြီး မသင်္ကာစရာ အလုပ်တွေ လုပ်နေကြလေရဲ.။

ခင်ရွှေလှိုင် ဆက်ရေးမဲ့ POST တွေကို ဆက်ဖတ်နေရအုံးမယ်လို. မျှော်လင့်နေတဲ့ ……………………

ညီညီ
မြောက်ပိုင်းရဲဘော်ဟောင်း

(facebook)

(
ခေါင်းစဉ်ကို နှိပ်ပြီး ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် (လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲ ရဲ့ ဇနီး) ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။ )


ရန်သူ့သူလျှို ထောက်လှမ်းရေးအစစ် ၃ - ၄ ယောက်က `ကျောင်းသားကို ကျောင်းသားက သတ်တဲ့ အဖြစ်မျိုး´ အကွက်ဆင် ဖန်တီးပြီး ABSDF မြောက်ပိုင်းကို ဖြိုခွဲသွားတာပါ။


ရဲမေ ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက်၊ လူထုတော်လှန်ရေးနေ့

ညီညီ မြောက်ပိုင်းရဲဘော်ဟောင်း(facebook) ဆိုပြီး လာထည့်ထားသူကို Copy right ကို လိုက်နာတဲ့အနေနဲ့ အဲဒီစာသား ကူးလာတဲ့နေရာက လိပ်စာကို ၂၄ နာရီအတွင်း ပြန်လာထည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဘယ်ကပဲ ကူးလာကူးလာ မူရင်းရေးထားတဲ့ နေရာရှိပြီးသား နေရာက ကူးလာတာဆိုရင် လိပ်စာထည့်ပေးမှ ကျွန်မ ဘလော့ဂ်မှာ လက်ခံပါတယ်။ အဲလို မဟုတ်ရင် ဘယ်သူမဆို တခုခု ရေးပြီး သူများနာမည်တပ်လိုက်လို့ ရသလို၊ သူများရေးတဲ့စာသားကိုလည်း ကိုယ်ရေးထားသလိုလို လုပ်လို့ရနိုင်တဲ့အတွက် Copy right ကို အထူးလေးစားဖို့ လိုအပ်ပါတယ်။

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၂)

March 28, 2012

မြောက်ပိုင်းရဲ့ နိဒါန်းအစ

မြောက်ပိုင်းဟာ ရှစ်လေးလုံးနောက်ပိုင်း တက်လာခဲ့တဲ့ ဗန်းမော်အုပ်စု၊ မြစ်ကြီးနားအုပ်စု၊ မိုးကောင်းအုပ်စု၊ မိုးညှင်းအုပ်စု ကော်လင်းဝန်သို၊ စစ်ကိုင်းအုပ်စု စတဲ့ ဒေသခံကျောင်းသားတွေစုဆုံရင်း ဖြစ်တည်လာတဲ့ အဖွဲ့အစည်းတခုပါ။ အုပ်စု တွေကို ဦးဆောင်လာခဲ့ကြသူတွေကတော့ ထုံးစံအတိုင်း ကျောင်းသားအရွယ်ကို ကျော်လွန်နေပြီဖြစ်တဲ့ လုပ်ငန်းခွင်ပိုင်း က လူကြီးတွေပါပဲ။ အုပ်စုတစုစီမှာကို ဦးဆောင်လာတဲ့လူကြီးတွေကြား ပုံသ္ဂန်ချင်းလည်းမတူ အမြင်ချင်းလည်းမတူ ကွဲ ပြာခြားနားမှုတွေ ရှိခဲ့ကြတဲ့အတွက် အုပ်စုတစုစီအတွင်းမှာရော အုပ်စုလိုက်အနေနဲ့ရော နေရာလုပွဲတွေ ရှိခဲ့ကြတယ်။ ယူဂျီလမ်းကြောင်း ပွင့်ပြီးတဲ့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မုံရွာ၊ ရေကျပ်ဘို ကျောင်းသားတွေ တဖြေးဖြေး ၀င်ရောက် လာခဲ့ကြတယ်။

ဒေသခံကျောင်းသားဦးရေ တော်တော်များများပါဝင်တဲ့ စစ်သင်တန်းအပတ်စဉ် (၄) အထိ ပြဿနာအကြီးကြီးမားမား မ ရှိခဲ့ပေမဲ့ နန်းအောင်ထွေးကြည်နဲ့ အတူတူလာခဲ့တဲ့ တိုက်ပိတ် (ဒေါ်အောင်ဆန်းဆုကြည် ခြံထဲမှာ အမြဲလာရှုပ်ပြီး၊ ဖွဖွနေ လို့ ခြံလုံခြုံရေးတာဝန်ကျသူတွေက မသင်္ကာဖြစ်ပြီး ခြံထဲက တိုက်ပျက်ထဲကို ခေါ်စစ်ရာက တွင်ခဲ့တဲ့နာမည်) နာမည်အ ရင်းက သန်းထွန်းစိုး (မြောက်ပိုင်းမှာ သူတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဒေါ်အောင်ဆန်းဆုကြည်ထံ သွားပေးခဲ့လို့ ဒေါ် အောင်ဆန်းဆုကြည် တောတွင်းဆက်သွယ်မှုနဲ့ ပထမဆုံးစွပ်စွဲခံခဲ့ရသလို၊ မြောက်ပိုင်းရဲ့ တောတွင်းဓါတ်ပုံတွေကို မျက် ခင်းသစ်မှာ ဖော်ပြနိုင်အောင် ပထမဆုံး ဖန်တီးပေးခဲ့သူ။ ကိုသံချောင်းနဲ့ ရဲဘော်တွေ တိုက်ပွဲဝင်ရင်း အဖမ်းခံရစဉ်က အ စိုးရဘက်တော်သားလုပ်ခဲ့သူ) နဲ့ သူခေါ်လာခဲ့တဲ့ ရန်ကုန်၊ ပဲခူး၊ မြို့ပြကျောင်းသားတွေ အတော်များများပါဝင်ခဲ့တဲ့ စစ် သင်တန်းအပတ်စဉ် (၅) မှာမှ သင်တန်းသားတွေကြား အုပ်ချုပ်သူတွေအပေါ် ဆူပူမှုတွေ မကျေနပ်မှုတွေ စတင်ဖြစ်ပွား လာခဲ့တယ်။ ရဲဘော်ရဲမေတွေ အားလုံးကို ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ ရွေးကောက်ပွဲတွေ ပြန်လုပ်ခဲ့ ကြတယ်။

အဲဒီရွေးကောက်ပွဲကနေ ရန်ကုန် မန္တလေးက ကျောင်းသားတွေ အတော်များများ နေရာရလာကြတယ်။ ရွေးကောက်ပွဲပြီး မှ ကိုထွန်းအောင်ကျော်။ ကိုအောင်နိုင်။ ကိုစိုးလင်းတို့ နောင်ရာပါမှာ စစ်သင်တန်း အပတ်စဉ် (၆) ကို တက်ခဲ့ကြတယ်၊ ကျမ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းကနေ မြောက်ပိုင်းကချင်ကို ရောက်လာချိန်မှာ အပတ်စဉ် (၆) သင်တန်းပြီး ခါနီးချိန်ဖြစ်လို့ နောင်ရာပါမှာလုပ်တဲ့ ကိုထွန်းအောင်ကျော်တို့ရဲ့ သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တယ်။ စစ်သင်တန်း ဆင်းပြီးချိန်၊ ရှေ့တန်းစခန်းအသီးသီးက ရဲဘော်ရဲမေတွေ တဖွဲဖွဲပြန်ရောက်လာကြပြီးနောက် ရွေးကောက်ခံရသူ ဗဟို ကော်မတီဝင်အချင်းချင်း ပြန်လည်ရွေးချယ် နေရာချထားခြင်းအားဖြင့် (၁၉၉၀ ၁၉၉၁) ကျောင်းသားတပ်မတော် (မြန်မာ ပြည်မြောက်ပိုင်း) ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ ဒါကို စစ်ရုံးမှာ မှတ်တမ်းလိုက်ယူခဲ့ရတဲ့ထဲမှာ ကျမ ကိုယ်တိုင်ပါခဲ့တဲ့အ တွက် အဲဒီအချိန်ထိ သူတို့ကြားမှာ ပြဿနာတစုံတရာမရှိ အားလုံးပျော်ပျော်ရွင်ရွင် တက်တက်ကြွကြွ ကျေကျေနပ်နပ်ပဲ ပြောဆို ဆွေးနွေးခဲ့ကြတာကို ကျမ တွေ့မြင်ခဲ့ရသလို၊ အဲဒီအချိန်တုန်းကပါဝင်ခဲ့တဲ့ ဗဟိုကော်မတီတွေ ကိုယ်တိုင်လည်း သိပါလိမ့်မယ်။

.
ရဲဘော်ရဲမေတွေ အနေအထား

“တော်လှန်ရေး” ဆိုတဲ့ စကားလုံးလေးက သုံးလုံးလေးပဲရှိပါတယ်။ ဒါပေမဲ့ တဆင့်ပြီးတဆင့် စာမေးပွဲစစ်သလို အမျိုးမျိုး သော စစ်ဆေးစမ်းသပ်စိန်ခေါ်ဆွဲဆောင်မှုတွေကို မကျော်ဖြတ်နိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားပါလို့ ဘယ် သူမှ မပြောရဲအောင် သူ့ပင်ကိုယ်သဘာဝအရကို အစွမ်းသတ္တိရှိနေပြီးသား စကားလုံးလေးပါ။

“တောခိုတယ်” ဆိုတဲ့ စကားလုံးလေးကလည်း သုံးလုံးပဲရှိသလို တောင်တက်တယ်ဆိုတဲ့ စကားလုံးလေးကလည်း သုံး လုံးလေး ပါပဲ၊ ဒါပေမဲ့ မြို့ပြကလာခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဒီစကားလေးသုံးလုံး နောက်ကွယ်က စစ်ဆေး စမ်းသပ်စိန်ခေါ်မှု အမျိုးမျိုး အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရတာပါ။

မြောက်ပိုင်းမှာ မြို့ပြကလာတဲ့ ရဲဘော်ရဲမေအများစုဟာ ကိုယ့်ရဲ့ခံနိုင်ရည်နဲ့ ပါလာတဲ့အရည်အချင်းလေးတွေအရ စစ်ရုံး။ ကော်မတီရုံး၊ ဆေးတပ်၊ စက်တပ်နဲ့ နောက်ပိုင်းထောက်ပံ့ရေး၊ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေ၊ စခန်းရုံး၊ ဂိတ်စောင့် ကင်း စောင့်၊ အဆောက်အဦဆောက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ အနည်းစုလောက်သာ ရှေ့တန်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတယ်။

ဒေသခံကျောင်းသား အများစုကတော့ သူတို့ရဲ့ ခံနိုင်ရည်နဲ့ နယ်မြေကျွမ်းကျင်မှု၊ တောတောင်တွေနဲ့ရင်းနှီးပြီး လုပ်တတ် ကိုင်တတ် ရှာဖွေစားသောက်တတ်ပြီးသားအပေါ် မူတည်ပြီး ရှေ့တန်းထွက်တိုက်ခိုက်တဲ့ ရဲဘော်တွေ ဖြစ်လာတယ်။ အဲဒီ ရဲဘော်တွေကြားမှာမှ တိုက်ရဲခိုက်ရဲရှိပြီး အမြဲလျှင်မြန်ဖြတ်လတ်တက်ကြွနေတဲ့ ရဲဘော်တွေက ကွန်မန်ဒိုရဲဘော်တွေ ဖြစ် လာတယ်။

ကျမဟာ နောက်တန်းရုံးတွေမှာ လုပ်ကိုင်နေတဲ့ရဲဘော်တွေကြားမှာ ကျင်လည်နေထိုင်ခဲ့သူတဦးဖြစ်သလို ဒီ ရဲဘော်တွေ နဲ့အတူ ရှေ့တန်းလည်း ထွက်ခဲ့ဖူးသူတဦးဖြစ်လို့ ရှေ့တန်းမှာ သူတို့အောက်က ရဲဘော်ရဲမေ အငယ်တွေကို ရန်သူကို တိုက်နေရင်း တဘက်နဲ့ သူတို့ဘယ်လို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတယ်ဆိုတာကိုလည်း ကိုယ်တိုင် ခံစားဖူးခဲ့ပါ တယ်။

ဒေသခံ ကျောင်းသားတွေက ရန်ကုန်၊ မန္တလေးကျောင်းသားတွေကို ငပျင်းတွေလို့ မြင်တယ်။ ရန်ကုန်၊ မန္တလေးကျောင်း သားတွေကလည်း သေရင်တောင် လေတော့မလျော့ထဲကဆိုတော့ “မင်းတို့ ၀ါးအလုံးတရာကို တနာရီ ခုတ်နိုင်ရင် ငါတို့ နှစ်နာရီ သုံးနာရီ ခုတ်လို့ရပေမဲ့ ငါတို့ရေးတဲ့ စာတကြောင်းကို မင်းတို့ တနှစ်လည်းမရေးနိုင်ဘူး၊ နှစ်နှစ်လည်း မရေးနိုင် ဘူးလို့ ဆိုတတ်တယ်။ အဲဒီလို စကားလေးတွေ အောက်ခြေကရဲဘော်တွေကြား တခါတလေ အငြင်းအခုန်ရှိကြတာက လွဲလို့ သူအလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် ရှိနေကြတာမို့ ရဲဘော်ရဲမေတွေ ကြားမှာလည်း ပြဿနာရယ်လို့ ကြီးကြီး ကျယ်ကျယ် လက်ညှိုးထိုးပြစရာ မရှိခဲ့သလို တွေ့လည်းမတွေ့မိခဲ့ဘူး။

.
ဦးဆောင်သူများနဲ့ ရဲဘော်ရဲမေတွေ အခြေအနေ

သေချာတာကတော့ မြောက်ပိုင်းက ရဲဘော်ရဲမေတွေကို အပြန်အလှန်နားလည်မှုနဲ့ အထက်အောက် အမိန့်နာခံတတ်သူ တွေ ဖြစ်လာအောင် စည်းကမ်းချက်တွေ တမျိုးပြီးတမျိုး ပြဋ္ဌာန်းပြီး ပုံသွင်းယူနိုင်ခဲ့ကြတယ်။ ရှေ့တန်းမှာလည်း ရှေ့တန်း အလျှောက် နောက်တန်းမှာလည်း နောက်တန်းအလျှောက် စနေ၊ တနင်္ဂနွေကလွဲရင် မနက် (၆) နာရီ အလံတင်ချိန် က စပြီး ညနေ (၄) နာရီ အလံချချိန်ထိ အားလုံးဟာ ယူနီဖောင်းကိုယ်စီ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီ (အနည်းဆုံး မြေ ပေါက် မြေညှိ၊ ၀ါးခုတ်၊ တိုင်ခုတ်၊ ထင်းဖြတ်၊ ထမ်းကြသယ်ကြ၊ အဆောက်အဦတွေဆောက်၊ ရိက္ခာရှာ) တွေနဲ့ပါ။

ဦးဆောင်တဲ့သူတွေဟာ အပြောသမားသက်သက် အခွင့်အရေးခံစားနေသူတွေသက်သက် အာဏာရူးနေတဲ့လူတွေသက် သက် ဖြစ်နေလို့ကတော့ ဘယ်လိုနည်းနဲ့မှ ဒီလိုပုံစံတကျ ဖြစ်အောင် မဖော်နိုင်ပါဘူး။ သူတို့ပြောတဲ့အတိုင်း သူတို့ကိုယ် တိုင်လည်း လုပ်ခဲ့တဲ့သူတွေဖြစ်လို့ ရဲဘော်ရဲမေတွေ အားလုံးကလည်း သူတို့နဲ့အတူ လိုက်ပါခဲ့ကြတာပါ။ ဒီခေါင်းဆောင် တွေ သူတို့ရဲ့ ရဲဘော်ရဲမေတွေအပေါ် ဘယ်လိုသဘောထားခဲ့ ဆက်ဆံခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်သိမြင် ခံစားခဲ့ဖူး သလို ဗဟိုကော်မတီ ၀င်တွေဖြစ်တဲ့ ကိုညီညီကျော်၊ ကိုရဲလင်းတို့ကအစ အဖမ်းခံရတဲ့ထဲမှာပါဝင်ခဲ့တဲ့ အောက်ခြေ ရဲ ဘော် ရဲမေတွေအဆုံး ဒီအဖြစ်အပျက်တွေ မဖြစ်သေးခင်ထိ ဒီခေါင်းဆောင်တွေ သူတို့ရဲ့ရဲဘော်ရဲမေတွေဖြစ်တဲ့ သူတို့ တွေအပေါ် ဘယ်လိုသဘောထားခဲ့ကြတယ်၊ ဘယ်လိုတွေ ဆက်ဆံခဲ့ကြတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း သိနား လည်နေကြလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဘိုဘို၊ ကျော်ခိုင်ဝင်း၊ ၀ဏ္ဏဇော်၊ နန်းစော၊ အီးတီ၊ ထက်ထက်၊ အန်း၊ သင်း သင်း တို့ဆိုတာ လူကြီးတွေအားလုံးက သာမက ရဲဘော်ရဲမေတွေအားလုံးကပါ ၀ိုင်းချစ်တာကို ခံခဲ့ရတဲ့ ရဲဘော်ရဲမေ အ ငယ်တွေပါ။

၁၃ နှစ်ကျော်အရွယ်နဲ့ တောထဲရောက်လာခဲ့တဲ့ သင်းသင်းကို ရွှေလီနယ်စပ်မှာကတည်းက သေချာစဉ်းစားအုံး ဒီနေရာ ကနေ လှည့်ပြန်လို့ရသေးတယ်။ တောထဲရောက်မှ ပြန်လို့မရတော့ဘူးလို့ အတန်တန် သတိပေးခဲ့တဲ့ကြားက ဆုံးဖြတ်ပြီး ပြီ သွားမယ်ဆိုလို့ နောက်တန်းဗဟိုကို ရောက်လာခဲ့တဲ့ သင်းသင်း။ ရေခဲတဲ့အထိ ခိုက်ခိုက်တုန်အောင် ချမ်းအေးတဲ့ ရာ သီဥတုအောက်မှာ အနွေးထည်ဖားဖားကြီးကြီးကို လက်ဖျားတွေဖုံးအောင် အတင်းစွဲဝတ်ထားရင်း နှာရည်တွေတရှုပ်ရှုပ် တငိုငိုတရီရီနဲ့ ပြန်ချင်တယ်ပြောလာတာကိုကြည့်ပြီး ဒီလိုအရွယ်ကလေးတွေ ဒီလိုတောထဲ ရောက်လာခဲ့ရတာကို သူ တော်တော် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း မြောက်ပိုင်းကို ကျမ စရောက်လာတဲ့အချိန်က ပြောပြခဲ့သူက ကိုမျိုးဝင်းပါ။

လုပ်တဲ့သူနဲ့ ခံရသူ နာကျည်းချက်တွေနဲ့ "ကို" တောင် တတ်မခေါ်နိုင်ကြတော့တဲ့အဖြစ်၊ စိတ်မကောင်းပါဘူး၊ ဒါတွေကို အ ကြားနဲ့ နားထောင်ရသူတွေအတွက်တော့ ကျမတို့ငယ်ငယ်က သတင်းစာတွေထဲမှာ လူတွေကို ရက်ရက်စက်စက် ဘက် နက်နဲ့ ထိုးသတ်နေတဲ့ ဗိုလ်မြဆိုပြီး ပုံနဲ့တကွ သူပုန်တွေ ရွာတွေကိုမီးရှို့တာတွေ၊ လူသတ်တာတွေ၊ မုဒိန်းကျင့်တာတွေ သတင်းစာတွေထဲမှာ လူကြီးတွေပြောတာ တွေ့ရကြားရတာနဲ့ “သူပုန်ဆိုတာ မမြင်ဖူးပဲနဲ့တောင် ကျမတို့အတွေးနဲ့ ကြောက်နေခဲ့ကြသလို ဖြစ်နေကြမှာပါ။

.
ကိုယ့်ကိုအုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က လူတွေကိုအစုလိုက်အပုံလိုက် သေနတ်နဲ့ပစ်သတ်။ အသက်ရှူကြပ်ပြီး မွန်း သေကြတဲ့အထိ အချုပ်ကားတွေထဲ အတင်းတွန်းသိပ်ထည့်။ မသေမရှင်ကော သေပြီးသားတွေရော စစ်ကားကြီးတွေပေါ် အကုန်ကောက်တင်၊ ထောင်မရောက် တောမရောက် သဂြုင်္ိစက်မရောက် ပျောက်တဲ့သူတွေကပျောက်၊ မီးသဂြုင်္ိလ်စက် ကနေ မီးခိုးတွေ တလူလူ အဆက်မပြတ်ထွက်လာခဲ့ချိန်က ကျမတို့တတွေ “သူပုန်” ဆိုတာကိုတောင် ကြောက်ရကောင်း မှန်း မသိကြတော့ဘဲ ကိုယ်တိုင် “သူပုန်” တွေ ဖြစ်ခဲ့ရတယ်။ လောကကြီးကပဲ ဆန်းကြယ်နေသလား။ လူတွေကပဲ ဖန် တီးယူခဲ့ကြသလား မစဉ်းစားနိုင်သေးပါဘူး။

ရက်စက်ကြမ်းကြုပ်တဲ့ လူသတ်သမားလို့ အစိုးရက၀ါဒဖြန့်နေတဲ့ ဗိုလ်ချုပ်ကြီးစောဗိုလ်မြကို တောထဲမှာလည်းတွေ့ရော ကလိမ်ကကျစ်မရှိ ရိုးရိုးနဲ့ရှင်းရှင်း ဗြောင်ပြောတတ်လုပ်တတ်သလို ကျောင်းသားတွေအပေါ်မှာ သားသမီးနဲ့မခြား သ ဘောထားဆက်ဆံတာတွေ တွေ့ရတော့ ကျောင်းသားတွေကပဲ နာမည်ပြန်မှည့် ပေးခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ အ ချစ်တော် အောင်ထွန်းလေး (ကလေးသရုပ်ဆောင်) တဲ့၊ ဖြစ်တတ်တဲ့သဘောလေးကို သတိရမိလို့ပါ။

ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ဦးဆောင်သူတွေနဲ့ ရဲဘော်ရဲမေတွေအားလုံး စည်းစည်းရုံးရုံးပျော်ပျော်ရွင်ရွင်နဲ့ အရာအားလုံးဟာ တက်ကြွပြီး အားမာန်အပြည့်ဖြစ်နေကြတဲ့ အချိန်ပါ။ ဥက္ကဋ္ဌ ထွန်းအောင်ကျော်က နောက်တန်းဗဟိုနဲ့ မဟာမိတ်ဆက်ဆံရေးကို တာဝန်ယူထားတယ်။ ရဲဘော်သံချောင်း၊ ရဲဘော်အောင်နိုင် ဦးဆောင်ပြီး စည်းရုံးရေးစစ် ကြောင်းအနေနဲ့ ဗန်းမော်ရင်းတ၀ိုက်က ရွာတွေမှာ တရွာပြီးတရွာ လယ်ကွင်းတွေ တကွင်းပြီးတကွင်း ရွာသားတွေကို စပါးတွေကူရိတ်ပေးတဲ့ ရဲဘော် ရဲမေတွေက ရိတ်ပေးကြ၊ ဆေးကုပေးတဲ့ သူတွေက ကုပေး၊ ၀ါဒဖြန့်ချိရေးအဖွဲ့က ရဲဘော် ရဲမေတွေကလည်း ကျောင်းသားတပ်မတော်သီချင်းတွေ သီကုံးရေးသားစပ်ဆိုရင်း တခွေပြီးတခွေ တရုတ်ပြည် ‘ရင်ကြမ်း’ မှာ ထုတ်နိုင်ခဲ့ကြသလို ကျောင်းသားတပ်မတော်သီချင်းတွေ တပုဒ်ပြီးတပုဒ် သီဆိုဖျော်ဖြေပေးကြနဲ့ ရွာသားတွေကော ကလေးတွေပါ ပါဝင်ခဲ့တဲ့ ရဲဘော်ရဲမေတွေနဲ့အတူ ကျေနပ်ပျော်ရွင်နေကြတဲ့ အချိန်ကာလလေးပါ။ ခရိုင်မှူးတွေနဲ့ ရဲဘော် ရဲမေတချို့ ရွာသားတွေရဲ့ လယ်အလုပ်ကို တဘက်ကကူရင်း ရွာသားတွေကြားမှာ မြှုပ်နှံနေထိုင်ရင်းနဲ့ စည်းရုံးရေး လုပ် ငန်းတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တဲ့အတွက် ဗန်းမော်ခရိုင်ရဲ့တချို့ရွာတွေမှာ ပြည်သူ့စစ်တောင် ဖွဲ့ နိုင်ခဲ့ကြပါတယ်။

ဒုစစ်ဦးစီးချုပ် (VCS) ရဲဘော်မျိုးဝင်း ဦးဆောင်ပြီး မိုးညှင်း ရင်း (၅) ဘက်မှာ ရဲဘော်တွေနဲ့ စစ်ကြောင်းတကြောင်း၊ စစ်ဦး စီးချုပ် (CS) ရဲဘော်သံချောင်း ဦးဆောင်ပြီး ဗန်းမော်ရင်းဘက်မှာ ရဲဘော်ရဲမေတွေနဲ့အတူ စစ်ကြောင်းတကြောင်း၊ စစ် ကြောင်းနှစ်ကြောင်း အပြိုင်ထွက်ပြီး “မင်းတို့ သေနတ် ဘယ်နှစ်လက်ရပြီလဲ ငါတို့ဘယ် နှစ်လက်ရပြီ” နဲ့ စကားပြောစက် ကတဆင့် တဘက်ကိုတဘက် မခံချင်အောင်ပြောရင်း အပြိုင်အဆိုင် တိုက်နေကြတဲ့အချိန်။ ရန်သူ့ဘက်က စစ်ဗိုလ် တ ယောက်ကျဆုံးပြီး (ကျန်ရစ်ခဲ့တဲ့ အဲဒီစစ်ဗိုလ်ရဲ့ ကျောပိုးအိတ်ထဲက ရွှေတိဂုံဘုရားပုံ၊ မိဘနှစ်ပါးပုံ၊ ချစ်သူပုံနဲ့ သိမ်းထား တဲ့ စာလေးတွေ ကျမတို့ ရဲမေတစု ဖတ်ကြည့်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ စစ်ရဲ့ခါးသီးမှုနဲ့ စစ်အစိုးရကို ပိုပြီး အော့နှလုံးနာမိ ပါသေးတယ်) ရန်သူ့တပ်သားတွေအများအပြား ဒဏ်ရာရခဲ့ လက်နက်တွေရခဲ့သလို ကျမတို့ဘက်မှာ လည်း ရဲဘော်သံချောင်း ဟာ မိုးညှင်းတိုက်ပွဲမှာ မျက်လုံးတဘက်။ မြစ်ကြီးနားဘက်မှာ ရွာထဲ ရန်သူတွေရောက်နေမှန်း မသိ ကိုယ့်လူတွေမှတ်လို့ အိမ်ထဲဇွတ်ဝင်သွားတာ ကံကောင်းလို့မသေနဲ့ ဒီဗန်းမော်တိုက်ပွဲမှာ လက်တဘက်ပေးခဲ့ရပြီး လက်ရှိမှာလည်း တိုက်ပွဲဝင်ရင်း ရဲဘော်တွေနဲ့အတူ အဖမ်းခံခဲ့ရလို့ သေဒဏ်အထပ်ထပ်ကျခံနေရဆဲနဲ့ ရဲဘော်တချို့ ဒဏ်ရာရခဲ့ကြတယ်။

အရှင်ဖမ်းမိတဲ့ ရန်သူ့တပ်သားတယောက်ကိုတော့ ဗန်းမော်ရင်းမှာပဲခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွတ်ပေးခဲ့တယ်။ “သောင်းကျန်းသူတွေ လက်ထဲရောက်လို့ကတော့ ခေါင်းဖြတ်ခံရမယ်၊ သူပုန်တွေဆိုတာ လူသား တောင် စားတယ်” လို့ ၀ါဒဖြန့်ခံထားရတဲ့ အဲဒီတပ်သားဟာ တောထဲမှာ သူနဲ့ရွယ်တူ ကျောင်းသား ရဲဘော်ရဲမေတွေကို တွေ့လိုက်တော့ အတော်လေးအံ့သြသွားခဲ့တယ်။ သူ့ကို နားလည်မှုနဲ့ နွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့ ကျောင်းသား ရဲ ဘော်ရဲမေတွေအတွက် သူပြန်ခါနီးမှာ ကဗျာလေးတပုဒ် ရေးသွားပေးခဲ့တယ်။

.
ရှေ့တန်းစခန်းအသီးသီးက ရဲဘော်တွေရဲမေတွေတဖွဲဖွဲ နောက်တန်းဗဟိုကို ပြန်ရောက်လာချိန်

ရှေ့တန်းပြန်ကြိုဆိုပွဲတွေ၊ ရဲဘော်ရဲမေတွေအချင်းချင်း ပြန်လည်တွေ့ကြစုံကြ၊ အလွမ်းတွေသယ်ကြ၊ အားလုံးစုံစုံညီညီ တက်တက်ကြွကြွနဲ့ ပျော်ရွင်ခဲ့ကြပြီး ရှစ်လေးလုံးအခမ်းအနားကို အကြီးအကျယ် ကျင်းပပြီးကြတဲ့နောက်မှာပဲ။

(အဲဒီလို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပြီး ၁၉၉၁ ရှစ်လေးလုံးအခမ်းအနားပြီး နောက်ပိုင်းမှာတော့ စည်းရုံးညီညွတ်မှု ပြိုကွဲပြီး သံသယကိုယ်စီဖြစ်နေကြတဲ့ အချိန်မှာပဲ ဗန်းမော်ရင်းဟာ အကြီးအကျယ် ထိုးစစ်ဆင်တာခံခဲ့ရတဲ့အတွက် အ ဖမ်းခံထားရသူတွေထဲက မလိုက်နိုင်တဲ့ ရဲဘော်ဝင်းနောင် (ရန်ကုန်၊ သင်တန်းဆရာ) ကို သတ်ခဲ့ရပြီး ကျန်လူတွေကို အ ခက်အခဲအမျိုးမျိုးကြားကနေ ဗဟိုအရောက် ခေါ်လာခဲ့ကြရတယ်။ ဗန်းမော်ရင်းကတော့ ရန်သူ့လက်ထဲကျ ရောက်သွား ခဲ့ရတယ်။ တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ)

.
(၂)

ဦးဆောင်သူ အချင်းချင်းကြားက ပါဝါ

ဥက္ကဋ္ဌ ရဲဘော်ထွန်းအောင်ကျော်၊ အတွင်းရေးမှူး ရဲဘော်အောင်နိုင်တို့က အစကတည်းက တိုက်ရေးခိုက်ရေးထက် နိုင်ငံ ရေး၊ စည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေး၊ ယူဂျီလုပ်ငန်းတွေဘက်ကို ပိုအားသာတဲ့သူတွေဖြစ်လို့ သူတို့လုပ်ချင်တာကို သူ တို့ လုပ်ကိုင်ခွင့်ရရှိနေတဲ့ အနေအထားမျိုးမှာ တိုက်ခိုက်ရေးကို ဦးဆောင်နေတဲ့ ရဲဘော်သံချောင်း၊ ရဲဘော်မျိုးဝင်းတို့ အ ပေါ် ပြဿနာတစုံတရာ မရှိနိုင်သလို၊ စစ်ဦးစီးချုပ် ရဲဘော်သံချောင်းနဲ့ ဒုစစ်ဦးစီးချုပ် ရဲဘော်မျိုးဝင်းတို့ကလည်း အစက တည်းက နိုင်ငံရေး၊ စည်းရုံးရေးတွေ သိပ်စိတ်ဝင်စားသူတွေမဟုတ် တိုက်ဖို့ခိုက်ဖို့လောက်ပဲ စိတ်ဝင်စားသူတွေ။ သူတို့ လုပ်ချင်တဲ့အလုပ်ကို သူတို့လုပ်နေရတဲ့အပြင် လက်နက်ကိုင်တပ်ကို အဓိကထားတဲ့အဖွဲ့ဖြစ်တာကြောင့် စစ်ရေးနဲ့ပတ် သက်တဲ့ အမြင့်ဆုံးအာဏာတွေကို ရရှိထားပြီး ရဲဘော်တွေကို လက်တွေ့ဦးဆောင်မှုပေးနေရတဲ့ အနေအထားမျိုးမှာ ရဲဘော်တွေကြား သြဇာအာဏာ ရှိနေပြီးသားဖြစ်တဲ့အတွက် ရဲဘော်ထွန်းအောင်ကျော်၊ ရဲဘော်အောင်နိုင်တို့ ဥက္ကဋ္ဌ၊ အ တွင်းရေးမှူးလုပ်နေတဲ့အပေါ် တစုံတရာ ပြဿနာရှိနေစရာ အကြောင်းမရှိသလို (၁၉၉၀ – ၁၉၉၁) ကျောင်းသားတပ်မ တော် (မြန်မာပြည်မြောက်ပိုင်း) ဗဟိုကော်မတီ ဖွဲ့စည်းပုံအရလည်း ပြဿနာမရှိခဲ့ပါဘူး။

ဒီအနေအထားအထိတော့ ဘာအရောင်အသွေးမှ မစွန်းထင်းခဲ့သေးတဲ့ ကျောင်းသားတပ်မတော်ပါပဲ။ ဒါပေမဲ့ အဲဒီခေါင်း ဆောင်တွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ လူတစုက တစုံတခုသောရည်ရွယ်ချက်အတွက် ABSDF(မြန်မာပြည်မြောက်ပိုင်း) ကို ABSDF (အထက်ဗမာပြည်) အဖြစ် ပြောင်းလဲနိုင်ဖို့ မြောက်ပိုင်းဗဟိုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ကြမယ် ဆိုရင်တော့ အဲဒီအရာသာလျှင် ပြဿနာရဲ့အရင်းခံ ဖြစ်လာမှာတော့ မုချမလွဲပါပဲ၊ ဒီအရိပ်အခြေတွေကို သိရှိနားလည်နေတဲ့ ယူဂျီ လမ်းကြောင်းကို စီးထားနိုင်တဲ့ ရန်သူ့သူလျှိုတစုကလည်း ဒီဟနေတဲ့အရာကိုအသုံးချပြီး လက်ဦးမှုယူ ဖြိုခွဲဖို့အတွက် ကြို တင်ပြင်ဆင်မှုတွေ ရှိနေပြီးသား ဖြစ်နိုင်ပါတယ်။

ဘာကြောင့် ကျမ ဒီလိုယူဆခဲ့ရတာလဲ။ ဘယ်သူမှ မငြင်းနိုင်တာက ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ခေါင်း ဆောင်တွေနဲ့ ရဲဘော်ရဲမေတွေအားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ်နဲ့ အားမာန်အပြည့်ဖြစ်နေကြတဲ့အချိန် မိုး ညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊ လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊ ၀ါဒဖြန့်ချီရေးအနေနဲ့လည်း အအောင်မြင်ဆုံး အချိန်၊ စစ်ချီတဲ့ အခမ်းအနားတွေမှာတောင် ဘင်ခရာအဖွဲ့တွေ ဖွဲ့ထားနိုင် ရဲဘော်ရဲမေတွေကို တက်ကြွ မှုတွေ မြှင့်ပေးနိုင်တဲ့ အချိန်။

(ဆက်ရန်)

ခင်ရွှေလှိုင်

မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

.
အသိပေးချက်…

တော်လှန်ရေးတလျှောက်လုံး ရိုးသားစွာနဲ့ ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ကျမ ချစ်ခင်လေးစားတဲ့ မြောက်ပိုင်း က ရဲဘော်ရဲမေ အားလုံးအတွက် ကျမပါဝင်ခဲ့ရတဲ့ အခန်းကဏ္ဍကနေ ကျမရဲ့ ထင်မြင်ယူဆချက်တွေကို အပွင့်လင်းဆုံး ချပြခဲ့တာပါ။

ဘယ်တုန်းကမှ ဘယ်သူက ကျနော်သူလျှိုပါလို့ ဖွင့်ပြောပြခဲ့တာမျိုး ထုံးစံမရှိတဲ့အပေါ် အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေသူတွေကိုယ်တိုင် တရားခံအစစ်ကို မဖော်ထုတ်ဘဲ သူလျှိုတွေကို ထွက်ပေါက်အသင့်ပေးထားတဲ့ အစက တည်းက ဖန်တီးထားခဲ့ပြီးသား ကျောင်းသားက ကျောင်းသားကိုသတ်တယ်ဆိုတဲ့ လိုင်းပေါ်မှာပဲ တစိုက်မတ်မတ်သွား နေတာကိုက ရိုးသားမှုမရှိဘူးလို့ ကျမ ယူဆတယ်။

အစီစဉ်ရှိရှိကို ထိုးကျွေးတာခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့အတွက် ကျမအနေနဲ့ ရန်သူ့သူလျှို လုံးဝမပါဘူးဆိုတာ လက်မခံနိုင်ပါ။ ရန်သူ့သူလျှို မပါတာသေချာခဲ့ရင် ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန် တို့ နာမည်တွေလည်း ထောက်လှမ်းရေးစာရင်းမှာ ပါနေစရာအကြောင်းမရှိပါ။

ဒါကြောင့် ပါဝင်ခဲ့တဲ့ လူမှန်ရဲဘော်တွေအားလုံး ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ပြန်လည်စဉ်းစားသုံးသပ်နိုင် အောင် ဖြစ်နိုင်ချေရှိတဲ့ လူတချို့ကို မချပြရင် မမြင်နိုင်တဲ့ အနေအထားတွေမှာ ရှိနေကြလို့ နာမည်နဲ့တကွ ချပြခဲ့တာပါ။ အဲဒီအတွက် တချိန်ချိန်မှာ စုံရှင်းရရင်လည်း ကျမ ရှင်းမယ်။ ပြန်တောင်းပန်သင့်တဲ့ အနေအထားမျိုးမှာ အမှန်တကယ်ရှိ နေရင်လည်း အဲဒီလူတွေကို လူကိုယ်တိုင်သွားပြီး ကျမပြန်တောင်းပန်မယ်။

လက်ရှိအနေအထားမှာတော့ ဖြစ်ပျက်ခဲ့ပုံတွေကို ပြန်စဉ်းစားပြီး ဖြစ်နိုင်ချေရှိတဲ့ ကျမရဲ့အမြင် ကျမရဲ့ထင်မြင်ယူဆချက် ကို ကျမရေးတာဖြစ်လို့ အဲဒီအပေါ်မှာ ပြန်ပြီးဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လိုအကြောင်းအချက်မျိုးကိုမှ ကျမ အနေနဲ့ တုန့်ပြန်ဖြေရှင်းနေတာမျိုးတွေ လုံးဝပြုလုပ်မှာမဟုတ်ဘူး ဆိုတာကိုတော့ ဖတ်ရှုသူတွေကို အသိပေးချင်ပါတယ်။

ရဲဘော် ထွန်းအောင်ကျော်နဲ့တကွ မဟုတ်ဘဲနဲ့ အဖမ်းအဆီးခံခဲ့ရတဲ့ ရဲဘော်များနဲ့ အမှန်တရားအတွက် ကျမ တာဝန်ရှိ တယ်ထင်တဲ့ ကျမအပိုင်းကနေ ကျမ ချပြခဲ့ပြီးဖြစ်လို့ ကျန်အပိုင်းကိုတော့ ကိုယ့်ကိုယ်ပိုင်ဦးနှောက်တွေကိုသာ အသုံးပြု ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ဆက်ပြီး ဆင်ခြင်သုံးသပ်ကြပါကုန်။

(နေ့သစ် http://www.naytthit.net/?p=25892 မှ ကူးယူ ဖော်ပြပါတယ်။)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး ((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၂) )) ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

မငယ်နိုင်

မငယ်နိုင် မေးထားတဲ့ လိပ်စာကို ဒီမှာ ထည့်ပေးလိုက်ပါတယ်။

(( ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း ညီညီ မှ ဆောင်းပါးရှင် ခင်ရွှေလှိုင်သို. ပြန်ကြားစာ ))
စာသား ကူးလာတဲ့နေရာ (မူရင်းရေးထားတဲ့ နေရာ) က လိပ်စာက -

http://8-8-88.blogspot.de/2012/03/blog-post_8330.html


ခင်ရွှေလှိုင်သို.

ခင်ရွှေလှိုင်ကို ခင်မင်ဖူးတဲ့ ရဲဘော်ရဲမေတဦးအနေနဲ. အကြံပေးလိုတာက ဘယ်အရာကိုမှ မိမိသမိုင်းကြောင်းနဲ. ဂုဏ်သိက္ခာအတွက် တွယ်ဖက်မနေပါနဲ.။ အမှန်တရားကို တွေ.ပြီ၊ သိပြီ ဆိုတာနဲ. ရဲရဲ ဝန်ခံပြီး အဖြစ်မှန်တွေကို ဖွင့်ချပါ။

ကိုယ် အဖမ်းမခံရ... ပြီးရော ဆိုပြီး အခြားသူတွေ အဖမ်းခံနေရချိန်မှာ ဖာသိဖာသာ နေနိုင်ခဲ့တဲ့အတွက် အရှက်တရားထားပြီး မကဒတ ရဲ. ဂုဏ်သိက္ခာအတွက် ပြန်လည် ဆေးကြောခြင်း၊ မကဒတ မျက်နှာဖုံးအောက်မှာ ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကို ဖော်ထုတ်ရေး အစီအစဉ်မှာ ပါဝင်ပေးပါ။ အနည်းဆုံးတော့ ကိုယ်ရဲ. မျိုးဆက်ကလေးတွေအနေနဲ. လူ.ဘဝထဲ ရဲရဲဝံဝံနဲ. သူများတွေမျက်နှာကို ကြည့်ရဲတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။

ခင်ရွှေလှိုင်ရဲ. comment ထဲက "လူ ၅ ယောက်လောက် ဆိုရင် ဖြစ်နိုင်ပါတယ်" လို. ဆိုတော့ "ကျန်တဲ့ လူ ၁၀၀ ကျော် မတရား ဖမ်းဆီးခံခဲ့ရတာ၊ သေတဲ့သူ ၄၀ လောက်ထဲက ၃၅ ယောက်လောက်ကတော့ အပြစ်မဲ့သူတွေပါ" လို. ခင်ရွှေလှိုင် ဝန်ခံလိုက်ပြီပေါ.။ အဲဒီတော့ GOSDA ရုံးကနေပြီး နိုင်ငံရေးလုပ်သွားတဲ့ သူတဦးက မိခင်အဖွဲ. အနကလ ရဲ. ဥက္ကဌ က ဦးစီးပြီး လူသတ်ပွဲ၊ နှိပ်စက်ပွဲ လုပ်ခဲ့တာကိုတော့ လက်ပိုက်ပြီး ကြည့်နေခဲ့တာ၊ အနှစ် ၂၀ ကျော် ဘာမှ မပြောပဲ နေခဲ့တာ လိပ်ပြာသန်.ပါသလား လို. မေးချင်ပါတယ်။

နောက်ပြီး သံခဲနဲ. ပက်သက်ပြီး သူယူထားတဲ့နေရာ၊ သူမြောက်ပိုင်းနဲ. ပက်သက်ခဲ့မှုတွေအတွက် သူပြန်ပေးဆပ်ခဲ့တာက ရာဇဝတ်မှုတွေကို လက်ပိုက် ထိုင်ကြည့်ပြီး နှုတ်ပိတ်နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တောင်ပိုင်းမှာ တယောက်နဲ.တယောက် အပြစ် ပုံချပြီး ကိုယ်လွတ်ရုန်းဖို. ကြိုးစားနေတဲ့ သူတွေအကြောင်း ခင်ရွှေလှိုင် ပိုသိမှာပါ။

အမှန်ကိုမြင်ပြီး ပူးပေါင်းလာမယ်ဆိုရင် (ကိုယ်တိုင် ရာဇဝတ်မှုတွေကို ကျုးလွန်ထားတာ မရှိလို.) အားလုံးက ခွင့်လွတ်နိုင်ကြမယ် ထင်ပါတယ်။ ခင်ရွှေလှိုင် အပါအဝင် မည်သူမဆို ရာဇဝတ်မှု ဖော်ထုတ်ရေးအတွက် ပူးပေါင်းလာကြမယ်ဆိုရင် ကြိုဆိုပါတယ်။

နောက်တခါ တောင်ပိုင်းမှာ ထပ်မံ ခြိမ်းခြောက်ခြင်း ခံနေရတဲ့ ကျနော်တို.၇ဲ. သေဖော်သေဖက် ၃ ဦးကိုလည်း ခင်ရွှေလှိုင် ရဲ. ခင်ပွန်းမှတဆင့် အကာအကွယ်ပေးဖို. ပြောဆိုပေးပါ။ ရာဇဝတ်မှုအသစ်တွေ ထပ် မဖန်တီးကြပါနဲ.တော.။ များများ လုပ်ထားတဲ့သူတွေကတော့ များများ အပြစ်ခံ ရမှာ ဖြစ်ပေမဲ့ နည်းနည်းပဲ လုပ်ထားတဲ့ သူတွေကတော့ နည်းနည်းပဲ ခံရမှာဖြစ်ပြီဲး အလျှင်းသင့်ရင် ခွင့်လွတ်မှုကို ခံစားရနိုင်ပါတယ်။

မေးစရာလေး ကျန်သွားလို. မေးကြည့်ပါရစေ။ ခင်ရွှေလှိုင်က ဖြစ်ခြင်းဖြစ်ရင် စပိုင် ၅ ယောက်လောက်တော့ ရှိလိမ့်မယ် ဆိုတော့ အဲဒီ သံသယ ရှိတဲ့ စပိုင် ၅ ယောက်ရဲ. နာမည်လေးကို တဆိတ်လောက် POST မှာ တင်ပေးစမ်းပါ။ ဒီမှာ ကျန်ခဲ့တဲ့ လူ ၁၀၀ လောက်က ဝိုင်းစုံစမ်းကြ၊ စစ်ဆေးကြ လုပ်ကြပေမဲ့ အနှစ် ၂၀ ကျော်တဲ့အထိ တယောက်မှ မပေါ်လို.ပါ။

ဒါပေမဲ့ မကဒတ ထောက်လှမ်းရေးအဖွဲ.မှာ ပါခဲ့တဲ့သူတွေကတော့ မသင်္ကာစရာ လူတွေနဲ.ပေါင်း၊ မသင်္ကာစရာ အဖွဲ.တွေနဲ.ပေါင်းပြီး မသင်္ကာစရာ အလုပ်တွေ လုပ်နေကြလေရဲ.။

ခင်ရွှေလှိုင် ဆက်ရေးမဲ့ POST တွေကို ဆက်ဖတ်နေရအုံးမယ်လို. မျှော်လင့်နေတဲ့ ……………………

ညီညီ
မြောက်ပိုင်းရဲဘော်ဟောင်း

ko lin wai aung facebook မှ ကူးယူဖော်ပြသည်။


(လင်္ကာ ဘလော့ မှ ကူးယူ ဖော်ပြပါသည်။)

http://8-8-88.blogspot.de/2012/03/blog-post_8330.html

မငယ်နိုင်

ABSDF မြောက်ပိုင်း မျက်မြင်သက်သေ ((ညီညီ မှ ခင်ရွှေလှိုင်သို. ပြန်ကြားစာ)) ကို facebook မှာလဲ ဖတ်နိုင်ပါတယ်။


ABSDF မြောက်ပိုင်း မှာ အာဏာရူး လူသတ်သမား ရော်နယ်အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လဆိုင်း၊ သန်းဇော် တို့ရဲ့
လူမဆန်စွာ နှိပ်စက်မှုကို ကိုယ်တိုင် ခံခဲ့ရတဲ့
ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း ညီညီ မှ ခင်ရွှေလှိုင်သို. ပြန်ကြားစာ

ကို ဖော်ပြထားတဲ့ facebook က လိပ်စာတချို့ က အောက်ပါအတိုင်း ဖြစ်ပါတယ်။


အိုးဝေအောင် အိုးဘားမား (HitTai OwayAung) @ facebook

Posted by Baydar Lam
ခင်ရွှေလှိုင်သို.ပြန်ကြားစာ

http://www.facebook.com/oway.aung.hittai


ဘရာဇီး ငှက်ရိုး @ facebook

Posted by Baydar Lam
ခင်ရွှေလှိုင်သို.ပြန်ကြားစာ

http://www.facebook.com/profile.php?id=100001005872314

-
ရော်နယ်အောင်နိုင်ကို ပြောချင်တာက လူသားတစ်ယောက်ရဲ့ အခွင့်အရေး (၁)

ဟာဂျူလီ ကသာ
March 13

တစ်နေ့က ကိုရော်နယ်အောင်နိုင် ပြောတာလေး ဖတ်လိုက်ရပါတယ်၊ ဘာတဲ့ ''မေးမြန်းဖို့ လိုအပ်ဖို့ ခေါ်ရင် သွားမှာပါ၊ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်းဥပဒေတွေနဲ့ လွဲချော်ပြီး လုပ်ခဲ့တာ ဘာမှ မရှိပါဘူး...'' တဲ့။

ကိုရော်နယ်အောင်နိုင် ဆိုတာ ၁၉၉၂ ခုနှစ် ABSDF (မြောက်ပိုင်း) မှာ သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့ အချိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့သူပါ။ သူ့အရင် ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်ပါ။ ကိုထွန်းအောင်ကျော်ကို "ထောက်လှမ်းရေးပါ" ဆိုတဲ့ စွတ်စွဲ၊ ဖမ်းဆီး၊ ချုပ်နှောင်၊ နှိပ်စက်၊ ညှင်းပမ်းထားပြီး လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာမှာ ဝင်ရောက် တာဝန်ယူနေခဲ့တဲ့ ကိုရော်နယ်အောင်နိုင်ပါ။

ဖြစ်ကြတာက လူ ၂ဝဝ ကျော် ရှိတဲ့ ABSDF (မြောက်ပိုင်း) အဖွဲ့သားတွေထဲမှာ အဖွဲ့သား ၁ဝဝ နီးပါးကို "ထောက်လှမ်းရေးတွေပါ" ဆိုပြီး ဖမ်းဆီးပါတယ်။ ပြီးတော့ သူလျှို ဟုတ်၊ မဟုတ် ဆိုတာကို စစ်ဆေးပါတယ်။ "ထောက်လှမ်းရေး" ခေါင်းစဉ်နဲ့ ဖမ်းဆီးထားသူ အားလုံး ကို ရက်ရက်စက်စက် နှိပ်စက် ရိုက်နှက်တယ်။ အချို့ကို စအိုထဲ ဝါးလုံးထည့်ပြီး မွှေ့တယ်၊ ပြီးတော့မှ စအိုဝကို ကျဉ်စက်နဲ့ တို့တယ်။

ကသာက အားဆိုက် ဆိုရင် ဗိုက်အတွင်းထဲက ကလီစာတွေ ပုပ်ပြီး အသေဆိုးနဲ့ သေသွားရတယ်။ အချို့ကျောင်းသားတွေဆိုရင် လေးလက်မ သံချောင်းကို ခြေဖနောင့်ထဲ ရိုက်ထည့်ပြီး လမ်းလျှောက်ခိုင်းတယ်။ ကတ္တရာ အခင်းပြားတွေ မီးရှို့ပြီး ဗိုက်ပေါ်ကို အစက်ချတယ်။ အချို့တတွေကိုတော့ ဓားမြှောင် မီးကင်ပြီး ပေါင်တွေ၊ ခြေသလုံးတွေထဲ ထိုးထည့်တယ်။

တချို့ကိုများ ဆိုရင် ညအချိန်မှာ ရေခဲပြင်ထဲ ထုတ်ပြီး ဝါးစိမ်းတုတ်နဲ့ ရိုက်လိုက်တာ ဝါးလုံးစည်းတွေ မွစာကြဲကုန်လို့ ထင်းချောင်းနဲ့ ပြောင်း ရိုက်တယ်။ အဲဒီလို ရိုက်လို့ အားရမှ နှင်းခဲပြင်ထဲမှာ ထုတ်ပြီး အအေးဒဏ်ကို ခံစားစေတယ်။ နောက်တစ်နေ့ မနက်မှာ ကားစင်တင်ပြီး နေလှန်းပြန်တယ်။ ကားစင်တင်ထားတဲ့ အချိန်မှာလည်း ကြာပွတ်တွေနဲ့ တစ်နေ့လုံး အလှည့်ကျ ရိုက်တယ်။

ကျောင်းသူတစ်ဦးကို ဆိုရင် "သူမရဲ့ တန်ဆာထဲမှာ လက်နက် ဖွက်ထားတယ်" ဆိုပြီး နှိုက်ယူ စစ်ဆေးတယ်။ ဖမ်းဆီး ချုပ်နှောင်ထားချိန်မှာလည်း ညတိုင်းညတိုင်း အချုပ်ခံတွေ အားလုံးကို လက်ပြန်ကြိုးတွေ တုတ်၊ ခြေထောက်ကို ဒေါက်ခတ်ပြီး မျက်နှာကို အဝတ်မဲ စီးပြီးမှ အိပ်စေတယ်။

ဒါတင် မကသေးပါဘူး။ အနှိပ်စက်ခံ ကျောင်းသားတွေကို ကက်ဆက်လို လုပ်ပြီး နှိပ်စက်သူတွေ သီချင်း နားထောင်ချင်တဲ့အချိန် သီချင်း ဆိုခိုင်းတယ်။ ဆိုခိုင်းပုံကလည်း ကက်ဆက် ဖွင့်ချင်တယ် ဆိုရင် ညာဘက်ပါးကို ရိုက်လိုက်တယ်။ ဒီတော့ မျက်နှာ အဝတ်စည်းခံထားရတဲ့ သူဟာ ကိုယ့်ရဲ့ ညာဘက်ပါးကို ဖြောင်းကနဲ အရိုက်ခံရပြီ ဆိုတာနဲ့ သီချင်း စ ဆိုပေတော့၊ အိပ်ချင်တာတွေ၊ အိပ်နေတာတွေ၊ ဖျားနာတာတွေ မလိုဘူး၊ စပြီး ဆိုပေရော့။ အသံ အတိုးအကျယ်ကို နားပန်ဆွဲပြီး သတ်မှတ်ထားတယ်။ အဆိုကို ရပ်စေချင်ပြီ ဆိုရင်တော့ ဘယ်ဘက်ပါးကို အားကုန် ရိုက်ချလိုက်တာပဲ။

အဲ... ကျောင်းသားအချို့ကိုတော့ စစ်ဆေးနေရင်း လက်ဖြတ်၊ ခြေဖြတ် ပစ်တယ်။ အဲဒီလို လက်ဖြတ်၊ ခြေဖြတ် တယ် ဆိုတဲ့နေရာမှာလည်း ဓားတွေ၊ ဘာတွေနဲ့ ခုတ်ဖြတ်တာမျိုး အပြင် ယမ်းကပ် ပြီး မီးရှို့ ဖြတ်တောက်တာမျိုးလည်း လုပ်ကြတယ်။

အချို့ တတွေများ ဆိုရင် ထောက်လှမ်းရေး ဟုတ်မဟုတ် စစ်လိုက်တာ တစ်ညထဲနဲ့ အသက်ထွက်သွားတဲ့ သူတွေတောင် ရှိကြပါတယ်။ ဒီတော့ အဖမ်းခံသူတွေအားလုံးဟာ "ထောက်လှမ်းရေးတွေပါ" လို့ အရိုက်မခံရခင်၊ အနှိပ်စက် မခံရခင်ကတည်းက ကြိုတင်ပြီး ဝန်ခံလိုက်ကြတယ်။ ဒါလည်း မရပါဘူး။ အနှိပ်စက်ကတော့ ခံရတာပါပဲ။ အဲဒီလို နှိပ်စက်ခံရတာတွေ ကလည်း တစ်ရက်တည်း၊ တစ်ညတည်း မဟုတ်၊ အချို့တတွေ ဆိုရင် ကိုးလ၊ ဆယ်လ၊ တစ်နှစ် အထိ ကြာအောင် နှိပ်စက်ခံခဲ့ကြရတယ်။

-
ရော်နယ်အောင်နိုင်ကို ပြောချင်တာက လူသားတစ်ယောက်ရဲ့ အခွင့်အရေး (၂)

နောက်တော့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသား ၁၅ ယောက်ကို သတ်ပစ်ကြတယ်။ သတ်ပစ်ခံရတဲ့ ကျောင်းသားတွေ အားလုံးဟာ လက်ပြတ်၊ ခြေပြတ်တွေကြီးပဲ။ ဒါတောင် မသတ်ပဲ နှိပ်စက်ခံရမှု ဝေဒနာတွေနဲ့ သေသွားတာတွေ ရှိသေးတယ်။ စုစုပေါင်း ဆိုရင် ၃၈ ယောက်တောင် သေတယ်လို့ ဆိုကြတယ်။

နောက်ဆုံးတော့ အဖမ်းခံရတဲ့ ကျောင်းသား ၅၅ ယောက်ဟာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြတယ်။ နောက်တော့ သူတို့ ရဲ့ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ငယ်နဲ့ ဟုတ်နိုးနိုး အကြည့် စူးတွေ အကြားမှာ နေခဲ့ရတယ်။ ခုအချိန် လွတ်လပ်ခွင့်တွေ ရလာပြီး အွန်လိုင်း မီဒီယာတွေ ခေတ်စားလာမှ ရင်ဖွင့်ခွင့် ရကြရှာတာပါ။ ဒါတွေဟာ ဒီကနေ့အချိန်ထိ မသေပဲ ပြောဆိုခဲ့ကြတဲ့ ဖြစ်စဉ်တွေပါ။

ABSDF (မြောက်ပိုင်း) စစ်ကြောရေးစခန်းမှာ လူမဆန်အောင် နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားရဲဘော် အများစုက ကလဲ့စား ချေလိုလို့ ရင်ဖွင့်ကြတာမျိုး မဟုတ်ကြပါဘူး။ သူတို့ရဲ့ သန့်စင်ခဲ့တဲ့ ဘဝ (ကျောင်းသားရဲဘော်စစ်စစ် ဖြစ်ခဲ့တာ) ကို ပြချင်တာ။ နောက်ပြီး တာဝန်ရှိသူတွေရဲ့ "မှားခဲ့မိပါတယ်" ဆိုတဲ့ တောင်းပန်သံကို ကြားချင်ကြတယ်။

အဲဒီလို အခြေအနေမှာ ကိုရော်နယ်အောင်နိုင် က ''ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီး လုပ်ခဲ့တာ ဘာမှ မရှိပါဘူး"... ဆိုတော့ ကျွန်တော်အနေနဲ့ ကြားထဲက ငထွား နေရာ ဝင်ပြီး ခါးနာပြရပါတော့မယ်။, ကျွန်တော် ပြောချင်တာ ကိုရော်နယ်အောင်နိုင်တို့ ဖမ်းဆီး နှိပ်စက်ခဲ့တဲ့ ကျောင်းသားတွေဟာ "ထောက်လှမ်းရေး ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုတာထက် လူသားတစ်ယောက် ဖြစ်တည်ခြင်း" အကြောင်းပါ။

သူတို့ထဲက အချို့ဟာ ထောက်လှမ်းရေး ဖြစ်နေခဲ့ရင်တောင် လူသားတစ်ဦး ဖြစ်တာနဲ့ အညီ လူသားတစ်ယောက်လိုပဲ ဆက်ဆံရမှာပါ။ အခြား အဖွဲ့တွေ ဟိုလို လုပ်တယ်။ ဒီလို လုပ်တယ် ဆိုတာ လက်ညိုး ပြန်ထိုးဖို့ မကြိုးစားပါနဲ့၊ သူတို့က သူတို့ပါ၊ ကိုအောင်နိုင်တို့ ဘာဖြစ်လို့ တော်လှန်ခဲ့တာပါလဲ။ လူ့အခွင့်အရေး အတွက် တော်လှန်ခဲ့တာပါ။ အဲဒီလို လူသားအားလုံးရဲ့ အခွင့်အရေး ရရှိရေး ရရှိဖို့ တောင်းဆိုတဲ့နေရာမှာ ရန်သူကိုလည်း ရန်သူရဲ့ အခွင့်အရေးကို ပေးခဲ့ကြရမှာပါ။ "ကိုယ့်နဲ့မတူ၊ ကိုယ့်ရန်သူ" လို့ သဘောထားပြီး ရက်စက်ခဲ့တာ ဆိုရင်တော့ ကိုအောင်နိုင်ဟာ "မိမိအတွက် အတ္တကြီးသော၊ လူ့အခွင့်အရေး အရေခြုံသူ တစ်ဦး" လို့ပဲ သတ်မှတ်ရမှာပါ။

ကိုအောင်နိုင်ကို တစ်ခု မေးချင်တာက "ကိုအောင်နိုင် အနေနဲ့ ကျောင်းသားတွေကို ချုပ်ထားတဲ့ အခန်းကို ရောက်ခဲ့တယ်" လို့ ကျောင်းသားတွေက ပြောပြကြပါတယ်။ အဲဒီလို ရောက်တဲ့အချိန်မှာ ကိုအောင်နိုင် ခြေပြတ်၊ လက်ပြတ် ကျောင်းသားတွေကို မမြင်ခဲ့ဘူးလား။ ခြေဖနောင့် သံရိုက်ထားတဲ့ ကျောင်းသားတွေ၊ ထိပ်ပေါက် ခေါင်းကွဲ၊ သွေးသံတရဲရဲ၊ ပြည်တစိုစိုနဲ့ ကျောင်းသားတွေကိုရော မတွေ့ခဲ့ဘူးလား။ မလိမ်ပါနဲ့၊ ကိုအောင်နိုင်.. တွေ့ဖူးခဲ့မှာပါ။ "ဒီလို မလုပ်ကြပါနဲ့ ကွာ" လို့ အဲဒီအချိန်က ကိုအောင်နိုင်ရဲ့ ရဲဘော်တွေကို ဟန့်ဖူးခဲ့ပါသလား။

အဲဒီတုန်းက အဲဒီလို မဟန့်ခဲ့တဲ့ ကိုအောင်နိုင်က အခုချိန်မှာ ''ကျွန်တော် တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်းဥပဒေတွေနဲ့ လွဲချော်ပြီး လုပ်ခဲ့တာ ဘာမှ မရှိပါဘူး'' ဆိုတော့ "ရက်စက်တာ၊ နှိပ်စက်တာ၊ လက်ဖြတ်၊ ခြေဖြတ်တာ သတ်ဖြတ်တာတွေဟာ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေ နဲ့ အညီ လုပ်ခဲ့တာ" ဆိုတာမျိုး ဖြစ်သွားရပါတယ်။

ဒါဆိုရင် အိမ်စွန့်ယာစွန့်၊ ပညာစွန့်ပြီး သေပွဲ၊ တိုက်ပွဲဝင်ခဲ့တဲ့ အေဘီ ကျောင်းသားတပ်မတော်ကြီးဟာ မြန်မာ့နိုင်ငံရေး လောကမှာ အများပြည်သူ နှာခေါင်းရှုံ့စရာအဖွဲ့ကြီး ဖြစ်သွားရရှာတော့မှာပေါ့ဗျာ။ ဒီတော့ဗျာ၊ ကိုယ် လူရာဝင်ဖို့ အရေး ဘာဘာညာညာတွေ တွေးပြီး မပြောလိုက်စမ်းပါနဲ့။ ရဲရဲဝံ့ဝံ့ ယောက်ျားပီပီ ပြောထည့်လိုက်စမ်းပါ၊ "ကျွန်တော် မှားခဲ့မိပြီဗျာ" ... လို့။

ဟာဂျူလီ (ကသာ)

Credit:
ရော်နယ်အောင်နိုင်သိသင့်တဲ့ လူသားတစ်ယောက်ရဲ့ အခွင့်အရေး (၁)..(ဟာဂျူလီ.ကသာ)

http://www.facebook.com/photo.php?fbid=254777914611065&set=a.110157345739790.24725.100002365754291&type=1&theater


ရော်နယ်အောင်နိုင်သိသင့်တဲ့ လူသားတစ်ယောက်ရဲ့ အခွင့်အရေး (၂)..(ဟာဂျူလီ.ကသာ)

http://www.facebook.com/photo.php?fbid=254782834610573&set=a.110157345739790.24725.100002365754291&type=1&theater

Why we till bow down Bogyoke Aung San among Myanmar heroes !
Please see the following of Bogyoke’s sincere confession, I prefer most is his sincerity and leadership responsibility.
“ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူမှု ဥပမာ နှစ်ခု”
“ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်”
http://www.mingalarpar.org/2011/04/blog-post_17.html

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃)

March 30, 2012

မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ) လမ်းကြောင်းက တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန် ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့ တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချိုကြီး (မန္တလေး အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ အသတ်ခံရ) တို့ဆိုတာ မြို့မှာယူဂျီလိုင်းတွေကို အဓိက ကိုင်ထားသူတွေ။

ဖြစ်သွားတဲ့ အဖြစ်အပျက်က တောနဲ့မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းကို အပြီးအပိုင် ဖြတ်တောက်ခံလိုက်ရခြင်း၊ (ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။ ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ)

သေချာတာကတော့ ရန်သူ့လူတွေ ရှိနေတယ်ဆိုတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကိုညီညီကျော်တို့ကအစ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးက လက်ခံခဲ့ကြတယ်။

သတင်းပေါက်ကြားမှုတွေကြောင့် စစ်ကြောင်းထွက်ချိန် မမျှော်လင့်တဲ့နေရာတွေကနေ ဖြတ်တိုက်ခံခဲ့ရတဲ့အတွက် ရဲ ဘော်တချို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာတွေ။ ရင်ဘတ်တည့်တည့်ကို မှန်ရမှာဖြစ်ပေမဲ့ အီကွေးမန့်မှာချိတ်ထားတဲ့ ဓါး မြှောင်ဓါးရိုးခံနေလို့။ ကျောတည့်တည့်ကို မှန်ရမှာ ဖြစ်ပေမဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ဟန်းကောခံနေလို့။ ဦးခေါင်း ဘေးနားရွက်အထက်မှာပဲ ရှပ်ထိသွားလို့ သေကံမရောက်အသက်မပျောက်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ရှေ့တန်း ထွက်ချင်လို့ ပူဆာခဲ့တဲ့ ကျမတို့ရဲမေတွေတောင် ရှေ့တန်းမရောက်ခင်၊ ရှေ့တန်းအလယ်လောက် ဖျားနာကုန်လို့ လှည့် ပြန်ခဲ့ကြသူတွေရှိသလို နှစ်လနီးပါး တောထဲတောင်ထဲမှာ ရေငတ် ထမင်းငတ်နဲ့ ညတိုင်းဓါတ်မီးမပါ ဘာမပါနဲ့ ချီတက်ရ၊ ရောက်တဲ့နေရာထိုးအိပ်လို့မရ၊ ကင်းစောင့်ရနဲ့ တိုက်ပွဲတွေကြားမှာ တချို့ရဲမေတွေ စစ်ဆင်ရေးအစအဆုံး ပါဝင်ခွင့်ရခဲ့ ပေမဲ့ တကြိမ်ဆို တကြိမ်ပါပဲ နောက်တကြိမ် ရှေ့တန်းထွက်ချင်တယ်ပြောဖို့ အတော်လေး အားပြန်ယူရအုံးမယ်။ ဒါ တောင် ရှေ့တန်းထွက်တဲ့ ရဲဘော်တွေအပေါ် နောက်တန်းက ရဲမေတွေ ကိုယ်ချင်းစာနားလည်တတ်အောင် လုပ်ပေးတဲ့ အစမ်းသဘောပဲ ရှိပါသေးတယ်။

.
ရန်သူနဲ့ လက်တကမ်း (လူ့အခွင့်အရေးတွေ ခံစားခွင့်ရနေတဲ့ နိုင်ငံခြားမှာ နေကြရသူများမဟုတ်) အသက်ကိုဖက်နဲ့ ထုပ် ထားရသလို ကိုယ်မချရင် သူချတာခံရမဲ့ အမှန်တကယ် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအတွက်ကတော့ ဆိုဖွယ်မရှိပါဘူး။

ကျမတို့ရဲဘော်တွေဟာ နောက်တန်းမှာ မူးရူးပြီး အချင်းချင်း အော်ဟစ်ဆဲဆို ထိုးကြကြိတ်ကြလိမ့်မယ်။ ရှေ့တန်းရောက် ရင် အဲဒါတွေ သတိမရတော့ဘူး။ တက်ညီလက်ညီနဲ့ တယောက်ကိုတယောက် ကာကွယ်စောင့်ရှောက်ကြလိမ့်မယ်။ ရဲဘော်အချင်းချင်းကြားမှာရှိတဲ့ သံယောဇဉ်ကြိုးဟာ အိမ်ကမိန်းမတွေထက်တောင် ခိုင်မြဲပါသေးတယ်။ ဒါကို တကယ်အ သက်ပေးပြီး အမှန်တကယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူတွေသာ ခံစားနိုင် နားလည်နိုင်တယ်။ ဒီခံစားမှုမျိုးကို ပိုက်ဆံဘယ် လောက်ရှိရှိ ယူထားတဲ့နေရာ ဘယ်လောက်ကြီးကြီး အချောင်သမားတွေ ခံစားနိုင် နားလည်နိုင်မှာ မဟုတ်ဘူး။

ရွာတွေနဲ့မနီး နက်ရှိုင်းတဲ့တောတောင်တွေ တတောင်ပြီးတတောင် မြစ်တွေ၊ ချောင်းတွေ၊ ချောက်ကမ်းပါးတွေ တခုပြီး တခု ကျော်လွှားဖြတ်သန်းရင်း ရှေ့တန်းထွက်ခဲ့ရတဲ့ ရဲဘော်တွေရဲ့အသက်ဟာ “ဆန်နဲ့ ကျည်ဆံ” ဖြစ်သလို ရဲဘော်တွေ အတွက် အလေးဆုံး သယ်ပိုးရတဲ့အရာဟာလည်း ဆန်နဲ့ကျည်ဆံ ပါပဲ။ ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊ ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင် ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက် တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။ ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။

နအဖ ထိုးစစ်ဆင်တဲ့အချိန်ဟာ မိုးတွင်းအချိန်ပါ။ တောတောင်နယ်မြေအနေအထားက ဆိုးဝါး၊ ရာသီဥတုက ကြမ်းတမ်း၊ ရွှံ့တွေ ဗွက်တွေ ကျွတ်တွေ ဒက်တွေ မျှော့တွေနဲ့ အင်းဆက်ပိုးတွေမျိုးစုံကြား ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းရောဂါတွေက ပြင်းထန် ကိုယ်ခံအားကောင်းနေမှသာ တွန်းလှန်နိုင်တဲ့ အနေအထားမျိုးပါ။ အဲဒီလိုအချိန် အဲဒီလိုအခါမျိုးမှာမှ ခရီးစဉ်တ လျှောက် ဆန်တွေသိုလှောင်ထားရာနေရာတွေ (တနေရာတည်းမှာမဟုတ်) ကို ရန်သူက သိရှိရရှိသိမ်းပိုက်သွားနိုင်ခဲ့ဟာ မတော်တဆ တိုက်ဆိုင်မှုလို့ ယူဆနိုင်ပါသလား။ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင် မရှိတော့ တဲ့ ရဲဘော်တွေဟာ တောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက် ထွက် ကျော်ဖြတ်ခဲ့ကြရတယ်၊ အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီး လမ်းခရီးမှာ သေ ဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ဒါတွေကို ဒီရဲဘော်တွေနဲ့အတူ ဖြတ်သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်(ရန်သူနဲ့ပတ်သက်တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူလျှိုတွေက ကြိုတွက်ထားပြီးသား ဖြစ်ပါလိမ့်မယ်) သူ့ရဲဘော်တွေကိုတော့ သူချစ်ခဲ့တယ်၊ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ (ဘယ်သူပြောပြခဲ့တာလည်း မ မှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာ လူကြီးဖြစ်တဲ့သူ့အတွက် ဟန်ကောချိုင့်လေးနဲ့ ထမင်းချက်ထားပေးခဲ့တယ်။ အဲဒီ ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။

.
ကျောင်းသားတပ်မတော်ရဲ့ အဓိကလိုအပ်ချက်က ကိုယ်ပိုင် သီးသန့်နယ်မြေ ဖြစ်သလို ရေမဲ့ငါးလို မဖြစ်ရအောင် ၀ိုင်းရံ ထောက်ပံ့ပေးမဲ့ မိဘပြည်သူတွေလည်း လိုပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ကောလင်း၊ ၀န်းသို၊ ကသာ၊ စစ်ကိုင်းတိုင်းဘက်က ကျောင်းသားရဲဘော်တွေ အများဆုံး ပါဝင်တဲ့ ပထမအကြိမ် “စစ်ကိုင်းတိုင်းထိုးဖောက်ရေး စစ်ကြောင်း” ဆိုပြီး ထွက်ခဲ့ကြတာရှိပါတယ်။ သတင်းပေါက်ကြားမှုကြောင့် လမ်းမှာတင် ဖြတ်တိုက်ခံခဲ့ရပြီး စစ်ကြောင်းပျက်သွားခဲ့ရတယ်။ ရဲဘော်တွေ ကစင့်ကလျားနဲ့ ဆုတ်ခွာခဲ့ရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ရပြီး ရဲဘော်အနည်းစု လောက်ပဲ ဗဟိုကို ပြန် ရောက်လာခဲ့ကြတယ်။ (ဒီအဖြစ်အပျက်ကိုတော့ ကိုရဲလင်း (ဗဟိုကော်မတီ) ပိုသိပါလိမ့်မယ်)

ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ထိုးဖောက်ရေးစစ်ကြောင်းကို ရင်းမှူးအောင်ဆွေဦး ဦးဆောင်ပြီး ရဲဘော်မင်းဌေး (မိုးကောင်း၊ ၂၀ဝ၈ ခုနှစ်က ပြသသည့် "ရမ်ဘို - ၄" ရုပ်ရှင်ကားတွင် ရမ်ဘို မင်းသား စီလ်ဗက်စတာ စတာလုံး နှင့် အတူ တွဲဘက် ပါဝင် သရုပ်ဆောင်ခဲ့သူ) အပါအ၀င် ရဲဘော်တွေ ထပ်ပြီးကြိုးစားကြည့်ခဲ့ကြတယ်။ နယ်မြေအနေအထား ကြမ်းတမ်းခက်ခဲမှု၊ ရိက္ခာမလုံလောက်မှု၊ ငတ်ပြတ်ဆင်းရဲနေမှုတွေနဲ့အတူ ရှေ့ဆက်ရင် အားလုံး သေတွင်းထဲ ၀င်သွားသလို ဖြစ်နိုင်တဲ့ အခက်အခဲ အမျိုးမျိုးတွေကြောင့် ပြန်ဆုတ်လာကြရတယ်။

ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် “စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း” ပါ၊ ရှမ်းပြည်တောင်ပိုင်းကနေ စထွက်တဲ့ စစ်ကြောင်းဟာ ပင်းပန်းဆင်းရဲတဲ့ ဒဏ်မခံနိုင်တဲ့ ရဲဘော်တချို့ လမ်းခရီးမှာ ထွက်ပြေးခဲ့တဲ့အတွက် သတင်းပေါက်သွားပြီး တပ်ရင်း (၂၀) လောက်နဲ့ ဖြတ်လေးဖြတ်ကို သုံးပြီး လမ်းကြောင်းတလျှောက် ပိတ်ဖမ်းခဲ့တဲ့အတွက် အားအင်ကုန်ခမ်း ငတ်ပြတ်ပြီး လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့တဲ့ ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။

"သေဒဏ်ကျခံနေရတဲ့ ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်က စာရင်းဖျက်ပေးပါ" လို့ တောင်းဆိုနေတဲ့သူတွေ။ "ကိုယ့်ခွင်ထဲက ကိုယ့်ဖီးတွေအကြောင်းပဲ ပြောမနေပါနဲ့" ဆိုတဲ့လူတွေကို “တောင်မတက်ခိုင်းပါဘူး။ အဲဒီလို လူမျိုးတွေကို ပြေးပြီး တက်ခိုင်းကြည့်ချင်တာက ဒုက္ခသည်က တောင်ကုန်းလေး တကုန်းလောက်ပါပဲ။ လိုအပ်တဲ့ အစာလည်း အ၀ ကျွေးပါ့မယ်၊ စိန်ခေါ်ရဲရင်ပေါ့၊

မြောက်ပိုင်းရဲ့ တောတောင်တွေထဲမှာ ကျဆုံး သေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေပေါင်း (၇၀) ကျော် ရှိတယ်။ အများစုက ဒေသခံ ကျောင်းသားရဲဘော်ရဲမေတွေ။ အဲဒီ ရဲဘော်ရဲမေတွေမှာလည်း သူ့သား လိုချင်တဲ့ ဒီမိုကရေစီမရမချင်း ဆွမ်းသွပ်အမျှမဝေ ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြက်ကလေးချီတစ် (ခ) ရဲဘော် မျိုးကိုကို (မိုးညှင်း၊ ရန်သူဖမ်းမိပြီး ညဉ်းပမ်း နှိပ်စက် အသတ်ခံခဲ့ရတဲ့အပြင် အလောင်းကို ရွာလည်ခေါင်ကအပင်မှာ ကြိုးနဲ့ချိတ်ဆွဲ အပြခံခဲ့ရသူ) ရဲ့ အမေလို အမေမျိုးတွေလည်း ရှိကြတယ်။ အခု အသတ်ခံခဲ့ရတဲ့ သူတွေနဲ့ ပေါင်းရင် မြောက်ပိုင်းတခုတည်းမှာပဲ အနည်းဆုံး အမေတရာလောက် ငိုကြပေအုံးတော့။

.
ကိုယ့်ကိုယ်ကို "တော်လှန်ရေးဘက်တော်သားပါ" လို့ ခံယူထားတာ မှန်ရင် ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။ အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း "ငါ အချောင်သမား ဟုတ်မဟုတ်" ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။

နက်ရှိုင်းတဲ့ တောတောင်တွေထဲမှာ တွေ့ကြုံလာသမျှ အခက်အခဲ ဆင်းရဲဒုက္ခတွေကို လက်သီးဆုပ်တွေထဲမှာထည့် အမှုန့်ခြေရင်း အသက်ပေးသွားခဲ့ကြရတဲ့ (တောထဲက ရဲဘော်တွေ ပိုင်ဆိုင်တဲ့အရာ ဆိုလို့ အမေတွေ ပေးခဲ့တဲ့ အဲဒီ အသက် လေးတွေပဲ ရှိပါတယ်) မြောက်ပိုင်းက ရဲဘော်တွေ၊ ကေအိုင်အေ အပစ်အခတ် ရပ်ပြီးတဲ့နောက် ဘ၀ကို သုညကနေ ဆင်းဆင်းရဲရဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်း ရှာဖွေရင်း ရပ်တည်ခဲ့ကြရတဲ့ လက်ရှိ တရုတ်နယ်စပ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲ ၀င်နေဆဲ ရဲဘော် ရဲမေတွေ ကိုယ်စား အချောင်သမားတွေ အချောင် နာမည်ရဖို့ ပြောနေတာမျိုး ဆိုရင် ရင်နာလွန်းလို့ပါ။

မြောက်ပိုင်းမှာ လက်ရှိ တိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား) ဆိုတာ ရဲဘော် ရဲမေများရဲ့ (ကျမ က အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊ သင်တန်းမှူးတဦး ဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊ ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်း ဆိုဖော်ဆိုဖက်၊ ဂစ်တာ တီးဖော်တီးဘက် ရဲဘော်တဦး ဖြစ်ပြီး ရဲဘော် ရဲမေတွေကြားမှာ ဟာသလေး တပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေတတ်တဲ့ အားလုံးရဲ့ အချစ်တော်ထဲမှာ ပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့ အဖမ်းခံခဲ့ကြရတဲ့ သူတွေလောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့ မျက်နှာ အပြောအဆို တွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမ ယုံတယ်။

အပြောသက်သက် အချောင်သမားတွေ မဟုတ်ဘဲ (အနုနည်း ဖြစ်စေ၊ အကြမ်းနည်း ဖြစ်စေ ကြိုက်တဲ့နည်းကို သုံး) တိုက်ရဲတယ် ဆိုရင်တော့ ဒီအဖြစ်အပျက်မျိုးတွေ တော်လှန်ရေးအင်အားစုကြားမှာ တကြိမ်မဟုတ်၊ အကြိမ်ကြိမ် အခါခါ ဖြစ်အောင် ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့် ရှိနေပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက သားကောင်တွေချည်း ဖြစ်နေတာကိုပါ။

.
"ပြောတော့ကျောင်းသား၊ လုပ်နေတာက ခွေးသား၊ ခွေးကျင့်ခွေးကြံတွေနဲ့" ... ဒါတွေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိ ရပ်တည်နေတဲ့ ABSDF အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့ တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲ ဆိုပြီး ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။

“တခါသေဖူး၊ ပျဉ်ဖိုးနားလည်” ဆိုသလို ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော်ထုတ်လိုတာ၊ ဘယ်ကောင်တွေက အေဘီ ပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာ ဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံ ရေးသား တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့ နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက ခွဲခြားပြီး ကျမ စာရင်း ပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်ဆီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။

ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ စစ်အစိုးရစကား ဌားသုံးပြီး ပြောရရင် "ကမ္ဘာ့အလယ် မှာ မြန်မာဟေ့" လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့ နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို ပေါ်ပေါက်လာခဲ့ရတယ်။ သမိုင်းအဆက် ဆက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတို့ရဲ့သင်္ကေတ ခွပ်ဒေါင်း ဘက်တံဆိပ် တပ်ထားတဲ့ “ABSDF ဆိုတာ တစုတဖွဲ့တည်း က ပိုင်တဲ့နာမည် မဟုတ်ဘူး၊ သမိုင်းက ပေးခဲ့တဲ့နာမည်၊ သမိုင်းက ပိုင်တဲ့နာမည်၊ တောထဲမှာ လက်ရှိ ရှိနေကြတဲ့ ရဲဘော်တွေ တင်မက ပါဝင် ပတ်သက်ဖူးခဲ့တဲ့ ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ ကျောင်းသားအားလုံးရဲ့ ရင်ထဲ၊ နှလုံးသားထဲက နာမည်၊ ထပ်တူ ပြုလို့လည်းမရ၊ ရူပကအလင်္ကာလည်း မမြောက်တဲ့ “ကျောင်းသားတပ်မတော်” ဆိုတဲ့ ဒီနာမည်ကို နောင်လာနောက်သားတွေ၊ သမိုင်းစာမျက်နှာတွေမှာ တွေ့နေရတိုင်း၊ ကြားနေရတိုင်း စစ်အစိုးရဟာ မိဘပြည်သူတွေရဲ့ သားသမီးတွေ ဖြစ်တဲ့ တိုင်းပြည်ရဲ့အရင်းအမြစ် ကျောင်းသားလူငယ်တွေအပေါ် သူတို့ လုပ်ခဲ့သမျှတွေအတွက် အမေပေါင်းများစွာ ငိုကြွေးခဲ့ကြရတာတွေအတွက် အမြဲတမ်း အရှက်ရနေစေရပါမယ်။

(ဆက်ရန်)

ခင်ရွှေလှိုင်

မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက် လူထုတော်လှန်ရေးနေ့

(နေ့သစ် http://www.naytthit.net/?p=26016 မှ ကူးယူ ဖော်ပြပါတယ်။)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး ((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ ( ၃) )) ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ဖြိုခွဲခဲ့တဲ့ တရားခံအစစ်က ဘယ်သူလဲ (၄)

http://www.naytthit.net/?p=26110

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၄)

April 1, 2012


(၃)

စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဆန်တွေ သိုလှောင်ထားတာတွေနဲ့ ပတ်သက်ပြီး သင်္ကာမကင်း ဖြစ်ခဲ့တဲ့ လူတချို့ကို စောင့်ကြည့်ခဲ့ကြတယ်။ ထွက်ပြေးခဲ့တဲ့ စိုးမင်းအောင် (မန္တလေး) ဟာ အဲဒီလို စောင့်ကြည့်ခံခဲ့ရသူတွေထဲက တယောက် ဖြစ်ခဲ့သလို စိုးမင်းအောင် တယောက်ထဲကပဲ လူအယောက် ၅၀ လောက်ရဲ့ နာမည်တွေကို ထွက်ဆိုသွားခဲ့တယ်။

စိုးမင်းအောင် (မန္တလေး) ဆိုတာက ရင်းမှူး သိုက်ထွန်းဦးရဲ့ (၅၀၁) တပ်ရင်းက "ရင်းမှူးရဲ့ ကိုယ်ရံတော်" ဆိုပေမဲ့ တောင်ပိုင်းက မဟုတ်ဘူး။ မြောက်ပိုင်းကျောင်းသားတပ်ကို ရောက်လာတဲ့ ရင်းမှူးသိုက်ထွန်းဦးနဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် တို့အတွက် ကိုယ်ရံတော် တွေအဖြစ် စိုးမင်းအောင် (မန္တလေး) နဲ့ ရဲဘော်ခင်မောင်စိုး (ခ) ကိုစိုးကြီး (အင်းတော်) တို့ နှစ်ယောက်ကို ဗန်းမော်ရင်း ကနေ ထည့်ပေးလိုက်တဲ့သူက ခွဲမှူး စောသက်ထွန်း၊ သူဟာ သန်းထွန်းစိုး (ခေါ်) တိုက်ပိတ် နဲ့အတူ ရှေ့တန်းနယ်မြေမှာ အဖမ်းခံခဲ့ရသလို မြစ်ကြီးနားထောင်မှာ အတူ ထောင်ကျပြီး ပြန်လွတ်ခဲ့သူတဦး ဖြစ်တယ်။

အများကတော့ သန်းထွန်းစိုး (ခ) တိုက်ပိတ် ကို ကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့တယ်လို့ပဲ ယူဆခဲ့ကြတယ်။ (သန်းထွန်းစိုး (ခေါ်) တိုက်ပိတ် အနေနဲ့ "ရန်သူ့သူလျှို မဟုတ်ကြောင်း" ကို သက်သေပြနိုင်ဖို့ ထောင်ကျဖို့လည်း လိုအပ်ပါတယ်။ ဒါမျိုးတွေကိုတော့ လူမှန်တွေမို့ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံခဲ့ရဖူးတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက "ထောင်ထဲမှာ သူတို့ကြားထဲမှာ “ကိုယ့်လူ သူ့ဘက်သား” လုပ်သွားခဲ့တဲ့ "ထောင်ကျ ရန်သူ့လူတွေ" (အကျဉ်းသား အယောင်ဆောင်နေတဲ့ ထောက်လှမ်းရေးတွေ) နဲ့ ပတ်သက်တဲ့ ပုံပြင်တွေ အများကြီး ရှိခဲ့တယ်" ဆိုတာကို ပြောပြနိုင်ပါလိမ့်မယ်။

ရန်သူ့သူလျှိုတွေကို ဖော်ထုတ်ဖို့ နောက်တန်းမှာ ရှိနေတဲ့ ဗဟိုကော်မတီဝင် အားလုံး သဘောတူ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော် တို့ ကိုယ်တိုင် အစပိုင်း စစ်ဆေးမေးမြန်းမှုတွေမှာ ပါဝင်ခဲ့ကြတယ်။

.
ဘာဖြစ်လို့ ကျမ အဲဒီလို ပြောရတာလဲ ဆိုတော့ ကျမကိုယ်တွေ့ ဥပမာလေး နှစ်ခုပဲ ပေးပါ့မယ်။

ဥပမာ (၁) - မန္တလေးက ရဲဘော် ရန်အောင်

အသတ်ခံရတဲ့အထဲမှာ ပါတဲ့ မန္တလေးက ရဲဘော် ရန်အောင် ကိုတော့ မန္တလေးကျောင်းသားတွေ ကောင်းကောင်း သိကြပါတယ်။ အထူးသဖြင့် ဘွဲ့ရ ကျောင်းသားများအဖွဲ့က လူတွေပေါ့။ ရဲဘော်ရန်အောင်ဟာ မြို့မှာကတည်းက ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်တို့၊ ကိုညီညီ (ဆမား) တို့ ခိုင်းခဲ့တဲ့ အလုပ်တွေကို လုပ်ပေးခဲ့တဲ့ ရဲဘော် လူငယ်တယောက်ပါ။ ရဲဘော်ရန်အောင်ကို ကျမ မြို့မှာတုန်းက မြင်ဖူးပေမဲ့ သူနဲ့ ကျမ နဲ့ စကားမပြောဖူးဘူး။ တောထဲရောက်မှ တမြို့တည်းသားချင်းမို့ စကားပြောမိရာက ရဲဘော်ရန်အောင်ရဲ့ရိုးသားမှုနဲ့ စိတ်ဓါတ်ကို သဘောကျပြီး ခင်မင်သွားတာပါ။

မြောက်ပိုင်းကျောင်းသားတပ်မှာ ထောက်လှမ်းရေး လို့ မသင်္ကာသူတွေကို ဖမ်းဆီး စစ်ဆေးမှုတွေ စဖြစ်ချိန်က သင်းသင်း၊ နန်းစော၊ ရန်အောင်နဲ့ ကျမတို့က ကေအိုင်အေ ဆေးသင်တန်းကျောင်း တက်နေကြတဲ့အချိန်ပါ။ အဲဒီအချိန်မှာ သင်တန်းသားတွေကို တရားဝင် သွားလာခွင့် ပိတ်ထားတယ်။ ဒါပေမဲ့ မိုင်းထောင်ထားတဲ့ လမ်းကြားတွေကနေတဆင့် (ကိုအိုက်လျှံ အဲဒီလို ခိုးပြန်တုန်းက မိုင်းထိဖူးတဲ့ လမ်းကနေ) တပ်ကို ခိုးပြန်လို့ ရတယ်။

ရန်အောင်ကို ဆေးသင်တန်းမှာ လာဖမ်းတဲ့ အချိန်တုန်းက ကျမ အဲဒီလို ခိုးပြန်ပြီး လက်ရှိ အာဏာရှိနေဆဲ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို သွားတွေ့ခဲ့တယ်။ အဲဒီမှာ ဗန်းမော်ခရိုင်မှူး ကိုညီညီကျော်လည်း ရှိတယ်။ အတွင်းရေးမှူး ကိုအောင်နိုင် က အခန်းထဲမှာ လှဲနေတယ်။

ကျမက "ရန်အောင် ဒီလောက် ရိုးသားဖြူစင်တာ `ရန်သူ့သူလျှို´ မဖြစ်နိုင်ဘူး" လို့ ပြောတော့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ရော၊ ခရိုင်မှူး ကိုညီညီကျော်ကပါ "ရန်အောင်က `ရန်သူ့သူလျှို´ ဟုတ်တယ်၊ သေချာတယ်။ မြို့ထဲမှာတုန်းက ရန်အောင်က ငါတို့နောက်ကို လိုက်ထောက်လှမ်းရင် ရန်အောင် ဘယ်လောက်၊ ဘယ်လောက် ရတယ်" လို့ နှစ်ယောက်စလုံး ကျမကို ပြန်ဖြေခဲ့ကြတယ်။ အဲဒီအချိန်မှာ အခန်း ထဲမှာလှဲနေတဲ့ ကိုအောင်နိုင်က ၀င်ပြီး “ဟုတ်လား၊ ကျနော့်နောက် လိုက်ရင်ကော ရန်အောင် ဘယ်လောက် ရသလဲဗျာ” လို့ ၀င် မေးခဲ့တယ်။

ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် နဲ့ ခရိုင်မှူး ကိုညီညီကျော်က ကိုယ် ခိုင်းခဲ့တဲ့ ရဲဘော်ရန်အောင်ကို ကိုယ် အာဏာ လက်ရှိ ရှိနေဆဲအချိန်မှာ ကာကွယ် မပေးခဲ့သလဲ၊ အဲဒီအချိန်က ကိုထွန်းအောင်ကျော် နဲ့ ကိုညီညီကျော် တို့ ကိုယ်တိုင် ရိုက်စစ်တာ မခံရသေးဘဲနဲ့ "ရန်အောင်က `ရန်သူ့သူလျှို´ ဟုတ်တယ်၊ သေချာတယ်" လို့ ကိုထွန်းအောင်ကျော် နဲ့ ကိုညီညီကျော် တို့ က အဲဒီအချိန်က ဘာဖြစ်လို့ ဖြေခဲ့သလဲ ဆိုတာကို မန္တလေးမှာ လက်ရှိ ရှိနေတဲ့ ဗန်းမော်ခရိုင်မှူး လုပ်ခဲ့တဲ့ ကိုညီညီကျော်ကို ကျေးဇူးပြုပြီး အချက်အလက် အမှန်တွေ ဖြည့်ရေးနိုင်ဖို့ မေးကြည့်ပေးပါ။

ရန်အောင်ဟာ ကိုညီညီကျော်တို့ ပြောခဲ့သလို “ `ရန်သူ့သူလျှို´ ဟုတ်တယ်” ဆိုရင်လည်း ကိုထွန်းအောင်ကျော်တို့၊ ကိုညီညီကျော် တို့ကို ဆွဲ ထည့်သွားဖို့ မေ့နေမယ် မထင်ပါဘူး။

.
ဥပမာ (၂) - နန်းစော

နောက်တယောက်က နန်းစော။

နန်းစောနဲ့ ကျမနဲ့က ရဲဘော်တွေကြားမှာပဲ အမြဲ နေထိုင်သွားလာနေတဲ့ သူနှစ်ယောက်။ လူကြီးတွေထက် ကျမတို့ရဲ့ ရဲဘော်တွေကို ကျမတို့က ပိုချစ်တယ်။ အဲဒီအချိန်က ကျမတို့က တော်လှန်ရေးအတွက်ဆို အသက်ကိုတောင် ပေးဖို့ ၀င်မလေးအောင် တက်ကြွနေတဲ့ ရဲမေတွေ။ ကျမတို့ လူကြီးတွေကို ကျမတို့ ယုံကြည်သလို သူတို့ကလည်း ကျမတို့ကို ယုံကြည်တယ်။ ဒါကြောင့် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကိုယ်တိုင် တောင်ထိပ်က သူနေတဲ့ တဲမှာပဲ ကျမနဲ့ နန်းစောကို ပစ်မှတ်ကို မှန်အောင်နဲ့ မြန်အောင် အချိန်မှတ်ပြီး အနီးကပ် ပစ္စတို ပစ် လေ့ကျင့်ပေးခဲ့တယ်။ ဒီအလုပ်မျိုး လုပ်တဲ့သူတွေ ဆိုတာ အသက်ရှင်လျက် ပြန်လာစရာ အကြောင်းလည်း မရှိတာမို့ ကျမနဲ့ နန်းစောရဲ့ မှတ်တမ်းဝင်ဓါတ်ပုံတွေပါ လေ့ကျင့်ချိန်မှာ ကိုထွန်းအောင်ကျော် ကိုယ်တိုင် ရိုက်ပေးခဲ့သေးတယ်။ ကိုမင်းဌေး ဖေ့ဘုတ်ခ်မှာရှိတဲ့ ပစ္စတိုနဲ့ ကျမဓါတ်ပုံဟာ ကိုထွန်းအောင်ကျော် ကိုယ်တိုင် မှတ်တမ်းတင်ဖို့ ရိုက်ပေးခဲ့တာပါ။

ကျမတို့နှစ်ယောက် အဓိက လုပ်ရမဲ့အလုပ်က ပြည်တွင်းကို ပြန်ဝင်ပြီး ရန်သူကြားမှာ လုပ်ရမဲ့ အထူးလုပ်ငန်း တခု။ အဲဒီအချိန်က ကျမတို့ ဘာလုပ်မလဲ ဆိုတာ နည်းနည်းပါးပါး အရိပ်အခြေ နားလည်နေတဲ့ (၄၀၁) တပ်ရင်းက ရဲဘော်ကျော်စွာဝင်းမောင်က ကျမတို့အတွက် စိတ်ပူပြီး သတိလာပေးတာလည်း ရှိတယ်။ ကျမ အဓိက ပြောချင်တာက ကျမတို့ရဲ့ခေါင်းဆောင်တွေကို ကျမတို့ ရဲဘော်ရဲမေတွေ အသက်ပေးရဲတဲ့အထိ သူတို့ခိုင်းတာ လုပ်ဖို့ ဘယ်လောက်တောင် ယုံကြည်မှု ရှိခဲ့ကြသလဲ ဆိုတာကိုပါ။

နန်းစောနဲ့ သင်းသင်းကို ဆေးသင်တန်းမှာ လာဖမ်းသွားတဲ့ အချိန်တုန်းက အဲဒီ ခိုးလမ်းအတိုင်း ဖြတ်ပြီး ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် နေတဲ့ တဲကို နောက်တကြိမ် တက်ခဲ့တယ်။ ကျမ တက်လာတာကို လှမ်းမြင်တဲ့ ကိုညီညီကျော်က "ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်) က အခုလေးတင် ပြောနေသေးတယ်၊ `မယုံရင် ကြည့်နေ၊ ခင်ရွှေလှိုင် တက်လာအုံးမယ်´ လို့ ပြောနေတာ အဟုတ်ပဲ" လို့ ကိုညီညီကျော်က ပြောတယ်။

အဲဒီအချိန်က အဲဒီ ကိုထွန်းအောင်ကျော် နေတဲ့ တဲမှာ မြောက်ပိုင်းကျောင်းသားတပ်က ကျောင်းသားထောက်လှမ်းရေးထဲမှာ ပါတဲ့ မန္တလေးက ကိုသန်းဇော် (လက်ရှိ စစ်အစိုးရရဲ့အဖမ်းခံရပြီး ပြန်လွတ်မြောက်လာသူ) လည်း ရှိနေတယ်။

"နန်းစောက ထောက်လှမ်းရေး ဟုတ်တဲ့အကြောင်း နန်းစောရဲ့ ထွက်ဆိုချက်တွေ၊ နန်းစော ကိုယ်တိုင် လက်မှတ်ထိုးထားတွေ ရှိတယ်၊ ဖတ်ကြည့်မလား" လို့ ကျမကို မေးတယ်။ ကျမက "လူတယောက်ကို ရိုက်စစ်ပြီး မေးထားတာတွေအပေါ် မယုံကြည်ဘူး။ ကျမကို နန်းစောနဲ့ နှစ်ယောက်တည်း တွေ့ခွင့် ပေးပါ" လို့ ပြောတော့ ကိုသန်းဇော်က “နန်းစောက ထောက်လှမ်းရေး ဟုတ်ရင် မင်း နန်းစောကို ပါးရိုက်မလား” လို့ ဖြတ်ပြီး မေးတယ်။

"ကျမကို နန်းစောနဲ့ နှစ်ယောက်ထဲ ပေးတွေ့လို့ နန်းစော ပါးစပ်က `သူ ထောက်လှမ်းရေး ဟုတ်ပါတယ်´ လို့ ကျမကို ပြောခဲ့ရင် "ကျမကိုယ်တိုင် နန်းစောကို သတ်ပစ်မယ်´ " လို့ ပြန်ပြောခဲ့ပေမဲ့ တွေ့ခွင့် မရခဲ့ဘူး။

အဲဒီလောက်အထိ ကျမ ယုံကြည်ခဲ့တဲ့၊ ချစ်ခဲ့တဲ့ ရဲမေ နန်းစောကို ကျမ ယုံကြည် လေးစားခဲ့တဲ့ လက်ရှိ အာဏာရှိနေဆဲ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကိုယ်တိုင်က သူ့ကို ရိုက်စစ်နေတာ မဟုတ်ဘဲနဲ့ “နန်းစောက ထောက်လှမ်းရေး ဆိုတာ အဟုတ်ပဲ” လို့ အဖြေပေးနေတယ်။ ဘာကြောင့်လဲ။ ကိုထွန်းအောင်ကျော်ကို မေးခွင့် မရတော့တဲ့အတွက် အဲဒီအချိန်က ကိုထွန်းအောင်ကျော်နဲ့ အတူရှိနေခဲ့တဲ့ ကိုညီညီကျော် ပဲ ကျေးဇူးပြုပြီး ဖြေပေးပါ။

.
ရဲဘော် ရန်အောင် (မန္တလေး၊ အသတ်ခံခဲ့ရ) ကို ဆေးသင်တန်းမှာ လာဖမ်းတဲ့ အချိန်တုန်းက "ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်" လို့ ကျမ စိတ်ထဲ သံသယ ၀င်လာခဲ့ဖူးတယ်။ ဘာကြောင့်လဲ ဆိုတော့ စတင် အဖမ်းခံရသူတွေက မန္တလေး၊ ရန်ကုန်က လူတွေ ဖြစ်နေလို့ပါပဲ။ အဲဒါကို နန်းစော အဖမ်းမခံရခင်မှာ ကျမ ပြောပြခဲ့ဖူးတယ်။ "သူသာ အဲဒါတွေကို ပြန်ပြောခဲ့ရင် ဒေါ်လှိုင်လည်း အဖမ်းခံရမှာ သေချာတယ်" လို့ နောက်ပိုင်းမှာ နန်းစော ကျမကို ပြန်ပြောဖူးတယ်။

ဒါပေမဲ့ ကိုသန်းဇော် (ကျောင်းသားထောက်လှမ်းရေး၊ မန္တလေး၊ အစိုးရထောင်ကျပြန်လွတ်) နောက်တခေါက် ဆေးသင်တန်းကို ရောက်လာတဲ့ အချိန်မှာ “ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်) နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ ကြားရင် ကျမကို မဖမ်းလည်း ကျမ လာအဖမ်းခံမယ်” လို့ ပြောခဲ့တယ်။

ရဲဘော်ထွန်းအောင်ကျော် အဖမ်းခံထားရတာကို ကျမတို့ တော်တော်ကြာတဲ့အထိ မသိခဲ့ဘူး။ ဆေးသင်တန်းရဲ့ စားဖိုဆောင်ထဲမှာ သင်တန်းသားတွေအားလုံး မနက်စာ စားနေချိန်မှာ ကေအိုင်အေ လူကြီးတချို့နဲ့ ထိစပ်မှုရှိတဲ့ ကေအိုင်အေ ရဲမေတယောက်က ကျမနား လာထိုင်ပြီး “နင်တို့ ဥက္ကဋ္ဌကို ဖမ်းလိုက်ပြီ၊ နင်တို့သိလား” လို့ တိုးတိုးလေး လာမေးတယ်။ ကျမ ထမင်း ဆက်စားလို့ မရတော့ဘူး။ မျက်ရည်တွေပဲ ကျလာတာနဲ့ အဆောင်ပေါ် ပြန်တက်လာခဲ့တယ်။ အဲဒီနေ့က အလုပ် လုပ်တဲ့ ရက် ဖြစ်လို့ ရဲမေအငယ်တွေ တောထဲကို ထင်းခုတ်၊ ၀ါးခုတ်သွားကြတဲ့အခါ ငိုနေတဲ့ ကျမကို ချန်ထားခဲ့ကြတယ်။ ဆေးသင်တန်းကိုလည်း ကျမ စိတ်မ၀င်စားတော့ဘူး။ သူတို့ သွားတာနဲ့ ထုံးစံအတိုင်း အဆောင်နောက်က တောလမ်းအတိုင်း ဆင်းခဲ့ပြီး ဖြတ်လမ်းကနေ ကျောင်းသားတပ်ကို လာခဲ့တယ်။

“ထောက်လှမ်းရေးရုံး” ကိုသွားဖို့ စခန်းရုံးမှာ အကြောင်းကြားခဲ့တယ်။ အဲဒီအချိန် စခန်းမှူးက ရဲဘော် ဆရာထိန် (ဗန်းမော်) (လက်ရှိ - ချင်းမိုင်)။ ရဲဘော် ဆရာထိန် က ငိုထားတဲ့ ကျမ မျက်နှာကို ကြည့်ပြီး ဘာမှ မမေးဘူး။ ရဲဘော် မြင့်ဇော်ဦး (တိုက်ပွဲမှာ ကျဆုံး) ကို လိုက်ပို့ခိုင်းခဲ့တယ်။

ကျမနဲ့ ရဲဘော် မြင့်ဇော်ဦး လက်ချာဟောကို ဖြတ်တဲ့အချိန်မှာ အဲဒီမှာ အစောင့်ကျနေတဲ့ ဒူဝါး လှဆိုင်း (မြစ်ကြီးနား) (နောက်တန်းမှူး) ထွက်လာပြီး “ဘယ်သွားမလို့လဲ” လို့ မေးတယ်။ “ထောက်လှမ်းရေးရုံးကို သွားမလို့” လို့ ကျမ က ပြောတော့ “ထောက်လှမ်းရေးရုံးမှာ ထောက်လှမ်းရေးရဲဘော်တွေ အခု အလုပ်လုပ်နေကြတယ်၊ သွားလို့မရဘူး၊ သွားချင်ရင် ဆေးခန်းမှာ CS (ရဲဘော်သံချောင်း) နဲ့ GS (ရဲဘော် အောင်နိုင်) ရှိတယ်” လို့ ပြောရင်း တလက်စတည်း “CS နဲ့ GS ၊ ဒီမှာ ခင်ရွှေလှိုင် လာနေတယ်” လို့ အော်ပြောပေးခဲ့တယ်။

လက်ချာဟော နောက်ဘက်မှာရှိတဲ့ ဆေးခန်းကို ဆင်းလာခဲ့တယ်။

ဆေးခန်းထဲကို ၀င်လိုက်တာနဲ့ ကျမ ဘာမှမပြောရသေးခင် ငိုထားတဲ့ ကျမ မျက်နှာကို ကြည့်ပြီး CS သံချောင်းက “ခင်ရွှေလှိုင်၊ ဥက္ကဋ္ဌ တယောက်ကို ဖမ်းဖို့ ဆိုတာ ၉၀% မသေချာပဲနဲ့ ငါတို့ မလုပ်ရဲဘူး။ "မင်းတို့ ဥက္ကဋ္ဌကတောင် ဒီလိုလား" ဆိုပြီး မဟာမိတ်တွေရဲ့ ယုံကြည်မှုကို အပျက်ခံပြီး လုပ်ရတာ။ ခင်မောင်ဇော် (မန္တလေး) (အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန် လွတ်) ဆို ကြည့်စမ်း၊ ငါ ဘယ်လောက် ခင်မောင်ဇော်ကို ယုံကြည်ခဲ့သလဲ၊ စစ်ရုံးကို ကိုင်ခိုင်းထားတာ၊ ဒီကောင်က “ဒလမ” ဖြစ်နေတယ်။ ကြောင် (ကျော်နိုင်ဦး) (သာယာဝတီ) (အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်) ဆိုလည်း GS က ယုံကြည်လို့ သူ့နားမှာတောင် ခေါ်ထားခဲ့တာပဲ” လို့ CS သံချောင်းက ကျမကို ပြောတယ်။ ပြောရင်းနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ ကျမ မျက်လုံးကို CS သံချောင်းက သတိထားမိပြီး “မင်းက ငါပြောရင် ယုံမှာ မဟုတ်ဘူး၊ GS.. ခင်ဗျားပဲ ရှင်းပြလိုက်ပါ” လို့ CS သံချောင်းက ပြောပြီး ဆေးခန်းထဲက ထွက်သွားတယ်။

.
ကိုအောင်နိုင် က “လောလောဆယ်တော့ မင်း တက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။ ငါ့ကို ဖမ်းခဲ့ရင်လည်း ငါတော့ အသား အနာမခံဘူး။ `ဟုတ်တယ်´ လို့ ဖြေမှာပဲ။ မင်းလည်း မင်းအလှည့် ရောက်လာခဲ့ရင်သာ ဘယ်လို ရင်ဆိုင်မလဲ အသင့်ပြင်ထားပါ” တဲ့။ ကိုအောင်နိုင် က ကျမကို ပြောတာပါ။ ကျမ ဘာဆက်ပြောစရာ ကျန်ပါသေးလဲ။

အဲဒီအချိန်မှာ ကျမ နားလည်လိုက်တာက "ရန်သူ့သူလျှိုတွေဟာ ယူဂျီလမ်းကြောင်းက တဆင့် ၀င်လာခဲ့သူတွေ ဖြစ်တဲ့အတွက် ယူဂျီလမ်းကြောင်းမှာ ရှိနေကြတဲ့ ကျမ အပါအ၀င် အားလုံးကို မယုံသင်္ကာ ဖြစ်နေတယ်" ဆိုတာလောက်ပါပဲ။

ဒီလိုနဲ့ တရက်၊ ဆေးသင်တန်း လက်ချာဟောမှာ စာသင်နေတုန်း "ဧည့်သည်လာတယ်" ဆိုပြီး သင်တန်းကြီးကြပ်က ကျမကို လာခေါ်ခဲ့တယ်။ ဆေးသင်တန်းမှာ လာဖမ်းရင်လည်း ဒီပုံစံမျိုးနဲ့ပဲ ခေါ်ထုတ်သွားတတ်တာမို့ ကျန်ခဲ့တဲ့လူတွေက ကျမကို ဖမ်းသွားတယ်လို့ပဲ ထင်ခဲ့ကြတယ်။ ကျမတို့ နေတဲ့ အဆောင်ရှေ့မှာတော့ ကျမ တက်လာတာကို စောင့်ကြည့်နေတဲ့ ကိုသန်းဇော် နဲ့ ဒူဝါလှဆိုင်း က ကျမ ရောက်တာနဲ့ “ဘာမှ မဟုတ်ပါဘူး၊ ဆေးသင်တန်းမှာ စိတ်ဝင်စားမှုလည်းမရှိ၊ အမှတ်တွေလည်း ကျလာတယ် လို့ ပြောလို့ လာတွေ့တာ။ သင်တန်းသားတွေ (ကျောင်းသားတပ်မှ ရဲဘော်တပ်စိတ် နှစ်စိတ်၊ ရဲမေတပ်စိတ် နှစ်စိတ်) အတွက်လည်း တခြား လိုအပ်တာတွေ၊ ဘာတွေ ရှိရင်လည်း ပြောဖို့” တဲ့။ ဒါဟာ ကျမကို အကဲစမ်းနေတာ ဆိုတာလောက်တော့ ကျမ နားလည်ပါတယ်။

ကျမ ဆေးသင်တန်းမှာ ရှိနေတဲ့အချိန်မှာ ရဲဘော်မြဇော် (ခေါ်) ၀သုန် (ပုလိပ်မြို့) (လက်ရှိ - အမေရိက) (တောနဲ့မြို့ဆက်သွယ်ရတဲ့ ရဲဘော်တပိုင်း၊ ယူဂျီတပိုင်း) အရက်မူးပြီး ရောက်လာတယ်၊ “ကျနော် ကိုကြီး (ကိုထွန်းအောင်ကျော်) ကို ထိုးခဲ့၊ ရိုက်ခဲ့တယ်” လို့ ပြောပြီး ငိုတယ်။ ပြီးတော့ “ကိုကြီးက `သူလျှို´ ဟုတ်တယ်။ ကျနော် သူ လွှတ်လိုက်လို့ သူ့အိမ်ကို သွားတဲ့အချိန်မှာ ကျနော် အ၀ိုင်းခံခဲ့ရတယ်။ မနည်း အသက်လွတ်အောင် ပြေးခဲ့ရတာ။ မန္တလေး တီတီစီ ကျောင်းထဲက မြက်ရိုင်းတွေကြားမှာ မြက်ရိတ်သမား အယောင်ဆောင်ပြီး နှစ်ရက်၊ သုံးရက်လောက် အောင်းနေခဲ့ရသေးတယ်” လို့ ဆက်ပြောတယ်။ ကျမက “ကိုထွန်းအောင်ကျော် `သူလျှို´ ဟုတ်တယ် ဆိုရင်လည်း သူ့ဘာသာ သူ ခံလိမ့်မယ်။ မင်းက ကြားထဲက ဘာမှ သွားထိုးစရာ အကြောင်းမရှိဘူး” လို့ ပြောခဲ့တယ်။

တခါတလေ ရဲဘော်မြဇော် (ခေါ်) ၀သုန် က ကျောင်းသား ထောက်လှမ်းရေးရုံးကလိုလို၊ ဘာလိုလိုနဲ့ ကျမကို စကားတွေ လာ အစ်အောက်နေတာ ရှိတယ်။ ရင်းနှီးနေတဲ့ သူတွေ ဖြစ်လို့ “မင်း ငါ့ကို စကားတွေ လာအစ်အောက်နေတာ ငါမသိဘူးများ မှတ်နေလား” ဆိုပြီး ဗြောင်ပြောလွှတ်တော့ ရဲဘော်မြဇော်က ရယ်နေတယ်။

ကျမ ဆေးခန်းမှာ တာဝန်ကျနေတုန်းက ရဲဘော်မြဇော် တကိုယ်လုံး တုန်ပြီး ငှက်ဖျား ထနေလို့ ဆေးခန်း လာပြတယ်။ ရဲဘော်မြဇော်ကို ကျမက ဆေးထိုးပေးရင်း ကိုထွန်းအောင်ကျော်ကို `ထောက်လှမ်းရေး´ ဆိုပြီး ထိုးကြိတ်၊ ရိုက်နှက်ပြီး စစ်ဆေးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲဘော်မြဇော်နဲ့ ကျမနဲ့ စကား ထများတယ်။

“ကိုထွန်းအောင်ကျော်က `ထောက်လှမ်းရေး´ ဆိုတာ ဟုတ်လို့၊ မှန်လို့ ကျနော် ထိုးတာ၊ ရိုက်တာ။ ကိုကြီး (ကိုထွန်းအောင်ကျော်) က `ထောက်လှမ်းရေး´ မဟုတ်ဘူး ဆိုရင် ကျနော် ကြိုးစင် တက်မယ်” လို့ ရဲဘော်မြဇော်က ကျမကို ပြောပြီး ဆေးတောင် မယူတော့ဘူး၊ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတယ်။ ကျမကလည်း “အေး၊ မင်းတို့ ကြိုးစင်တက်မယ့်အချိန်ထိ စောင့်ကြည့်နေမယ်” လို့ ရဲဘော်မြဇော်ကို ပြောခဲ့တယ်။

အိန္ဒိယဘက်မှာ ရဲဘော်မြဇော်နဲ့ ကျမနဲ့် ပြန်တွေ့တော့ ရဲဘော်မြဇော်က "အဲဒီလို မလုပ်ရင် ကျနော်လည်း ပါနိုင်လို့" တဲ့။

ကဲ... "ကြိုးစင်တက်မယ်" လို့ ကြွေးကြော်ခဲ့တဲ့ သူရဲကောင်းများ ထွက်လာပြီး ရှင်းကြပါ။

.
ကျမ ဆေးသင်တန်း တက်နေချိန်မှာပဲ နောင်ရာပါ ရွာလေးကို ခွပြီး စီးနေတဲ့ တောင်ကျချောင်း နှစ်ချောင်းက တချောင်းတည်း ပေါင်းပြီး တိုက်စားသွားလို့ လူတွေ အများကြီး သေကြေ ပျက်စီးခဲ့ရတယ်။ အဲဒီထဲမှာ ကျမတို့ ကျောင်းသားရဲဘော် (၈) ယောက်လည်း ပါသွားခဲ့တဲ့အတွက် သူတို့အတွက် အမှတ်တရမှတ်တိုင်လေး အဲဒီနေရာမှာ စိုက်ထူခဲ့ကြတယ်။ တယောက်ကတော့ သဲတွေ၊ နုန်းတွေထဲမှာ ကိုယ်တပိုင်း နစ်ပြီး သတိလစ်နေတာ ပြန်တွေ့ခဲ့တယ်။ အသက်ရှင်ခဲ့ပေမဲ့ ခြေထောက်တဘက် မသန်တော့ဘူး။ ရဲဘော်တယောက်ကတော့ ဆန်ထမ်းရင်း ကြိုးတံတားပေါ်က ပြုတ်ကျ သေဆုံးခဲ့ရတယ်။

ရွာသားတွေကို လွိုင်ဆာဘက်မှာ ပြောင်းရွှေ့ နေရာချထားတာကို ဆေးသင်တန်းသားတွေ သွားကူပြီး ဒူးလောက် နစ်တဲ့ ရွံ့တွေ၊ နွံတွေထဲမှာ နာရီဝက်လောက် သွားရတဲ့ တောထဲက ၀ါးတွေ၊ တိုင်တွေကို ထမ်းသယ်ရင်း အဆောက်အဦတွေကို ပြန်ဆောက်ပေးကြရတယ်။ အဲဒီ လွိုင်ဆာ ဆိုတဲ့ ရွာလေးဟာ နအဖ ဂိတ်တွေနဲ့ တနာရီတောင် မဝေးတော့ပါဘူး။ ထွက်ပြေးချင်ရင် ပြေးနိုင်ပါတယ်။ ဒါပေမဲ့ ကျမ မစဉ်းစားခဲ့ဘူး၊ ရင်ဆိုင်ဖို့သာ ပြင်ထားခဲ့တယ်။

ကျမ ဆေးသင်တန်းပြီးလို့ တပ်ကို ပြန်လာတဲ့အချိန်မှာ အရင်က ကျမကို ခင်ခဲ့တဲ့ မဘေဘီ (မိုးညှင်း)၊ မနှင်းမေ (မိုးညှင်း) တို့ဟာ ကျမကို မခေါ်၊ မပြောနိုင်တော့အောင် ရန်သူတယောက်လို သဘောထား ဆက်ဆံလာတယ်။ အစကတည်းက သိပ်အတွဲ မဖြစ်ခဲ့တဲ့ တခြား ရဲမေအကြီးတချို့ကတော့ သူတို့ပါ အဆစ်ပါသွားမှာ ကြောက်တယ် ထင်ပါရဲ့၊ ကျမနဲ့ စကား မပြောဖြစ်အောင် ရှောင်ကွင်းနေကြတယ်။ ကျမ အနားမှာတော့ နဂိုကတည်းက ကျမကို ခင်မင်နေတဲ့ ရဲမေအငယ်တွေပါပဲ။

တခါကတော့ ထောက်လှမ်းရေးရုံးက လာခေါ်လို့ လိုက်သွားရတယ်။ အထဲကို ရောက်တော့ ကိုသန်းဇော်က “ဘာမှ မဟုတ်ပါဘူး၊ ငါတို့ စစ်တာကို မင်း ကြည့်ချင်ရင် ကြည့်လို့ရအောင် မင်းကို ခေါ်လိုက်တာပါ” တဲ့။ မျက်လွှာလေးတွေ ချပြီး ငုတ်တုတ်လေးတွေ ထိုင်နေသူ သုံးယောက်က ရဲဘော်ရန်အောင်၊ မခင်ချိုဦး၊ သင်းသင်း။ သူတို့က ကျမကို မျက်လုံးချင်း ဆုံကြည့်မိရင် ကျမအတွက် အန္တရာယ်ရှိနိုင်တာကို သူတို့ သုံးယောက်က သိနေလို့ ထင်ပါတယ်၊ တချက်မှ ကျမကို မကြည့်ကြဘူး။

ကျမ ရှေ့မှာမို့လို့ ရဲဘော်ရန်အောင်၊ မခင်ချိုဦး၊ သင်းသင်း တို့ကို ကိုသန်းဇော်တို့ ကျောင်းသားတပ် ထောက်လှမ်းရေးတွေက ဘာမှ ထူးထူးခြားခြား မေးမြန်းနေတာမျိုး မရှိပါဘူး။ ဒါကလည်း "ကျမကို အကဲစမ်းနေတယ်" ဆိုတာကို သိနေတဲ့ ကျမက “အဲဒီအထဲမှာ ကျမကော မပါဘူးလား” လို့ တမင် ဘုတောပြီး ၀င်မေးခဲ့တယ်။ သုံးယောက်စလုံးက “မပါပါဘူး” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။ ပြန်ခါနီးမှာ ကိုသန်းဇော်က “မင်း သတ္တိရှိတယ် ဆိုတာကိုတော့ ဇော်ဦး (တိုက်ပွဲကျဆုံး၊ ရှေ့တန်းထွက်စဉ်က ကျမရဲ့တပ်စိတ်မှူး) က ပြောဖူးတယ်” တဲ့။

.
ဘယ်တုန်းကမှ ကျမကို အဖမ်းခံထားရတဲ့ဘက်မှာ တာဝန် မချပေးခဲ့ဘူး။ အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အစောင့်ချထားတယ် ဆိုတာလည်း ကျမ မသိဘူး။ ဆေးနဲ့ ပတ်သက်တဲ့ တာဝန်ကိုတော့ ဆေးတာဝန်ခံ ရဲမေ အန်ရမ်တီး (မိုးကောင်း) နဲ့ ဆေးဆရာမ တင်စန်းဦး (မိုးညှင်း) ပဲ တာဝန်ယူခဲ့တယ်။ အမျိုးသမီးတွေရဲ့ မအင်္ဂါကို စစ်ဆေးခဲ့သူက ဆေးတာဝန်ခံ ဆရာမ အန်ရမ်တီး ပါ။ "အမျိုးသမီးတွေရဲ့ မအင်္ဂါကို စစ်ခဲ့တာ" ကိုပဲ ပြောပြီး "ဘယ်သူ စစ်တာလဲ" ဆိုတာကို ထည့်မပြောတော့ အမျိုးသမီးတွေရဲ့ မအင်္ဂါကို စစ်ခဲ့တဲ့ ရဲဘော်တွေကပဲ "တဏှာရူးလို့ လုပ်ခဲ့သလို" ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။

တခါတော့ ကျမကို ကျောင်းသားထောက်လှမ်းရေးထဲက ကျော်ထင်ဦး (အထဲပြန်ဝင်၊ သေဆုံး) လာခေါ်လို့ လိုက်သွားရတယ်။ အဖမ်းခံထားရတဲ့ လူတွေကို ထားတဲ့ ဟောလ် ခန်းမကြီးရဲ့ ဘေးအပြင်ဘက် ကထိုင်ခုံတွေ လုပ်ထားတဲ့ နေရာမှာ ရဲဘော်ထွန်းအောင်ကျော်နဲ့ အဖမ်းခံထားရတဲ့ ရဲဘော်တစု နေပူဆာလှုံရင်း စကားပြောနေကြတာကို တွေ့ရတယ်။ ကျမကို ကြည့်လိုက်တဲ့ မျက်လုံးရဲ့ အဓိပ္ပါယ်၊ ပြုံးလိုက်တဲ့ နှုတ်ခမ်းကို မမေ့ပါဘူး။ ကျမ ဘယ်လိုရဲမေလဲ ဆိုတာကို သိတဲ့ လူထဲမှာ ကိုထွန်းအောင်ကျော်လည်း ပါပါတယ်။

အထဲမှာ ဖျားနာနေတဲ့ ရဲဘော်တချို့ကို ဆေးထိုး၊ ဆေးပေးခဲ့တယ်။ မဖျားနာတဲ့ လူတွေအတွက် ကျမ လက်ထဲမှာ ပေးစရာက ငါးကြီးဆီပဲ ရှိတာမို့ သူတို့ တောင်းတောင်း၊ မတောင်းတောင်း အားလုံးရဲ့ လက်ထဲ ထည့်ပေးခဲ့တယ်။ ဒါလည်း အကဲစမ်းချက် တခုပါပဲ။

ကျောင်းသားထောက်လှမ်းရေးထဲမှာ ပါတဲ့ ရဲဘော်အောင်စိုးမြင့်က ကျမကို ယူဂျီလမ်းကြောင်းမှာ သုံးခဲ့တဲ့ တကျပ်တန် ငွေစက္ကူတွေနဲ့ ပတ်သက်ပြီး မေးခဲ့တာ ရှိတယ်။ “သိချင်ရင် ဥက္ကဋ္ဌ ကိုအောင်နိုင်ကို မေးကြည့်၊ သူ ခိုင်းခဲ့တာ” လို့ ဖြေတော့ “မင်းကလည်း အလာကြီးပါလား” တဲ့။ အမှန်က ကိုအောင်နိုင်နဲ့ ကျမနဲ့ တိုက်ရိုက် မပတ်သက်ပါဘူး။ ကျမ တမင်ဘုတောပြီး ဖြေခဲ့တာ။

ရင်းမှူး သိုက်ထွန်းဦး ဆိုရင်လည်း ကျမလိုပဲ သံသယနဲ့ အကြည့်ခံရတဲ့ အထဲမှာ ပါပါတယ်။ “ငါ့ကို ဒီလို မဆက်ဆံနဲ့၊ ဖမ်းချင်ရင် တခါတည်း ဖမ်းလိုက်” လို့ ရင်းမှူး သိုက်ထွန်းဦးက အရက်မူးပြီး ပေါက်ကွဲပြီး အော်ခဲ့တဲ့အထိ။

မြောက်ပိုင်းကျောင်းသားတပ်က ကျောင်းသားထောက်လှမ်းရေးတွေက ကျမကို မယုံကြည်ကြတာကို ကျမ ခံစားရကတည်းက ကျမက ကောင်းကောင်းမွန်မွန် လုပ်ရင် သူတို့ ယုံကြည်အောင် ကျမက တမင် ဟန်ဆောင်ပြီး လုပ်ပြနေသလို ဖြစ်နေမှာ စိုးလို့ ကျမက မကောင်းတာတွေပဲ အရွဲ့တိုက်ပြီး လုပ်ခဲ့တာ ရှိတယ်။ (ဒါကိုတော့ မရေးတော့ဘူး၊ မိသားစုဝင်တွေ စိတ်မကောင်းမှာစိုးလို့။)

"ကျမကို မယုံကြည်ဘဲနဲ့ ဆေးလာထိုးခိုင်းတဲ့ လူကြီးတွေ ရှိရင် အဲဒီ လူကြီးတွေကို ကျမ ဆေးထိုးသတ်မယ်" လို့ ကျမ ပြောခဲ့တာတွေ ရှိတယ်။

လူကြီးတွေရော၊ ရဲဘော်တွေရော တယောက်မကျန် ငါးကန်တူးရမယ် ဆိုရင်လည်း ကျမ မသွားလို့ CS သံချောင်းက ရဲဘော်သက်လင်း (ကျောင်းသားထောက်လှမ်းရေး) (ဗန်းမော်) ကို လာခေါ်ခိုင်းတယ်။ “ `ဒေါ်လှိုင် မပါရင် ကျနော့်ကို ပြန်မလာနဲ့´ လို့ CS သံချောင်းက ပြောလိုက်တယ်၊ လာပါ” လို့ အတင်း ခေါ်ခဲ့ပေမဲ့ “မလိုက်ဘူး၊ ကြိုက်တာလုပ်” ဆိုပြီး ကျမ ဇွတ်ပေနေတာမျိုးတွေလည်း ရှိတယ်။

.
ဒါတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ရှေ့တန်းက ပြန်ရောက်လာတဲ့ ခရိုင်မှူး ကိုစိန်အေးကလည်း (မိုးညှင်း) (ကိုသန်းဇော် နဲ့အတူ စစ်အစိုးရ အဖမ်းခံ၊ ထောင်ကျ၊ ပြန်လွတ်) က ကိုမျိုးဝင်းတို့ ရှေ့တန်းထွက်ဖို့ ပြင်နေချိန်မှာ မြောက်ပိုင်းကျောင်းသားတပ်က ကျောင်းသားထောက်လှမ်းရေးရုံးထဲမှာ ကျမကို ပြောခဲ့တာ ရှိတယ်။ “မင်းက အကုန်လုံး ပြောစရာမရှိဘူး၊ ကောင်းတယ်။ တခုလေးပဲ မှားနေတယ်” တဲ့။ “အဲဒီ ကျမ မှားနေတဲ့ တခုက ဘာလဲ” လို့ ကျမ ချက်ချင်း ပြန်မေးတော့ ပြန်မဖြေခဲ့ဘူး။

လေ့ကျင့်မွမ်းမံ သင်တန်းတွေ ပြန်လုပ်နေတဲ့အချိန်မှာ သင်တန်းတက်နေရင်း တညနေမှာ ဖျားနာခြင်း လုံးဝ မရှိဘဲ အကောင်းကြီးကနေ တကိုယ်လုံး ညောင်းကိုက်ပြီး အန်တာနဲ့ ဝမ်းလျှောတာနဲ့ တပြိုင်တည်း ဖြစ်ပြီး သတိလစ်သွားတယ်။ သတိရလာတော့ ခြေထောက်နှစ်ဘက်၊ လက်နှစ်ဘက်စလုံးမှာ ပုလင်းကြီးတွေ ချိတ်ထားတယ်။ ခြေသည်းတွေ၊ လက်သည်းတွေ အားလုံး ပုတ်ကုန်တယ်။ လူက အရိုးပေါ် အရေတင်ပဲ ကျန်တယ်။ ဆေးရုံက ဆရာဝန်တွေလည်း "ဒါမျိုး လက္ခဏာ တခါမှ မတွေ့ဖူးဘူး" တဲ့။

အဲဒီအချိန်မှာ ရင်းမှူးသိုက်ထွန်းဦးနဲ့ ရဲဘော်မြဇော် ရောက်လာပြီး သတင်းမေးတယ်။ “ဆေးသောက်တယ် .. ဆို” တဲ့။ “ဆေးရုံတက်နေပါတယ် ဆိုမှ ဆေးသောက်တာပေါ့” လို့ အူကြောင်ကြောင်နဲ့ ဖြေမိတော့ “အဲဒီဆေးကို ပြောတာ မဟုတ်ဘူး။ ဆေးဖြုတ်ချတယ် ကြားလို့” တဲ့။ ကဲ.. ကာယကံရှင်က အခုမှ သတိရလာခါစ။ ကျောင်းသားတပ်ထဲမှာတော့ “ခင်ရွှေလှိုင်က သူ့ကို ဖမ်းတော့မယ်မှန်း သိလို့ ဆေးဖြုတ်ချတယ်” ဆိုတဲ့ သတင်းက ပြန့်နေပြီ။ ဘယ်သူတွေက ဒါတွေကို ဖြန့်နေကြတာလဲ။ ဘယ်သူ့ကို သွားရှင်းပြရမှာလဲ။

၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့မှာ ကိုထွန်းအောင်ကျော် အပါအဝင် မြောက်ပိုင်းကျောင်းသားတပ် ရဲဘော် ၁၅ ယောက်ကို သူလျှိုတွေအဖြစ် သေဒဏ်စီရင်တာတွေ အားလုံး ဖြစ်ပျက်ခဲ့ပြီးတဲ့ နောက်ပိုင်း (၁၉၉၂ - ၉၃) မှာ ကျမ တပ်ထဲမှာ နေချင်စိတ် ကုန်သွားလို့ မြောက်ပိုင်းကျောင်းသားတပ် ဗဟိုက မေခ မေလိခ၊ ချီဖွေ လောခေါင် ကားလမ်းကို ဖြတ်ပြီး ဗဟိုကနေ (၁၇) ရက်လောက် သွားရတဲ့ တပ်မဟာ (၁) နယ်မြေ အင်ဂွန်းလ ရွာကလေးမှာ ကျောင်းဆရာမ သွားလုပ်ဖို့ ကျမနဲ့ အန်တီအေး (မန္တလေးမှာ အဖမ်းခံခဲ့ရတဲ့၊ တောထဲကနေ ကိုမျိုးဝင်း ပြန်လွှတ်ပေးလိုက်တဲ့ ယူဂျီ မမူရဲ့ ညီမ ရဲမေ မခင်မာအေး) က ကိုသံချောင်းဆီမှာ သွားပြီး ခွင့်တောင်းတုန်းက ကိုသံချောင်းက ကျမ သွားမှာကို စိတ်မကောင်း ဖြစ်ပြီး “ငါ မင်းကို ယုံတာပဲ၊ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။ ကိုသံချောင်း ဆိုတဲ့လူက အဲဒီလို လူမျိုး။

.
ကြောင် (ခ) ကိုကျော်နိုင်ဦးကို ဖမ်းတဲ့ အချိန်တုန်းကလည်း ကိုသံချောင်းက “ငါ့ ကြောင်လေး (ကိုကျော်နိုင်ဦး) တော့ သူလျှို ဟုတ်မယ် မထင်ပါဘူးကွာ၊ မင်းတို့ ကြည့်လည်း လုပ်ပါအုံး” လို့ ကျောင်းသားထောက်လှမ်းရေးတွေကို ပြောခဲ့တယ်။ အဖမ်းခံထားရတဲ့ ကြောင် (ကိုကျော်နိုင်ဦး) ကိုလည်း “မင်း ငါတို့ကို ထမင်းချက်ကျွေးခဲ့တာပဲ၊ ဘာလို့ အဆိပ်ခပ် မသတ်ခဲ့တာလဲ” လို့ သွားမေးသေးတယ်။ အဲဒီတော့ ကြောင် (ကိုကျော်နိုင်ဦး) က ကိုသံချောင်းကို ပြန်ဖြေခဲ့တယ်၊ “ကျနော် CS ကို ချစ်လို့” တဲ့။

အကျယ်ချုပ်ကနေ လွတ်လာတဲ့ ကြောင် (ခေါ်) ကိုကျော်နိုင်ဦး (သာယာဝတီ) (လက်ရှိ ထောင်ကျနေတဲ့ ကိုသံချောင်းကို ကူညီပေးနေသူ) အဆောင်ရှေ့မှာ ကျမကို လာပြောခဲ့တာ ရှိတယ်။ “မင်းကို မျက်မြင်သက်သေ အဖြစ် ချန်ထားနိုင်ဖို့ အားလုံးက ၀ိုင်းကာထားကြတယ်။ (နောက်ပိုင်းမှာ ကိုသန်းဇော် ပြောပြတာက "(အဲဒီတုန်းက) မင်း အဲလို ဗြောင်ပြော၊ ဗြောင်ဖိုက် နေခဲ့တာတွေက မင်းကို ကယ်သွားတာ" တဲ့။) ကိုအောင်နိုင်ကလည်း မသေချာဘူး။ သူ့ရဲ့ပစ္စတို အသိမ်းခံထားရတယ်။ ငါ သူ့ကို စိတ်မချလို့ ထွက်မပြေးသေးတာ” ဆိုပြီး ကြောင် (ကိုကျော်နိုင်ဦး) က ကျမကို ပြောခဲ့တယ်။ ကြောင် (ကိုကျော်နိုင်ဦး) ပြေးခါနီးအချိန် ကေအိုင်အေ အပစ်အခတ်ရပ်ပြီး (၁၉၉၄ - ၉၅) မှာ “ငါ မနက်ဖြန်ဆို ဒိုး ပြီ” လို့ ကြောင် (ကိုကျော်နိုင်ဦး) က ကျမကို လာပြောတယ်။ သူ ထွက်ပြေးတဲ့အခါမှာ သူနဲ့ အတူတူ ကျမ လိုက်ချင်လည်း လိုက်လို့ရအောင် ကြောင် (ကိုကျော်နိုင်ဦး) က ကျမကို ယုံယုံကြည်ကြည်နဲ့ အသိ လာပေးခဲ့တာပါ။

အခုနေ ပြန်စဉ်းစားရင် အဲဒီအချိန်က ကျမ သတိလစ်ပြီး ဆေးရုံ ရောက်သွားတာ "အဆိပ်များ မိခဲ့သလား" လို့တောင် သံသယ ဖြစ်လာတယ်။ အဲဒီလို ဖြစ်ခဲ့တာဟာ ကျမအတွက် အကောင်းလား၊ အဆိုးလား ကျမ မသိဘူး။

.
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်။

(မြောက်ပိုင်းကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို သူလျှိုတွေအဖြစ် သေဒဏ်စီရင်တဲ့ ၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့)

လေ့ကျင့်မွန်းမံသင်တန်းက ရဲဘော် ရဲမေတွေကို ဘွန်လွန်း ဘက်ကို တရက်ခရီး လွှတ်လိုက်တယ်။ နောက်တန်းမှာ ယုံကြည် စိတ်ချရတဲ့ ရဲဘော်တချို့ပဲ ကျန်ခဲ့တယ်။ ရဲမေဆောင်မှာ နေမကောင်းလို့ သင်တန်းက ထွက်ခဲ့တဲ့ ကျမနဲ့ ကျမကို စောင့်ကြည့်နေတဲ့ ရဲမေ ဂျူးဂျူး (ခ) မာမာထွန်း (မိုးကောင်း) (နောင်မှာ ကိုသံချောင်းဇနီး ဖြစ်လာသူ) နှစ်ယောက်ပဲ ရှိတယ်။

အဲဒီအချိန်မှာ အတွင်းရေးမှူး ကိုအောင်နိုင်နဲ့ ကိုယ်ရံတော် ကျားလေး (ခေါ်) ရဲဘော်အောင်စိုး ရှေ့တန်းသွားသလို ၀တ်စုံအပြည့်နဲ့ ရောက်လာပြီး “ခရာမှုတ်သံ မကြားဘူးလား” လို့ မေးတော့ ကျမနဲ့ ရဲမေ ဂျူးဂျူး နှစ်ယောက်စလုံးက “မကြားဘူး၊ ဘာဖြစ်လို့ လဲ” လို့ ပြန်မေးတော့ ကိုအောင်နိုင်နဲ့ ကိုယ်ရံတော် ကျားလေးက မဖြေဘဲ ပြန်ထွက်သွားကြတယ်။

ခဏနေတော့ အာဆန်ကုန်းဘက် တက်သွားတဲ့ လူတန်းရှည်ကြီးကို ကျမတို့ နေတဲ့ ရဲမေဆောင်ကနေ လှမ်းမြင်လိုက်တော့ “မဂျူး၊ အဲဒါ ဘာလုပ်တာလဲ” လို့ ကျမ မေးကြည့်တော့ “သတ်လိမ့်မယ် ထင်တယ်” တဲ့။ ကျမက “သွားကြည့်မယ်၊ လိုက်မလား” လို့ ရဲမေ ဂျူးဂျူးကို မေးတော့ “မလိုက်ချင်ဘူး” တဲ့။ “ဘာပဲဖြစ်ဖြစ် ဘာတွေ ဖြစ်ပျက်တယ် ဆိုတာကို ငါ သိကို သိနေရမယ်” ဆိုတဲ့ စိတ်က ကျမကို အမြဲ တွန်းအား ပေးနေခဲ့တယ်။

ကျမ သူတို့ရှိတဲ့ နေရာ အာဆန်ကုန်းပေါ်ကို ရောက်တော့ ကိုသံချောင်းက "ဟာ.. မင်း ကြည့်ရဲမှာ မဟုတ်ဘူး၊ ပြန်ပြန်" လို့ ကျမကို ပြောတယ်။ ကျမက "ရပါတယ်" လို့ ပြောရင်း ကိုသံချောင်း တို့နားမှာ ၀င်ထိုင်လိုက်တယ်။

တန်းစီလျက်ရှိနေကြတဲ့ အသတ်ခံရမဲ့ လူ (၁၅) ယောက်ရဲ့ မျက်နှာတွေကို ကျမ ကြည့်ခွင့်ရခဲ့တယ်။ တူးထားပြီးသား တွင်းတွေရဲ့ ရှေ့မှာ အားလုံးက တည်တည်ငြိမ်ငြိမ်နဲ့။

အသတ်ခံရမဲ့လူ တယောက်စီကို "ထောက်လှမ်းရေး ဟုတ်သလား" လို့ ထပ်မေးတော့ ခွဲမှူးသာဓု (မိုးကောင်း) တယောက်ပဲ "သူဟာ ငယ်ငယ်ကတည်းက မိဘမဲ့မို့ ရဲရိပ်သာက ခေါ်ယူ မွေးစားခဲ့တယ်။ မြောက်ပိုင်းကျောင်းသားတပ်ကို ထောက်လှမ်းရေးတာဝန်နဲ့ လွှတ်လိုက်တာ ဟုတ်ပေမဲ့ ဒီရောက်တော့ ကျောင်းသားရဲဘော်တွေကို သံယောဇဉ်တွယ်သွားလို့ သူ့ကို လုပ်ခိုင်းခဲ့တဲ့ ထောက်လှမ်းရေးတာဝန်တွေ ဘာတခုမှ မလုပ်ခဲ့ပါဘူး" လို့ ရှည်ရှည်ဝေးဝေး ရှင်းပြတာကလွဲရင် အားလုံးက “ထောက်လှမ်းရေး ဟုတ်ပါတယ်” လို့ပဲ ၀န်ခံခဲ့ကြတယ်။

.
အသတ်ခံရတဲ့ အထဲမှာ ပါတဲ့ မခင်ချိုဦး (ရန်ကုန်) ဟာ နန်းအောင်ထွေးကြည်၊ တိုက်ပိတ် (ခေါ်) သန်းထွန်းစိုးနဲ့ အတူ လာခဲ့သူ တဦး ဖြစ်သလို တောထဲ လာခဲ့တဲ့ လမ်းမှာပဲ တိုက်ပိတ်နဲ့ အိမ်ထောင်ကျခဲ့တဲ့ တိုက်ပိတ်ရဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။ မခင်ချိုဦးဟာ ကျမ မြောက်ပိုင်းကို ရောက်စက ကျမနဲ့ စားအတူ၊ အိပ်အတူ ဖြစ်အောင် ခင်မင်သွားတဲ့ သူတဦး ဖြစ်သလို သူ့မှာ ရှိနေတဲ့ ပဲပုတ်ခြောက်လေးတွေ မီးကင်ပြီး ကျမကို သုတ်ကျွေးတတ်တယ်။

ပြန်စဉ်းစားမိတော့ မခင်ချိုဦးဟာ နန်းအောင်ထွေးကြည်နဲ့ အတူ လာခဲ့ပေမဲ့ သူတို့နှစ်ယောက် အတူတွဲပြီး နေထိုင်စားသောက် သွားလာဆက်ဆံတာမျိုးတွေ ကျမ တခါမှ မမြင်ခဲ့ဖူးတာကို သတိထားမိလာတယ်။ မခင်ချိုဦးက "ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသူ" လို့ ပြောခဲ့ပေမဲ့ ရန်ကုန်တက္ကသိုလ် ရဲ့အနေအထားကို ကျမက မခင်ချိုဦးကို မေးကြည့်တော့ မခင်ချိုဦးက ရန်ကုန်တက္ကသိုလ် အကြောင်း ဘာမှမသိတဲ့ အပြင် မခင်ချိုဦးရဲ့ နေပုံထိုင်ပုံတွေအရ မြောက်ပိုင်းကျောင်းသားတပ်က ကျောင်းသားထောက်လှမ်းရေးဘက်က မခင်ချိုဦးကို "မကောင်းတဲ့မိန်းမ" သဘောမျိုး ယူဆထားကြတာကို ကြားခဲ့ရတယ်။

ဒါနဲ့ ပတ်သက်ပြီး နန်းအောင်ထွေးကြည်ကို ကျမ မေးကြည့်တော့ “မိချို (ခင်ချိုဦး) တက္ကသိုလ်ကျောင်းသူ ဟုတ်မဟုတ် ငါ မသိဘူး။ ငါ ကတော့ စိတ်ပညာနဲ့ စာပေးစာယူ ယူထားတာပဲ။ မိချို (ခင်ချိုဦး) နဲ့ ငါက NLD မှာ လုပ်ရင်း တွေ့ကြတာ။ ခင်ချိုဦး အရမ်း ဆင်းရဲတယ် ဆိုတာတော့ ငါ သိတယ်။ အခု ကျူးကျော်ရပ်ကွက်တွေ ဖျက်လိုက်တော့ သူတို့မိသားစုတောင် ဘယ်ရောက်နေလဲ မသိတော့ဘူး။ (တိုက်ပိတ် (ခေါ်) သန်းထွန်းစိုးတော့ သိနိုင်မယ်လို့ ကျမ ထင်တယ်။) ပြီးတော့ မိချို ထွက်ဆိုတာတွေ မှန်သမျှ ငါက နောက်ကနေ ဒိုင်ခံ လိုက်ဖြေနေရတာ။ ငါကတော့ အားလုံးကို သန်းထွန်းစိုး (ခေါ်) တိုက်ပိတ် ကိုချည်းပဲ လွှဲချပြီး ဖြေခဲ့တာ” လို့ နန်းအောင်ထွေးကြည်က ကျမကို ပြောခဲ့တယ်။

သေချာတာကတော့ မခင်ချိုဦးဟာ လည်မလိုလိုနဲ့ အူတူတူ အတတ ထဲကပါ။ မခင်ချိုဦးဟာ အသုံးချခံလိုက်ရတာ ဖြစ်ဖို့ များပါတယ်။

.
တန်းစီလျက်ရှိနေကြတဲ့ အသတ်ခံရမဲ့လူ (၁၅) ယောက်ကို တန်းစီနေရာကနေ တယောက်စီ အသတ်ခံရမဲ့နေရာတွေမှာ နေရာချပေးဖို့ ခေါ်ထုတ်တဲ့အချိန်မှာ ကိုထွန်းအောင်ကျော်က “VCS နဲ့ CS တို့ ... မှားမယ်နော်” လို့ စကားတခွန်း ပြောသွားခဲ့တယ်။ ကျည်ဆံကို အသုံးမပြုပဲ ဓါးကို အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ သတ်မယ့်သူ (၁၅) ယောက်လုံးရဲ့ အ၀တ်အစားတွေကို ပခုံးအောက် ကျောလယ်လောက်အထိ ချွတ်ချခဲ့ကြတယ်။

(နန်းအောင်ထွေးကြည် ပြောခဲ့သလို "မခင်ချိုဦးကို တကိုယ်လုံး ချွတ်ချပြီး ရဲဘော်တွေကို မုဒိမ်းကျင့်ခိုင်းတယ်" ဆိုတဲ့အချက်က မမှန်ကန်ပါ။ မြောက်ပိုင်းက ရဲဘော်တွေအားလုံးကို သိမ်းကြုံးစော်ကားသလို ဖြစ်နေပါတယ်။ "မလုပ်ရတာကြာပြီ၊ လုပ်ချင်လုပ်" လို့ ပြောရအောင်ကလည်း အဲဒီအချိန်မှာ ရဲဘော်တွေအားလုံးက လူပျိုတွေချည်းပါ။ ကျော်ခိုင်ဝင်း အပါအ၀င် တခြားရဲဘော်တွေလည်း အများကြီး ရှိပါတယ်။)

၁၅ ယောက်ကို သူလျှိုတွေအဖြစ် သေဒဏ် ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီထဲက ဘယ်သူတွေ ပါဝင် ဆုံးဖြတ်ခဲ့တာ ကျမ မသိခဲ့ပေမယ့် အမိန့်ပြန်တမ်းကိုတော့ သေဒဏ်အမိန့်ကို ဆုံးဖြတ်ခဲ့တဲ့ ဗဟိုကော်မတီဝင် အားလုံးကိုယ်စား ကိုမျိုးဝင်းတယောက်ပဲ တာဝန်ခံ လက်မှတ်ထိုးပြီး ထုတ်ပြန်ချက်ကို ရဲဘော်တွေ ကြားအောင် ဖတ်ပြခဲ့တာကိုတော့ ကြားခဲ့ရတယ်။

သေဒဏ်စီရင် ကွပ်မျက်မှုကို တကယ် လုပ်တော့မယ့် အချိန်မှာတော့ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ကျမကို ပြန်ခိုင်းခဲ့သလို ကျမကိုယ်တိုင်လည်း လက်တွေ့မှာ ကျတော့ ကြည့်နိုင်တဲ့ စိတ်ဓာတ်အင်အား မရှိတာမို့ ပြန်ဆင်းလာခဲ့ပေမယ့် ကျမခေါင်းထဲမှာတော့ မေးခွန်းတွေ တခုပြီးတခု ရောက်လာခဲ့တယ်။ ဒါတွေ စဖြစ်ကတည်းက "ဘာတွေ ဖြစ်နေတာလဲ" ဆိုပြီး အဖြစ်အပျက်အမှန်ကို အသိချင်ဆုံး လူထဲမှာ ကျမ ရှေ့ဆုံးက ပါခဲ့တယ်။

(ဆက်ရန်)

ခင်ရွှေလှိုင်

မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက် လူထုတော်လှန်ရေးနေ့


(နေ့သစ် http://www.naytthit.net/?p=26110 မှ ကူးယူ ဖော်ပြပါတယ်။)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး ((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၄) )) ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ဖြိုခွဲခဲ့တဲ့ တရားခံအစစ်က ဘယ်သူလဲ (၅)

(ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး) ကို အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)

April 3, 2012


(၄)

ထူးဆန်းနေတာက "နှိပ်စက်တာ မခံနိုင်လို့ ပါးစပ်ထဲ ရှိတဲ့ နာမည်တွေ လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ်" လို့ ပြောတယ်။ အဲဒီလို လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့ တယောက်မှကို မငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ ၀န်ခံခဲ့ကြတယ်။ သတ်တော့မယ် ဆိုတာကို သေချာပေါက် သိနေတဲ့ အချိန်မှာတောင် “ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။ ဘာကြောင့် “ငါတို့ သူလျှို မဟုတ်ဘူးကွ” လို့ ကျန်နေတဲ့ ရဲဘော်တွေကြားမှာ သံသယလေး တစွန်းတစ ချန်ထားနိုင်အောင် မအော်သွားခဲ့ကြတာလဲ။

တယောက်မကျန် "ဟုတ်ပါတယ်" လို့ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။ ရိုက်စစ်စရာ သိပ်မလိုဘဲ၊ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲကပဲဖြစ်ဖြစ်၊ အဖမ်းခံရပြီး သူတွေထဲကပဲဖြစ်ဖြစ် "မင်းတို့ ငြင်းမနေနဲ့၊ ငြင်းနေရင် အသား အနာခံရဖို့နဲ့ သေဖို့ပဲ ရှိတယ်။ `ဟုတ်တယ်´ လို့ `ဒီလို၊ ဒီလို´ ဖြေလိုက်" လို့ ဆိုပြီး လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။ ဘယ်သူတွေလဲ။

မဟုတ်ဘဲနဲ့ အဖမ်းခံခဲ့ကြရတယ်။ တယောက်စီ ခေါ်ထုတ်ပြီး ခွဲစစ်ခဲ့ကြတယ်။ ပုံမှန်ဆို ထွက်ဆိုချက်တွေက တယောက်တပေါက်စီ ဖြစ်ကို ဖြစ်နေရမယ်။ "ရန်သူ့ သူလျှိုတွေ မဖြစ်နိုင်ဘူး" ဆိုတဲ့ အနေအထားတွေကို ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်။ ကိုညီညီကျော်တို့ အဖမ်းမခံရခင် အစ ပိုင်းမှာကတည်းက ညွှန်ပြနေရမယ်။

လက်တွေ့မှာ အရာရှိအဆင့်နဲ့ အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့ သူတို့ချင်း ဆက်သွယ်တဲ့ ကုပ် (code) တွေပါ တူနေကြတာက ယုံကြည် လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေ ယူ၊ ဗွီဒီယိုတွေ ရိုက်ခဲ့ကြတဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ သက်သေပြဖို့ "ယင်ဒီး" (Ms. Yindee Lertcharoensok) လို သတင်းထောက်မျိုးကိုတောင် တောထဲ ခေါ်ပြီး ပြလိုက်ကြသေးတယ်။

အဖမ်းခံခဲ့ရတဲ့ထဲက ကြောင် (ခ) ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊ ကိုညီညီ အပါအ၀င် ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းလာကြတာတွေ ရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတွေကို "မိဘတွေကိုယ်တိုင် လာခေါ်ရင် လွှတ်ပေးမယ်" လို့ ပြောပြီး မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ် လာခေါ်ကြတော့ ပြန်မထည့်ပေးဘဲ လူကြီးတွေ ကတိ ပျက်ခဲ့တာလည်း ရှိတယ်။ တောထဲလိုက်လာတဲ့ မိဘတွေကို "ခင်ဗျားတို့ သားသမီးတွေက `ဒီလို၊ ဒီလို´ တွေပါ" လို့ ရှင်းပြခဲ့ကြသေးတယ်။

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)

April 3, 2012


(၄)

ထူးဆန်းနေတာက "နှိပ်စက်တာ မခံနိုင်လို့ ပါးစပ်ထဲ ရှိတဲ့ နာမည်တွေ လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ်" လို့ ပြောတယ်။ အဲဒီလို လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့ တယောက်မှကို မငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ ၀န်ခံခဲ့ကြတယ်။ သတ်တော့မယ် ဆိုတာကို သေချာပေါက် သိနေတဲ့ အချိန်မှာတောင် “ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။ ဘာကြောင့် “ငါတို့ သူလျှို မဟုတ်ဘူးကွ” လို့ ကျန်နေတဲ့ ရဲဘော်တွေကြားမှာ သံသယလေး တစွန်းတစ ချန်ထားနိုင်အောင် မအော်သွားခဲ့ကြတာလဲ။

တယောက်မကျန် "ဟုတ်ပါတယ်" လို့ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။ ရိုက်စစ်စရာ သိပ်မလိုဘဲ၊ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲကပဲဖြစ်ဖြစ်၊ အဖမ်းခံရပြီး သူတွေထဲကပဲဖြစ်ဖြစ် "မင်းတို့ ငြင်းမနေနဲ့၊ ငြင်းနေရင် အသား အနာခံရဖို့နဲ့ သေဖို့ပဲ ရှိတယ်။ `ဟုတ်တယ်´ လို့ `ဒီလို၊ ဒီလို´ ဖြေလိုက်" လို့ ဆိုပြီး လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။ ဘယ်သူတွေလဲ။

မဟုတ်ဘဲနဲ့ အဖမ်းခံခဲ့ကြရတယ်။ တယောက်စီ ခေါ်ထုတ်ပြီး ခွဲစစ်ခဲ့ကြတယ်။ ပုံမှန်ဆို ထွက်ဆိုချက်တွေက တယောက်တပေါက်စီ ဖြစ်ကို ဖြစ်နေရမယ်။ "ရန်သူ့ သူလျှိုတွေ မဖြစ်နိုင်ဘူး" ဆိုတဲ့ အနေအထားတွေကို ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်။ ကိုညီညီကျော်တို့ အဖမ်းမခံရခင် အစ ပိုင်းမှာကတည်းက ညွှန်ပြနေရမယ်။

လက်တွေ့မှာ အရာရှိအဆင့်နဲ့ အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့ သူတို့ချင်း ဆက်သွယ်တဲ့ ကုပ် (code) တွေပါ တူနေကြတာက ယုံကြည် လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေ ယူ၊ ဗွီဒီယိုတွေ ရိုက်ခဲ့ကြတဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ သက်သေပြဖို့ "ယင်ဒီး" (Ms. Yindee Lertcharoensok) လို သတင်းထောက်မျိုးကိုတောင် တောထဲ ခေါ်ပြီး ပြလိုက်ကြသေးတယ်။

အဖမ်းခံခဲ့ရတဲ့ထဲက ကြောင် (ခ) ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊ ကိုညီညီ အပါအ၀င် ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းလာကြတာတွေ ရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတွေကို "မိဘတွေကိုယ်တိုင် လာခေါ်ရင် လွှတ်ပေးမယ်" လို့ ပြောပြီး မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ် လာခေါ်ကြတော့ ပြန်မထည့်ပေးဘဲ လူကြီးတွေ ကတိ ပျက်ခဲ့တာလည်း ရှိတယ်။ တောထဲလိုက်လာတဲ့ မိဘတွေကို "ခင်ဗျားတို့ သားသမီးတွေက `ဒီလို၊ ဒီလို´ တွေပါ" လို့ ရှင်းပြခဲ့ကြသေးတယ်။

.
အဲဒီအချိန်က ABSDF ဗဟို ဥက္ကဋ္ဌ ကိုနိုင်အောင်လည်း မြောက်ပိုင်းကျောင်းသားတပ်ကို ရောက်နေတဲ့အချိန် ဖြစ်လို့ အကျယ်ချုပ်နဲ့ ပြန်လွှတ်ထားတဲ့သူတွေနဲ့ တောထဲကို လိုက်လာခဲ့တဲ့ မိဘတွေအတွက် ဖျော်ဖြေပွဲလေးတခု လုပ်ခဲ့ကြတယ်။ အဖမ်းခံရပြီး သူ့မိခင် လာတွေ့ပြီးနောက် အကျယ်ချုပ်နဲ့ အဆောင်မှာ ပြန်လာနေတဲ့ နန်းအောင်ထွေးကြည် (ခေါ်) မငယ်က "သူအဖေဟာ တချိန်က အမှတ် (၂) ထောက်လှမ်းမှူး ဦးခင်မောင်ကြည် ဖြစ်ပြီး လောဆစ်ဟန်တို့အမှုနဲ့ ပတ်သက်ပြီး ပြုတ်သွားတဲ့ သူတဦး ဖြစ်ကြောင်း၊ ကေအိုင်အေ က ဗိုလ်ချုပ်ဇော်မိုင်နဲ့ သူတို့မိသားစုက ဘယ်လို ပတ်သက် ဆက်နွယ်မှု ရှိခဲ့တယ် ဆိုတဲ့အကြောင်း၊ ဗိုလ်ချုပ်ဇော်မိုင်က သူ့ အိမ်က သူ့ကိုခေါ်တာ “မိငယ်” မဟုတ်ဘူး၊ “မီးငယ်” လို့ ခေါ်တာတောင် သိနေတဲ့အကြောင်း" နဲ့ လက်ရှိအဖြစ်အပျက် တွေကိုပါ ကျမကို ပြောပြခဲ့ဖူးတယ်။

ပထမတော့ နည်းနည်း အံ့သြမိတယ်။ ဘာကြောင့်လဲဆို နန်းအောင်ထွေးကြည် (ခေါ်) မငယ်က ကျမကို အဲဒီလို ယုံယုံကြည်ကြည် ပြောပြဖို့ထိ ကျမနဲ့ သူနဲ့က သိပ်အတွဲမဖြစ် ခဲ့ဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင်က အဲဒီအချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အဖြစ်မှန်ကို သိချင်လွန်းလို့ ကျောင်းသားထောက်လှမ်းရေးထဲကပဲ ဖြစ်ဖြစ်၊ အဖမ်းခံထားရတဲ့သူထဲကဖြစ်ဖြစ် လာပြောတဲ့ သူတွေရဲ့ စကားကို အကုန် လိုက် နားထောင်နေခဲ့တယ်။

နန်းအောင်ထွေးကြည်ရဲ့ အကိုဝမ်းကွဲ ဦးစိုင်းထွန်း သူ့ကို လာတွေ့ပြီးတဲ့နောက် ကေအိုင်အေ ဘက် သွားခါနီးမှာ "လက်မောင်းသွေး ဖောက်ပြီး သစ္စာဆိုချင်တယ်" ဆိုလို့ ရင်းမှူးသိုက်ထွန်းဦးဆီက ဓါးမြှောင် ကျမ သွားငှားခဲ့တယ်။ အဆောင်နားက ကျောက်တုံးကြီးဘေးမှာ ကျမက အရင် ဓါးမြှောင်နဲ့ လက်မောင်းကို စိုက်လိုက်တယ်၊ ရာသီဥတုကပဲ အေးလို့ လား၊ စိုက်တာက သိပ်မနက်လို့ပဲလား မသိဘူး၊ ကျမတို့ ထင်ထားသလို သွေးက စီးကျမလာဘူး။ အဲဒါနဲ့ ဆေးဆရာ နိုင်ဝင်း အကူအညီနဲ့ ဆေးထိုးအပ်နဲ့ စုပ်ထုတ်ယူပြီး ရောလိုက်တယ်။ နန်းအောင်ထွေးကြည်က ကျမကို မေးတယ်.. "ကဲ.. ဘာ သစ္စာဆိုချင်လဲ" ဆိုတော့ ကျမက “မှန်တာကို ပြောရမယ်၊ မှန်တာကို လုပ်ရမယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်” လို့ (၃) ချက်ကို ပြောတယ်။

နန်းအောင်ထွေးကြည်က "အောက်က နှစ်ချက်ကိုတော့ ငါ သစ္စာဆိုလို့ ရတယ်၊ အပေါ်ဆုံးက `မှန်တာကိုပဲ ပြောရမယ်´ ဆိုတဲ့ အချက်ကိုတော့ မင်း ငါ့ကို နားလည်ပေးပါ၊ ငါက အခြေအနေအရ လိမ်ပြောရတာတွေ ရှိတယ်" လို့ ပြောတော့ ကျမ သဘောတူလိုက်တယ်။ “မင်း ဒီနေရာက ထွက်သွားတာနဲ့ ဒီကိစ္စတွေကို ငါတို့ လိုချင်တာ မရသေးတဲ့အချိန်မှာ မဖော်ထုတ်ရဘူး။ အချိန်ကျလို့ ဖော်ထုတ်မယ် ဆိုရင် မဟုတ်ဘဲနဲ့ သေသွားတဲ့ သူတွေအတွက် ငါလည်း မှန်တဲ့အတိုင်း ရပ်တည်မယ်။ အချိန်မကျဘဲ ဖော်ထုတ်ခဲ့မယ် ဆိုရင် ရန်သူ သဘောကျအောင် လုပ်တာနဲ့ အတူတူပဲမို့ မင်းကိုလည်း ငါ `ရန်သူ့လူ´ လို့ပဲ သတ်မှတ်မယ်” လို့ ကျမက နန်းအောင်ထွေးကြည်ကို ပြောခဲ့တယ်။

တချိန်မှာ ဒါတွေအတွက် အမှန်တရားဖော်ထုတ်ပေးဖို့ ရဲဘော်ထွန်းအောင်ကျော် နဲ့အတူ အားလုံးက ဆန္ဒကိုယ်စီ ရှိနေခဲ့ကြတယ် ဆိုတာ အမှန်ပါ။ ဒါပေမဲ့ တော်လှန်ရေးမှာ နောက်ထပ် နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်အောင် ဒါတွေကို ရည်ရွယ်ချက်ရှိရှိ ပြန် အသုံးချနေတာမျိုးကိုတော့ ရဲဘော်ထွန်းအောင်ကျော် လိုလား နှစ်သက်လိမ့်မယ်လို့ ကျမ မယုံပါဘူး။ ဒါကို "ရဲဘော် ထွန်းအောင်ကျော်ရဲ့ လုပ်ဖော်ကိုင်ဘက်ပါ" လို့ ကြွေးကြော်နေတဲ့ ကိုအောင်မိုးဝင်း မသိကျိုးကျွန် လုပ်ပြီး အသုံးချနေတာတော့ ကျမအတွက် နည်းနည်း ထူးဆန်းနေပါတယ်။ (ဖြစ်ရပ်မှန်ကို ရိုးသားစွာ ဖော်ထုတ် တင်ပြနေတာကို မဆိုလိုပါ။)

.
"အထက်ဗမာပြည် ဗကသ ညီလာခံ" ဆိုတာ ကျမတို့ မန္တလေး ကျောင်းသူ၊ ကျောင်းသားတွေ နဖူးက ချွေး ခြေမ ကျအောင် နေပူပူထဲမှာ တဆိုင်ဝင်တဆိုင်ထွက်၊ တအိမ်ဝင်တအိမ်ထွက် မျက်နှာအောက်ချပြီး အလှူခံ၊ ထမင်းဟင်းတွေ ချက်ပြုတ်၊ ကိုယ်စားလှယ်တော်တွေအတွက် ကျမတို့ ကိုယ်တိုင် ထမင်းထုပ်တွေ ပို့ပေးခဲ့တာပါ။

ကိုစိုးလင်း (အာအိုင်တီ၊ မန္တလေး) ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ ညှိပြီး အခက်အခဲ အမျိုးမျိုးကြားက ကျင်းပခဲ့ရတဲ့ ညီလာခံပါ။ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် တို့နဲ့အတူ စင်မြင့်တနေရာကနေ ပွဲကြည့်ပရိသတ်အဖြစ်နဲ့လည်း ကျမ ပါဝင်ခဲ့ပါသေးတယ်။ ထောက်လှမ်းရေးက ဗိုလ်ကြီးမြင့်ဦး ကိုယ်တိုင် သူ့ကားကို ညီလာခံအတွက် သုံးစွဲခွင့်ပေးတဲ့အပြင် ထောက်လှမ်းရေးတွေကို ဗွီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ခွင့်ပေးခဲ့တဲ့အတွက် အဲဒီ ညီလာခံလဲ ပြီးရော နောက်ထပ် လူဖမ်းပွဲကြီး စခဲ့တာကိုလည်း မမေ့ပါဘူး။

မန္တလေးကျောင်းသားတွေ သပိတ်မှောက်ထားတဲ့ကြားက ကျမနဲ့ ကျမသူငယ်ချင်း ပါစင်နယ်အနေနဲ့ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဗကသ) ရဲ့ညီ ကိုလတ် (မန္တလေး၊ မကသ) တို့ ရတနာဘုမ္မိနယ်မြေမှာ ရုံးစိုက် လုပ်ခဲ့တဲ့ "မကသ ညီလာခံ" ကိုလည်း တက်ရောက်ခဲ့လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရပါသေးတယ်။ ကျမ သူငယ်ချင်းက ကိုထွန်းအောင်ကျော် ရဲ့ညီ ကိုလတ်နဲ့ ကျောင်းနေဘက် သူငယ်ချင်းပါ။ လက်ဘက်ရည်ဆိုင်မှာ ဆုံမိလို့ "သူတို့ညီလာခံမှာ ထောက်လှမ်းရေးတွေကို လုံးဝ အ၀င်မခံတဲ့အပြင် အောက်လိုင်းတွေ ကြိုချထားတာမျိုးလည်း မလုပ်ဘူး" ဆိုလို့ စိတ်ဝင်စားပြီး သွားတက်ကြည့်တာပါ။

"ဗကသ" ဆိုတာ ကျောင်းသားအားလုံး ပိုင်တဲ့ အားလုံးက တန်ဖိုးထားတဲ့ သမိုင်းဝင်နာမည် တခုပါ။ ဗကသ ကိုယ်စား ပြောနေသလိုနဲ့ ဘယ်သူကမှ ဒီကိစ္စအတွက် တာဝန်ပေးထားတာမရှိဘဲ ကာဗာ (cover) လုပ်ပြီး အသုံးမချပါနဲ့။ ကိုယ့်ကိုယ်ကို ယုံရင် ကိုယ့်အရည်အချင်းကိုပဲ ကိုယ် သုံးစေချင်ပါတယ်။ အချိန်တန်ရင် ဗကသ ကိုယ်စား ပြောဖို့ အမှန်တကယ် တာဝန် အပေးခံရသူ ထွက်လာပါလိမ့်မယ်။ ဒီအတွက်တော့ စိတ်ပူစရာမရှိဘူး လို့ပဲ ကျမ ပြောချင်ပါတယ်။

.
မန္တလေး ကျောင်းသားလှုပ်ရှားမှု အကြောင်း ကောင်းကောင်း နားမလည်တဲ့ “စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ၊ ဒီလောက် တုံးရသလား” ဆိုတဲ့ နန်းအောင်ထွေးကြည်ရဲ့ မှတ်ချက်ကို မန္တလေးကျောင်းသားလှုပ်ရှားမှုထဲမှာ ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့ ကျမ အပြည့်အ၀ ထောက်ခံပါတယ်။

ကေအိုင်အေ က မငယ် ခေါ် နန်းအောင်ထွေးကြည်ကို ခေါ်ထားတဲ့အချိန်မှာ သူနေတဲ့ အဆောင်ကို ကျမ သွားတွေ့ခဲ့တယ်။ အဲဒီလို သွားတာမျိုးက ကျမအတွက် အန္တရာယ်ရှိမှန်း ကျမ သိတယ်။ ဒါပေမဲ့ အဲဒီအချိန်က "ကျမကို ကြိုက်တဲ့အချိန် ဖမ်း" ဆိုတဲ့ စိတ် နဲ့ ကျမ သိပ်ဂရုမစိုက်ခဲ့ဘူး။ အဲဒီကတည်းက နန်းအောင်ထွေးကြည် ရေးထားတဲ့ မှတ်တမ်းစာအုပ်လေး ကျမကို ပေးဖတ်ခဲ့တယ်။ နန်းအောင်ထွေးကြည်က "သူဟာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း" ပထမဆုံးအနေနဲ့ ကျမကို ထုတ်ပြောခဲ့တယ်။ ကျမ နားမလည်တာတွေ နန်းအောင်ထွေးကြည်ကို ပြန်မေးခဲ့တာတွေ ရှိတယ်။

“ဥပမာ ငါသာ အဖမ်းခံရလို့ မေးလာခဲ့ရင် ထောက်လှမ်းရေးနံပါတ် ဘယ်နှစ်လုံး ရှိလဲ ငါမသိဘူး။ "၀၀" (သုည၊ သုည) နဲ့ စသ လား၊ "၀၁၁" (သုည၊ တစ်၊ တစ်) နဲ့ စသလား၊ ဘာနဲ့ စမှန်း ငါ မသိပဲ ဘယ်လို ဖြေမလဲ” လို့ ကျမက နန်းအောင်ထွေးကြည်ကို မေးကြည့်တော့ …

“အဲဒါ ဘယ်အချိန် မေးမေး ငါတို့ အမြဲ မှတ်မိနေတဲ့ ရက်စွဲတွေ၊ ခုနှစ်တွေကို ငါတို့ ဖြေထားကြတာ၊ ဥပမာ ငါဆို က ၁၇၅၀။ "၁၇" က ငါ့ရဲ့ ကျောင်းသားရဲမေ ကိုယ်ပိုင်နံပါတ်၊ "၅၀" က တရာရဲ့တ၀က် ဘယ်အချိန် မေးမေး၊ ငါမှတ်မိတယ်။

"ဒါဆို `ဘာတွေ လုပ်ကြသလဲ´ မေးရင် ကိုယ် မလုပ်ဘဲနဲ့ ဘယ်လိုလုပ် ဖြေမလဲ" လို့ ကျမက နန်းအောင်ထွေးကြည်ကို ထပ်မေးမိတော့ …

“အဲဒါက တယောက်နဲ့တယောက် မတူဘူး။ ငါတို့ လိုင်းတွေ ခွဲထားကြတယ်။ ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာ။ ရဲဘော်တွေနဲ့ လူကြီးတွေကြား မကျေနပ်မှု၊ ဆူပူမှုတွေ ဖန်တီးပေးတာက တလိုင်း။ ခေါင်းဆောင်နေရာတွေ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ လိုင်း ရောက်အောင် ခေါ်သွားမှာက တလိုင်း။ အဲဒီလိုမှ မရရင် လက်နက်နဲ့ အာဏာသိမ်းမယ်။ ဒါမှ မရရင် နောက်ဆုံး လူကြီးတွေကို အဆိပ်ခပ်သတ်မယ်။ ... အဲဒီလိုမျိုးတွေ” လို့ နန်းအောင်ထွေးကြည်က ကျမကို ပြောတယ်။

အဲဒီအချိန်တုန်းကတော့ ကျမက ဘာမှန်းမသိဘဲနဲ့ နားထောင်ခဲ့ရတာမို့ နန်းအောင်ထွေးကြည်ကို ဘာမှ ဆက် မမေးဖြစ်ခဲ့ဘူး။ အခု ကျောင်းသားတပ်မြောက်ပိုင်း ညှင်းပမ်းမှုတွေအကြောင်းကို တချို့လူတွေ ပြန်ရေးထားတာကို ဖတ်ကြည့်မိတော့ မရှိဘဲနဲ့ သူတို့ ဖြေထားခဲ့တဲ့ လက်နက်တွေ၊ အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း နည်းအမျိုးနဲ့ နှိပ်စက် ညဉ်းပမ်း မေးနေတဲ့ သဘောကို တွေ့ရတော့ ကျမအတွက် မေးခွန်းတခု တိုးလာတယ်။

ဘယ်သူတွေက ဒီလိုင်းတွေကို ချပေးပြီး ဖြေခိုင်းခဲ့ကြတာလဲ၊

ဖမ်းတဲ့ သူတွေထဲကလား၊

အဖမ်းခံရတဲ့ လူတွေထဲကလား၊

ဒါဟာ အစီအစဉ်ရှိရှိ လုပ်ခဲ့ကြတယ် ဆိုတာကို ပြနေပါတယ်။

.
အဲဒီအချိန်တုန်းက "ကိုယ့် သူမယုံ၊ သူ့ ကိုယ်မယုံ" ဖြစ်နေတဲ့အချိန်ပါ။ ကိုမျိုးဝင်း ရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း "ကိုမျိုးဝင်း ရှေ့တန်းက ပြန်လာရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေး နဲ့ ကျမ တို့ ငါးယောက်ကို ထပ်ဖမ်းအုံးမယ်" လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ ကိုမျိုးဝင်း တိုက်ပွဲကျတာ ကြားရတော့ ကျမ မျက်ရည်ကျခဲ့တယ်။ ကိုမျိုးဝင်း တိုက်ပွဲမှာ ကျတာ အတွက် ကျမ မျက်ရည်ကျခဲ့တာနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ နန်းစော က ကျမကို အခုလို ပြောတယ်.. “ဒေါ်လှိုင်ကလည်း၊ ကိုမျိုးဝင်းက ရှေ့တန်းက ပြန်လာရင် ဒေါ်လှိုင်ကို ဖမ်းမယ့်သူပါ ဆို၊ ဒေါ်လှိုင်က ဘာကိစ္စ ငိုရတာလဲ” တဲ့။

ဒါက ကိုမျိုးဝင်းရဲ့ အပိုင်းပါ။ ကျမ အနေနဲ့တော့ ကျမတို့အားလုံးဟာ မိဘပြည်သူတွေနဲ့ ကျမတို့တိုင်းပြည်ကို ကောင်းစေချင်တဲ့ ဆန္ဒတွေကိုယ်စီနဲ့ ကျောင်းသားလူငယ်ဘ၀ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်၊ သီချင်းလေးတွေနားထောင်၊ အချစ်အကြောင်းတွေ ဆွေးနွေးရင်း ဟိုငေးဒီငေးနဲ့ အပူပင်မဲ့ ချိုမြိန်တဲ့အရသာတွေကို ဘေးဖယ်ပြီး တော်လှန်ရေးရဲ့ သေနတ်သံ၊ လက်နက်ကြီးသံ၊ မိုင်းကွဲသံတွေကြားမှာ သူ့အလှည့်လား၊ ငါ့အလှည့်လား၊ ၀မ်းနည်းကြေကွဲဖွယ် သတင်းတွေနားထောင်ရင်း၊ ခါးသီးတဲ့ ဆင်းရဲဒုက္ခတွေကို ရင်စည်းခံရင်း ပေးဆပ်ခဲ့ရတဲ့ "ဘ၀တူ ရဲဘော်တွေပဲ" ဆိုတဲ့ခံစားမှု။

ဒီလိုသတင်းတွေကို ဘယ်သူတွေ ဖြန့်နေကြတာလဲ မသိပေမယ့် ဒါက ကိုသံချောင်းနဲ့ ကိုမျိုးဝင်းကို တိုက်ပေးလိုက်တဲ့ သဘော။ ဒါကြောင့် ကိုမျိုးဝင်း တိုက်ပွဲမှာ ကျတာတောင် "ရှေ့ကျည်လား၊ နောက်ကျည်လား" လို့ လုပ်နေကြတာပါ။

ကိုခင်မောင်ဇော် က မြို့မှာတုန်းက ကောင်စီရုံးက လက်နှိပ်စက်စာရေး။ ဒါပေမဲ့ ကြည့်လိုက်တိုင်း ယူနီဖောင်းနဲ့ အသားကျနေတဲ့သူ။ ယူနီဖောင်းရဲ့ လျှို့ဝှက်ချက်က `အသားမကျတဲ့သူ´ ဆို မီးပူတိုက်ပြီး ၀တ်တာတောင် မရဘူး၊ အသားမကျဘူး။ အသားကျပြီးသား ဆိုရင်လည်း အသားမကျအောင် ၀တ်လို့ကို မရတော့တာ။ မြောက်ပိုင်းကို စရောက်ကတည်းက ကိုခင်မောင်ဇော် ရုပ်ကို မြင်တိုင်း ရဲနဲ့တူသလိုလို၊ နန်းရှေ့ရဲစခန်းဘက်မှာ မြင်ဖူးသလိုလို စိတ်ထဲမှာ ခံစားခဲ့ဖူးတယ်။ ကျမ က မေးကြည့်တော့ ကိုခင်မောင်ဇော် က "မန္တလေးက" လို့ မပြောဘူး၊ "ပုသိမ်ကြီးက" တဲ့။ ပြန်ဝင်ခဲ့တဲ့အချိန် ပြန်တွေ့တော့ သူပြောတဲ့ "ပုသိမ်ကြီး" ဆိုတာ အဟုတ်။ မန္တလေး အရှေ့ဘက် ထွက်ပေါက် ကပ်ရက်က "ပုသိမ်ကြီး" ဖြစ်နေတယ်။ (အဖမ်းခံရချိန် သူဖြေထားတာက ဒလမ) အရာရှိရိပ်သာက အကျယ်ချုပ်ကနေလွတ်ပြီးတဲ့ နောက်မှာတောင် စစ်ရုံးမှာ ပြန်လုပ်ခွင့် ရခဲ့သေးတယ်။

တနေ့ ကျမ စစ်ရုံးဘက်ကို တက်အသွားမှာ ကိုခင်မောင်ဇော်က ကိုမျိုးဝင်း ပစ္စည်းတွေ ရှင်းနေတာလား၊ မီးရှို့နေတာလား မမှတ်မိ။ မှတ်မိနေတာက ကိုမျိုးဝင်း ကျဆုံးချိန်က ၀တ်ခဲ့တဲ့ စစ်ပြောက်ကျား ၀စ်စကုတ်လေး ကိုင်ပြီး ထွက်လာတယ်။ “ကျည်ဆံက ရှေ့ပေါက်လား၊ နောက်ပေါက်လား” လို့ ကိုခင်မောင်ဇော်က ပြောရင်းနဲ့ ကျမရှေ့တင် မြေပေါ်မှာ ဖြန့်ချကြည့်နေတယ်။ ကိုခင်မောင်ဇော်ကလည်း ကျမကို မျက်မြင်သက်သေအဖြစ် ချန်ထားတာ သိနေပုံ ရတယ်။ ကျည်ဆံရှေ့ပေါက်လား၊ နောက်ပေါက်လား အသေအချာ ထပ်သိချင်တဲ့ သူများ ရှိနေသေးခဲ့ရင် အရာရှိရိပ်သာ အကျယ်ချုပ်ကနေ ထွက်ပြေးသွားခဲ့တဲ့ ရဲဘော်တွေအခေါ် "ခို" (ခေါ်) ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်) ကို မေးကြည့်နိုင်ပါတယ်။

.
ကျမ မသိတဲ့ အမေးပုစ္ဆာ

ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအချိန်မှာ ကျမ ကေအိုင်အေ ဆေးသင်တန်းမှာ ရှိနေတဲ့ အချိန်မို့ မြို့မှာကတည်းက ကျမ သိခဲ့တဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ)၊ ကိုအောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ) တို့ ဘယ်အချိန်က ဗဟိုကို ရောက်နေကြမှန်းတောင် ကျမ မသိခဲ့ဘူး။ ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီး ဆဲဆဲမှာပဲ မြို့ကနေ အုပ်လိုက် ရောက်လာခဲ့တဲ့ လူသစ်တွေလည်း ရှိတယ်။ အဖမ်းခံခဲ့ရတဲ့ တောထဲက ရဲဘော်၊ ရဲမေတွေ ဖြစ်တဲ့ နန်းစော၊ နန်းအောင်ထွေးကြည် တို့ ကိုယ်တိုင်တောင် ကိုချိုကြီး (မန္တလေး၊ ယူဂျီ) (အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ ယူဂျီ) (ထောင်ထဲမှာ အရိုက်ခံရ၊ သေဆုံး)၊ ကိုကျော်ဝေ (မန္တလေး) (စစ်ကြောရေးမှာ သေဆုံး)၊ ကိုကျော်ဌေး (မန္တလေး) (စစ်ကြောရေးမှာ သေဆုံး)၊ အောင်ဖိုး (ရန်ကုန်) (စစ်ကြောရေးမှာ သေဆုံး)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ) (သူတယောက်သာ ကေအိုင်အေ အကာအကွယ် အောက်ကနေ ပြန်လွတ်) တို့တွေကို အဖမ်းခံရခါနီးနဲ့ အဖမ်းခံရတဲ့ အချိန်ကျမှသာ မြင်တွေ့ဖူးခဲ့ကြရတာပါ။

နောက်ထပ် ရိုးရိုးသားသား လူသစ်နှစ်ယောက် (အမျိုးသမီးတယောက်၊ အမျိုးသားတယောက်) ကို "ဒါတွေနဲ့ မသက်ဆိုင်ဘူး" လို့ ယူဆကြလို့ ဒါတွေ ဖြစ်နေတဲ့အချိန် ကေအိုင်ဘက် မှာ ခဏထားပြီး ပြန်လွှတ်လိုက်ပါတယ်။ ကျမ နားမလည်နိုင်တာက ဒါတွေ ဖြစ်ပျက်နေတဲ့ အချိန် ကွက်တိကြီးမှာမှ ဒီ ယူဂျီ လုပ်ခဲ့သူတွေ အားလုံး ဘာကြောင့် ဗဟိုမှာ ရောက်နေကြရတာလဲ။

တနည်းအားဖြင့် သူတို့ ရောက်လာကြတဲ့အချိန် ကွက်တိကြီးမှာမှ ဘာကြောင့် ဒါတွေ ဖြစ်ပျက်သွားခဲ့ရတာလဲ။ အဖမ်းခံရပြီး အကျယ်ချုပ်ကနေ လွတ်လာတဲ့ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ပြန်လွတ်) က လက်ချာဟောဘေးမှာ ကျမကို လာတွေ့ပြီး "ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့က ရန်သူ့လူတွေ မဖြစ်နိုင်ဘူးလား" လို့ လိုင်းတင်ပြီး မေးလာတာတွေ ရှိတယ်။ ကျမက “အဲဒါတော့ မဖြစ်နိုင်ဘူး။ ကိုသံချောင်း ဆို ဒီလောက်ရိုးတာ၊ ကိုသံချောင်း ကျောင်းသား ဆိုတာ ကျမ ယုံတယ်” လို့ ပြန်ဖြေခဲ့တယ်။

ဒါကို မေးခဲ့တဲ့ ကိုညီညီ ဆိုတာ မြို့မှာတုန်းက ဂေါ်စဒါ (GOSDA) (Graduates and Old Students Democratic Association) ရုံးမှာ မြင်ဖူးနေတာက လွဲလို့ စကားတောင် မပြောခဲ့ဖူးဘူး။ ဒါတွေ ဖြစ်ခါနီးဆဲဆဲမှာမှ တောထဲကို ကိုချိုကြီး၊ ကိုအောင်မင်းတို့နဲ့ အတူ ယူဂျီ အနေနဲ့ လာခဲ့တာ။ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ အခုလို စကားပြောခွင့်ရခဲ့တာ။ ကိုညီညီ (မန္တလေး၊ ယူဂျီ) ဆိုတာ တောထဲမှာ ရဲဘော်၊ ရဲမေ ဘ၀မျိုး နဲ့ မနေခဲ့ဖူးသလို အဖမ်းခံရတဲ့ ရဲဘော်၊ ရဲမေတွေအားလုံး အကြောင်းမပြောနဲ့၊ ကိုညီညီ လာမေးနေတဲ့ မန္တလေးသူ ကျမ အကြောင်းတောင် ကောင်းကောင်း သိမှာ မဟုတ်ပါဘူး။

အဲဒီလိုလူ ကိုညီညီ ရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိက်) က "ကျောင်းသားတပ်မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှု တွေနဲ့ ပတ်သက်ပြီး စာအုပ်ထုတ်ဖို့ အဆင်သင့်ပဲ" ဆိုတော့ အံ့သြစရာပဲ။ တောထဲမှာ ရဲဘော်၊ ရဲမေတွေနဲ့ အတူတူ နေခဲ့ပြီး ကိုယ်တိုင် အဖမ်းခံခဲ့ရတဲ့၊ ဒီလို သူလျှို လို့ စွပ်စွဲ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တစိတ်တပိုင်းအားဖြင့် တာဝန်ရှိခဲ့တဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့လို ဗဟိုကော်မတီဝင်တွေတောင် ထောင့်စုံအောင် မစဉ်းစားနိုင်ခဲ့တဲ့ ကိစ္စ။ "အေဘီရဲ့ အပြင်ဘက်က လူပါ" ဆိုတဲ့ သူက ဘာတွေ ပိုသိနေလို့ ဘာတွေကို ရေးမှာလဲ ဆိုတာ စိတ်ဝင်စားစရာပဲ။

.
အဲဒီ ကိုမောင်မောင် (ရွှေကရ၀ိက်) ဆိုတာ ကျမ တောထဲသွားတဲ့အချိန်က ကိုချိုကြီးနဲ့အတူ စီစဉ်ပေးခဲ့သူ။ ကျမ (၁၉၉၆ - ၉၇) အထဲကို ပြန်ဝင်တုန်းက သူနဲ့ပတ်သက်တာတွေ ဘာမှမပြောဖို့ လှမ်းအကြောင်းကြားခဲ့တယ်။ ကျမ ကိုယ်တိုင်ကလည်း ကျမအကြောင်းကလွဲရင် ဘယ်သူ့အကြောင်းမှ ထည့်ပြောဖို့ ရည်ရွယ်မထားဘူး။ အဲဒီတုန်းက ကိုမောင်မောင် (ရွှေကရ၀ိက်) ဆီမှာ ကျောင်းသားတပ်က သီချင်းတွေ ပြန်နားထောင်ချင်လို့ သီချင်းခွေ သွားယူခဲ့သေးတယ်။ နန်းစော ခေါ်သွားလို့ ကိုညီညီကျော် တို့၊ အိုကေတို့နဲ့လည်း လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်သေးတယ်။

ဘာကြောင့်လည်းတော့ မသိဘူး၊ ကိုညီညီနဲ့တော့ ကျမ တခါမှကို မဆုံဖြစ်ခဲ့ဘူး။ (ကိုညီညီကတော့ တရုတ်တန်းဈေးက သူ့ မိန်းမဈေးဆိုင်ရှေ့မှာ ကျမကို ဆဲတောင် လွှတ်လိုက်တယ် ဆိုပါလား။ သူများကို သမိုင်းမှာ နာမည်ဆိုးတွင်ရစ်မယ်လေး၊ ဘာလေးနဲ့ ခြိမ်းခြောက်နေတဲ့ သူက ယောက်ျားရင့်မကြီး ဖြစ်ပြီး မဟုတ်ဘဲ လုပ်ကြံပြောဆို ရေးနေတဲ့ အပေါ် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ပြန်ရှက်ရကောင်းမှန်းတောင် မသိသေးတာ သနားစရာပဲ။ သမိုင်းဆိုတာ အမှန်တကယ် အများအတွက် ဘယ်သူ ဘာလုပ်ခဲ့တယ် ဆိုတဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်တာပါ။ အပြောသမားတွေအတွက် နေရာ မရှိပါဘူး။

ကျမအနေနဲ့တော့ ဘယ်သူ့ကိုမှ ရှောင်နေစရာ အကြောင်း မရှိတာတော့ သေချာပါတယ်။ တော်လှန်ရေးထဲက လူချင်း မျက်လုံးချင်းဆုံပြီး ကျမ မကြည့်ရဲတဲ့သူ အခုချိန်ထိ တယောက်မှ မရှိသေးဘူး။ ကျမအဖေ ကျမကို ပေးခဲ့တဲ့ အမွေက ပစ္စည်းဥစ္စာ မဟုတ်ဘူး။ လိပ်ပြာသန့်အောင် နေထိုင်တတ်နည်းပဲ။

ကိုညီညီရဲ့အကို ကိုမောင်မောင်သာ "အေဘီမြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှု အမှန်တရား ဖော်ထုတ်ရေး" ဆိုတဲ့ လိုင်းပေါ်ကို တက်မလာခဲ့ရင် ကိုမောင်မောင် နာမည်ကို ကျမ ထည့်ရေးစရာ မရှိဘူး။ ဒါပေမဲ့ လိုင်းပေါ်ကို တက်လာတဲ့အပြင် အဖွဲ့ကိုပါ တိုက်ခိုက်လိုတဲ့ သဘောတွေ့ရလို့ "ကိုမောင်မောင် က ဘာလဲ" ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

တောနဲ့ ယူဂျီလိုင်း ချိတ်ပြီး ပြန်ဝင်သွားခဲ့တဲ့ တောထဲက လူတချို့ မန္တလေးမှာ အဖမ်းခံခဲ့ရတယ်။ မန္တလေးမှာ လုပ်နေတဲ့ လူတချို့လည်း အဖမ်းခံခဲ့ရပြီး ထောင်ထဲရောက်သွားတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ချိတ်ပြီး လုပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းက ရှမ်းလူငယ်တချို့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့တယ်။ စစ်ကြောရေးမှာ ညဉ်းပမ်း နှိပ်စက် မေးမြန်းဒဏ် တော်တော်လေး ခံလိုက်ကြရတယ်။ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ လူတချို့ ထောင်ထဲမှာ ရှိနေတုန်းပဲ။ ထဲထဲဝင်ဝင် လုပ်ခဲ့တာမျိုးမရှိတဲ့ ကျမတောင် တောထဲရောက်တာ စောသွားလို့နဲ့ ကျမနဲ့ ကျမ သူငယ်ချင်း (မာလာသိန်း၊ အထဲပြန်ရာက်စဉ်သူပြောပြခဲ့လို့) ကို လူမှားပြီး လိုက်နေလို့ အဖမ်းမခံခဲ့ရတာ။ ထောက်လှမ်းရေးက စလေ၊ ရွှေဘိုမှာရှိတဲ့ အစ်ကို၊ အစ်မ အိမ်တွေပါ မကျန် လိုက်ရှာခဲ့ကြတာ။

.
ကိုမောင်မောင် (ရွှေကရ၀ိက်) (ကိုညီညီ ရဲ့ အစ်ကို) က ကိုချိုကြီးရဲ့ လူယုံအနေနဲ့ ယူဂျီလုပ်ငန်း အတော်များများမှာ တွဲလုပ်ခဲ့တယ်။ ကေအိုင်အေ အတွက်တောင် လုပ်ပေးခဲ့တာတွေ ရှိတယ်။ အဲဒီ ကိုမောင်မောင် (ရွှေကရ၀ိက်) ကတော့ တခါမှ အဖမ်းမခံခဲ့ရဖူးဘူး။ ဒါတွေကြောင့် ကေအိုင်အေ က ဗိုလ်မှူးပန်းအောင်က သူ့ရဲ့ညီ ကိုညီညီ ကို ခေါ်ထားပေးခဲ့၊ ကာကွယ်ပေးခဲ့တယ်။ ကိုမောင်မောင် (ရွှေကရ၀ိက်) က ထဲထဲဝင်ဝင် ယူဂျီ လုပ်နေတဲ့ထဲမှာ ကိုချိုကြီးရဲ့ လူယုံတယောက်အဖြစ် နေရာတိုင်းမှာ ပါခဲ့ပေမဲ့ အခုအချိန်အထိ အဖမ်းမခံခဲ့ရသေးတာ ဘာကြောင့်လဲ၊ အဲဒီတုန်း (၁၉၉၂ ခုနှစ်တုန်း) ကလည်း ကိုမောင်မောင် (ရွှေကရ၀ိက်) က ကိုချိုကြီးတို့နဲ့အတူ တောထဲ ထွက်ပြေးဖို့ မလိုသေးတာ ဘာကြောင့်လဲ။

ဒါတွေ ဖြစ်ခါနီးဆဲဆဲမှာ တောထဲကို ရောက်လာကြတဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ) အောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုကျော်ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) အားလုံးအသတ်ခံခဲ့ရပေမဲ့ ကိုမောင်မောင် (ရွှေကရ၀ိက်) ရဲ့ ညီဖြစ်တဲ့ ကိုညီညီ (ယူဂျီ၊ မန္တလေး) တယောက်တည်း ပြန်လွတ်လာခဲ့တာ ကံကောင်းသွားတယ်လို့ ပြောရမလို ဖြစ်နေတယ်။

ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးဆဲဆဲလောက်မှာမှ မြို့မှာနေလို့မရတော့တဲ့ အဖြစ်မျိုး ဖန်တီးပြီး ကိုချိုကြီး၊ ကိုအောင်မင်း တို့ကို တောထဲကို မောင်းပို့ခဲ့တာ ထိုးကျွေးဖို့ ရည်ရွယ်ချက်နဲ့လား။ "မတော်တဆ တိုက်ဆိုင်မှုပါ" လို့ ဘယ်လို ယူဆနိုင်ပါ သလဲ။

ကိုမောင်မောင် (ရွှေကရ၀ိက်) (ကိုညီညီ ရဲ့ အစ်ကို) က ရေးထားတယ်... "ကိုချိုကြီးကို နိုင်ငံရေးဌာနမှာ တာဝန်တွေ ပေးခဲ့တယ်၊ ကိုညီညီကို နိုင်ငံခြားရေးမှာ တာဝန်တွေ ပေးခဲ့တယ်" တဲ့။

(မှတ်ချက် - Maungmaung Skw @ facebook မှာ တင်ထားတဲ့ "ကျွန်တော်သိခဲ့သော ABSDF(NB) ကောက်ကြောင်း-အပိုင်း (၅)" http://www.facebook.com/#!/note.php?note_id=170242146420340 ထဲမှာ ကိုမောင်မောင် (ရွှေကရ၀ိက်) က အခုလို ရေးထားပါတယ်။ "ချိုကြီး မြို့ပေါ်တွင် နေထိုင်ရန် မဖြစ်နိုင်တော့သဖြင့် တောခို ရောက်ရှိလာသောအခါ နိုင်ငံရေးသင်တန်းမှုး အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့သည်။ မြို့ပေါ်တွင် ရှိနေသော ညီညီအား ABSDF (NB) ၏ ဗဟိုကော်မတီဝင် အဆင့် သတ်မှတ်ပေးထားပြီး နိုင်ငံခြားဆက်ဆံရေးအရာရှိ အဖြစ် တာဝန်ပေးထားခဲ့ပါသည်" ဆိုပြီး ကိုမောင်မောင် (ရွှေကရ၀ိက်) က ရေးထားပါတယ်။)

တခြားသူတွေတော့ မသိဘူး၊ ကျမတော့ "ချိုကြီး ကို နိုင်ငံရေးသင်တန်းမှုး ခန့်ထားတာ၊ ညီညီ ကို နိုင်ငံခြားဆက်ဆံရေးအရာရှိ ခန့်ထားတာ" တခါမှကို မကြားခဲ့ဖူးဘူး။ မြောက်ပိုင်းကျောင်းသားတပ်မှာ သူလျှိုလို့ စွပ်စွဲ ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဖြစ်နေချိန်ကြီးမှာ ဘယ်သူမှ ဒီရာထူးတွေကို ပေးဖို့ စဉ်းစားနိုင်မယ်လည်း မထင်ပါဘူး။ မဟုတ်ဘဲ ဘာကြောင့် ဇာတ်လမ်းတွေ ဆင်နေရတာလဲ။

ကိုအောင်မင်း (မန္တလေး၊ ယူဂျီ) ကို ကျမ သိပေမဲ့ အဲဒီ ယူဂျီလိုင်းကနေ ဒါတွေ ဖြစ်ခါနီးမှ တောထဲကို လွှတ်ပေးခဲ့တဲ့ ကိုကျော်ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) တို့ရဲ့ သမိုင်းကြောင်းလေးတွေလည်း ချန်မထားသင့်ပါဘူး။ သူတို့တွေ အဖမ်းခံရပြီးနောက်မှ အဖမ်းခံခဲ့ရတဲ့ ရဲဘော်ထွန်းအောင်ကျော် အတွက် ပါဝင်ခဲ့သူတွေအားလုံး ထည့်သွင်း တွက်ချက်နိုင်အောင် ထည့်ရေးသင့်တယ်လို့ ထင်ပါတယ်။

ဒီ ယူဂျီအုပ်စုတွေ တောထဲ ရောက်လာတာနဲ့ အချိန်ကိုက် စိုးမင်းအောင် (မန္တလေး) ကို ထွက်ပြေးဖို့ ဘယ်သူ လွှတ်ပေးခဲ့တာလဲ။

စိုးမင်းအောင်ကရော သူ့ကို သံသယနဲ့ စောင့်ကြည့်နေတဲ့အကြောင်း သူနဲ့ နီးစပ်တဲ့ ဗဟိုကော်မတီဝင်တွေထဲက တဦးဦးက စိုးမင်းအောင်ကို မပြောပြဘဲနဲ့ ဘယ်လို သိနိုင်သလဲ။

ကိုမောင်မောင် (ရွှေကရဝိက်) က အဖမ်းလည်း မခံရတာ၊ အဲဒီအချိန်က ကိုချိုကြီးတို့နဲ့အတူ တောထဲပြေးဖို့လည်း မလိုခဲ့တာရဲ့ အကြောင်းရင်းက ကိုမောင်မောင် (ရွှေကရဝိက်) က "ယူဂျီလုပ်ငန်းတွေမှာ အရမ်းကို သေသေသပ်သပ်နဲ့ ပိပိရိရိ လုပ်နိုင်စွမ်း ရှိလို့" ဆိုတဲ့သဘောလား။

ဒါဆို ကိုမောင်မောင် (ရွှေကရဝိက်) က ယူဂျီ နေရာကနေ ထုတ်စရာ စာအုပ် အဆင်သင့်နဲ့ အခုမှ ဘာကြောင့် အချိန်ကိုက် အပေါ်ကို တက်လာရတာလဲ။ ချိတ်စရာ တော မရှိတော့လို့လား။

ဒါမှမဟုတ် ကိုသံချောင်းတို့ အဖမ်းခံရချိန် (၂၀၀၆) စစ်အစိုးရ သတင်းစာရှင်းလင်းပွဲ လုပ်တုန်းက “လူငယ်တွေ ကျနော်တို့လို အဖြစ်မျိုးနဲ့ ထပ်မကြုံရအောင် သမိုင်းအဖြစ်နဲ့ ဒီအဖြစ်အပျက်တွေကို နိုင်ငံတော်အနေနဲ့ စာအုပ် ထုတ်သင့်ပါတယ်။ လိုအပ်တာတွေအတွက် အချိန်မရွေး ကျနော် ကူညီပေးဖို့ အသင့်ပါပဲ” ဆိုတဲ့ တိုက်ပိတ် (ခေါ်) သန်း ထွန်းစိုးရဲ့ ဆန္ဒတွေကို ကိုမောင်မောင် (ရွှေကရဝိက်) က ဖြည့်ဆည်းပေးဖို့လား။

ဒါမှမဟုတ် မထင်မှတ်ဘဲ ရည်ရွယ်ချက်ချင်း တူနေကြတာလား။

ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ကိုညီညီကျော် (မန္တလေး) (ဗဟိုကော်မတီဝင်)၊ (လက်ပြန်ကြိုး တုပ်ထားတဲ့ကြားက အရာရှိတွေအားလုံးထဲမှာ အစောဆုံးနဲ့ ပထမဆုံး ထွက်ပြေးနိုင်သူ) ကရော ဒီအကြောင်းတွေကို ဘာကြောင့် ကိုယ်တိုင် မရေးဘဲ ကိုမောင်မောင် (ရွှေကရဝိက်) ကို ရေးစေခဲ့တာလဲ။ ကိုမောင်မောင် (ရွှေကရဝိက်) က စာရေးဆရာ မဟုတ်တာတော့ သေချာပါတယ်။

.
အေဘီ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှု အကြောင်းတွေကို ရေးနေတဲ့ ကိုမောင်မောင် (ရွှေကရဝိက်) ရဲ့ညီ ကိုညီညီ ကိုယ်တိုင်ကရော သူ ရေးတဲ့ အထဲမှာ ပါတဲ့ ရဲဘော်၊ ရဲမေတွေ အားလုံးကို စကားရော ပြောဖူးခဲ့ရဲ့လား။ စကားပြောဖူးဖို့ အသာထားအုံး၊ ကိုညီညီ က အဲဒီ ရဲဘော်၊ ရဲမေ အကုန်လုံးကို မြင်ဖူးခဲ့ရဲ့လား။ နာမည်နဲ့ လူနဲ့ရော တွဲမိရဲ့လား။ စဉ်းစားစရာပဲ။

တောထဲမှာ အကျယ်ချုပ်နဲ့ လွှတ်ထားစဉ်က လက်ချာဟော (lecture hall) နားမှာ တခါလေးပဲ ကိုညီညီ လာမေးလို့ ပြောခဲ့တဲ့ ကျမကိုတောင် အချက်အလက်တွေကို ရှောင်ရေးတဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ ကိုညီညီ ရဲ့ ဆောင်းပါးထဲမှာ ကျမ မပြောခဲ့တဲ့ စကားတခွန်း မရရအောင် အဆစ် ထည့်လိုက်သေးတယ်။ "ကိုသံချောင်း မမှားဘူး တဲ့"။
(မှတ်ချက် - ကိုညီညီ မှ ABSDF ဗဟို ဥက္ကဌ သံခဲ သို. အိတ်ဖွင့်ပေးစာ http://8-8-88.blogspot.de/2012/03/blog-post_15.html ထဲမှာ ကိုညီညီက အခုလို ရေးထားပါတယ်။ "နောက်တခါ မဒမ်သံခဲ ကလဲ မန္တလေးမှာ အလင်းဝင်ပြီး ရောက်လာချိန်မှာ “ဒီမှာ ကိုညီညီ.. ဒီသတ်ဖြတ်မှုတွေမှာ CS သံချောင်း မှားခဲ့တယ် ဆိုရင်တောင် စေတနာအမှားပဲ ဖြစ်ရမယ်" ဆိုပြီး ပြောတယ် ဆိုပြီး ကိုညီညီက ရေးထားပါတယ်။)

ခဲဖျက် စကိုင်ကတည်းက လူတိုင်း မှားတတ်တာကို သိနေတဲ့ လူတိုင်း ဒီလို နလပိန်းတုံး အပြောမျိုး ပြောနေစရာကို အကြောင်း မရှိဘူး။ လူတိုင်း ကိုယ့်အမှားကို ကိုယ့်ဘာသာ တာဝန်ယူရမှာပဲ။ ကျမ မှားရင်လည်း ကျမ တာဝန်ယူမယ်။ ဒီလို မရမက ဆွဲထည့်ရေးနေရတဲ့ ဟာကလည်း (ကုသိုလ်ကံများ ဆိုးချင်တော့) ကျမက လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲရဲ့ အမျိုးသမီး ဖြစ်နေပြန်တယ်။ ကျမက လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲရဲ့ အမျိုးသမီး မဟုတ်လို့ကတော့ ကျမကို ထည့်ရေးစရာ အကြောင်းကို ရှိမှာမဟုတ်ဘူး။

ဒါကြောင့် ကျမနာမည်ကို အသုံးချပြီး လက်ရှိ ရပ်တည်နေတဲ့ ABSDF ကိုပါ ထိုးနှက်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ရှင်း ဆိုတာ ဖြူသလား၊ မဲသလား မသိ။ ဖားကန့် ဆိုတာလည်း တခါမှ မရောက်ဖူး။ ဒါတွေ ဖြစ်ပြီးချိန်မှ မြဇော် (ခေါ်) ၀သုန် (တောနဲ့မြို့ ဆက်သွယ်တဲ့ ယူဂျီ) (လက်ရှိ - အမေရိက) ခေါ်လာလို့ အိန္ဒိယဘက်ကနေ တယောက်တည်းတောင် မဟုတ်ဘူး၊ ရဲဘော်တွေ အုပ်စုလိုက်နဲ့ လာခဲ့တဲ့ ကိုသံခဲ (လက်ရှိ - အေဘီ ဥက္ကဋ္ဌ) ကို ကျောင်းတော်က ရန်ငြိုးရန်စလည်း မရှိ။ စကားတောင် တခါမှ မပြောခဲ့ဖူးဘဲနဲ့ အသားလွတ်ကြီး "ရန်ရှင်း ကို ဖားကန့်မှာ သတ်တာကို `လက်ပိုက်ကြည့်´ နေလို့ လွတ်မယ် ထင်သလား" တဲ့။ “ကိုသံခဲက အဲဒီအချိန်မှာ မအားဘူး၊ ကျမကို ပိုးနေရလို့” တဲ့။ ကိုသံခဲတို့ မြောက်ပိုင်းကို ရောက်တဲ့အချိန် (၁၉၉၃) မှာ ကျမက ကျောင်းဆရာမ သွားလုပ်နေတဲ့ တပ်မဟာ (၁) နယ်မြေမှာ။ ကိုသံခဲနဲ့ ကျမနဲ့ တွေ့တာက ကျောင်းဆရာမ သွားလုပ်ပြီး ကေအိုင်အေ အပစ်အခတ်ရပ်စဲရေးကြောင့် ပြန်လာခဲ့ရတဲ့ (၁၉၉၄) မှာ၊ ပြန်ပြင်ချင်ရင် ပြင်လိုက်အုံး။

ကျောင်းသား မှန်ရင် ဖြစ်ခဲ့တာကို အမှန်အတိုင်း ပြောချင် ပြောမယ်၊ မဟုတ်ဘဲနဲ့တော့ လုပ်ကြံဖန်တီးပြီး မပြောဘူး။ မဟုတ်ဘဲနဲ့ လုပ်ကြံဖန်တီးပြီး ပြောနေပြီဆိုရင် အဲဒါ ကျောင်းသား မဟုတ်ဘူး။

အေဘီကို တိုက်ဖို့ ရည်ရွယ်ချက် မရှိတာ မှန်ရင်၊ အမှန်တရားကို တကယ် ဖော်ထုတ်ချင်တာ မှန်ရင် တိုက်ရိုက် မသက်ဆိုင်တဲ့ သူတွေကို ပတ်ရမ်းပြီး အဝေးကြီးမှာ ရှာနေစရာမလိုပါဘူး။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုမျိုးဝင်းပြီးရင် ဒုတိယအဆင့် အ နေအထားကနေ အဖမ်းခံရသူတွေ အားလုံးကို ကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့တဲ့ ကျောင်းသားထောက်လှမ်းရေး တာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ ဂေါ့စဒါ (GOSDA) (Graduates and Old Students Democratic Association) ) မြို့မှာကတည်းက ကိုညီညီ၊ ကိုညီညီကျော်တို့နဲ့ လုပ်ဖော်ကိုင်ဘက်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း) (ကိုမျိုးဝင်းရဲ့လူယုံ) (တခါတလေ မန္တလေးမှာ ရှိနေတတ်) တို့ နှစ်ယောက်လုံး ကိုညီညီနဲ့ တမြို့တည်း အနီးလေးမှာ ရှိနေတာပဲ။ ဒီလောက် အမှန်တရား လိုလားနေတဲ့လူက ကိုယ်က လူမှန်ဆို ဘာကြောင့် ကိုသန်းဇော် နဲ့ ဇော်ဇော်မင်း တို့ကို ထိပ်တိုက် ရင်ဆိုင်ပြီး သွားမေးမကြည့်ခဲ့တာလဲ။

ကျမအမြင်ကတော့ ရှင်းပါတယ်။ အမှန်တရားကို တကယ် ဖော်ထုတ်ချင်တာ မဟုတ်ဘူး။ လက်ရှိ နိုင်ငံရေးနဲ့အချိန်ကိုက် ဒါတွေကို လူထုကြား ဖွချပြီး လက်ရှိ ရပ်တည်နေတဲ့ ABSDF ကို တိုက်ချပစ်လို့ ရလိုရငြား အားစမ်းကြည့်တဲ့ သဘောပါ။

ဒီ အဖြစ်အပျက်တွေကို (၁၉၉၂) အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက်အုပ်စု ထွက်ပြေးစဉ်က တခါ၊ (၂၀၀၆) ကိုသံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံရစဉ်ကတခါ နအဖ က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး သတင်းစာတွေကနေ တီဗွီတွေကနေ ပြည်သူလူထုကို ချပြခဲ့တာ နှစ်ခါတောင် ရှိပါပြီ။ အထဲမှာရှိနေတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေလည်း မသိစရာ မရှိပါဘူး။ တတိုင်းပြည်လုံးအတွက် ကိုယ် အဓိက သွားနေတဲ့ လမ်းကြောင်း မပျောက်အောင် ဒါတွေကို လုပ်ချိန် မတိုင်သေးဘူး လို့ သဘောထားခဲ့ကြလို့ မလုပ်ကြသေးတာပါ။

.
ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံမှာ ဒါမျိုးတွေကို ဖော်ထုတ်ကြေး ဆိုရင် မြောက်ပိုင်းတခုတည်းမှာတင် မကဘူး၊ တနိုင်ငံလုံး နေရာအနှံ့အပြား ဘက်နှစ်ဘက်ကြားမှာ မြေဇာပင် ဖြစ်ခဲ့တဲ့ မိဘပြည်သူရဲ့ နစ်နာ ဆုံးရှုံးခဲ့ရမှုတွေက ပိုကြီးပါတယ်။

“အမှန်တရားအတွက် အမှန်အတိုင်း ရေးသား တင်ပြထားတာ" တဲ့။ စိတ်ဝင်စားစရာပဲ။ စောင့်ဖတ်ရအုံးမှာပေါ့။ ကျမ ထင်တာ မမှားဘူး ဆိုရင် ဒီလိုလူမျိုးတွေပဲ ကိုထွန်းအောင်ကျော်တို့၊ ကိုချိုကြီးတို့၊ ဦးစိန်တို့ကို ထိုးကျွေးပြီး မြောက်ပိုင်းမှာ လှုပ်ရှားသွားခဲ့ကြတာ။ တောနက်နက်ထဲမှာ နေခဲ့တဲ့ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က ဒီအဖြစ်အပျက်တွေ မဖြစ်ခင် အစပိုင်းကတည်း က တိုက်ပိတ် (ခေါ်) သန်းထွန်းစိုးနဲ့ အတူလာခဲ့တဲ့ နန်းအောင်ထွေးကြည်တို့ အုပ်စုအပေါ်၊ ကိုအောင်ကျော် တို့လို လူတွေ အပေါ် မသင်္ကာစရာ သတင်းတွေ ဘယ်က ရခဲ့ကြသလဲ၊ ယူဂျီလမ်းကြောင်းက။

မမူ ခေါ်လာခဲ့တဲ့ ကိုမြတ်ကို တောထဲကို ခေါ်ရှင်းဖို့ ဘယ်သူတွေ လွှတ်ပေးခဲ့တာလဲ။ ယူဂျီလမ်းကြောင်းက လူတွေ။ တောထဲကနေ ဘာမသိ ညာမသိ "ရှင်း" ဆိုလို့ ရှင်းပေးခဲ့ရတာက "လူမိုက်တွေ" အဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုးဝင်းနဲ့ ကိုသံချောင်း။ အရပ်သားစကားနဲ့ပြောရရင် " `ရန်သူဆို တိုက်ဖို့လောက်သာ သိ´ တဲ့ တောထဲက ဒေသခံရဲဘော်တွေကြားမှာ မီးပွား လာချ၊ ဓါတ်ဆီလောင်းပေးခဲ့တာ မြို့က ကျောင်းသား နာမည်ခံ လူလည်တစု"။


(၅)

ကျမလို အောက်ခြေမှာနေတဲ့ သာမန်ရဲမေ တယောက်တောင် ရန်အောင်ကို စဖမ်းကတည်းက " ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်" လို့ သံသယ ဖြစ်ခဲ့သေးရင် လူအယောက် နှစ်ဆယ်ကျော်လောက်ကို ဖမ်းဆီး စစ်ဆေး မေးမြန်းပြီးတဲ့နောက်မှ အဖမ်းခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုညီညီ၊ ကိုညီညီကျော် တို့ အနေနဲ့ရော နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒါကို ကိုညီညီရဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ မှတ်တမ်းထဲမှာ “ဟာ.. ဥက္ကဋ္ဌ မီးစိမ်းပြလိုက်ပြန်ပြီလားဗျာ။ ဒီလို လုပ်လို့တော့ မဖြစ်ဘူး၊ တခုခု လုပ်ကြမှ ဖြစ်မယ်” လို့ ကိုထွန်းအောင်ကျော် ကို တွန်းပို့နေတာ တွေ့ရတယ်။

(ဆက်ရန်)

ခင်ရွှေလှိုင်

မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက်၊ လူထုတော်လှန်ရေးနေ့


(နေ့သစ် http://www.naytthit.net/?p=26155 မှ ကူးယူ ဖော်ပြပါတယ်။)

မူရင်းဆောင်းပါး - မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး ((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅) )) ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

-
ABSDF မြောက်ပိုင်း ရဲမေဟောင်း မခင်ရွှေလှိုင် ဆောင်းပါးများကို ABSDF မြောက်ပိုင်းမှာ ကိုယ်တိုင် နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ၅၅ ယောက် အုပ်စုထဲမှာ ပါဝင်ခဲ့တဲ့ ကိုညီညီ ရဲ့ ၃-၄-၁၂ ရက်နေ့က ပြန်ကြားစာ

April 3, 2012


ရဲရဲတောက်ခင်ရွှေလှိုင်သို.

မခင်ရွှေလှိုင် ရေးထားတာတွေက အမှားနဲ.အမှန် ရောရေးထားတာပါ။

"ဥက္ကဌ ဖမ်းထားတာကို နောက်မှ သိရတာပါ" ဆိုပြီး မခင်ရွှေလှိုင် ရေးထားတာကို ငြင်းပါတယ်။ ကိုထွန်းအောင်ကျော်နဲ. အတူတူ ကျနော်ရော အတူတူ အဖမ်းခံခဲ့ရပြီး အဲဒီနေ.ညနေမှာပဲ ဗိုယ်မှုးပန်းအောင်က လာခေါ်သွားပြီး... ကျနော်ကို KIA စခန်းရုံးက ဧည့်ဆောင်မှာ ထားပါတယ်။ အဲဒီမှာ ခင်ဗျားနဲ. အတူတူ ဆေးသင်တန်း တက်ခဲ့တဲ့သူတွေ (အဆောင်ချင်းကလဲ တအား နီးတော့) လာလာလည်ကြတာ နေ.စဉ်ပါပဲ။ ၁၅ ယောက် အခုတ်ခံခဲ့ရတဲ့ ကသာက အေးမြင့် (ဆေးသင်တန်းပြီးမှ ထောက်လှမ်းရေးက ကျော်ထင်ဦးနဲ. စကားများ ထိုးကြိတ်ကြပြီး ထောက်လှမ်းရေးအဖွဲ.ကို ဆဲတဲ့အမှုနဲ. သေဒဏ်ထဲ အထည့်ခံရသူ) ဆိုရင် မနက်တခါ၊ နေ.လည်တခါ၊ ညတခါ လာလာနေတာ ပြန်တယ်လို.ကို မရှိပါဘူး။

နောက်တခါ ၁၅ ယောက်ကို ခုတ်သတ်တဲ့အချိန်မှာ မခင်ရွှေလှိုင် ပြောတာနဲ. ကျော်ခိုင်ဝင်း ပြောတာတွေက နဲနဲ ကွဲလွဲနေတယ်။ ကျော်ခိုင်ဝင်းရဲ. အဆိုအရ ဆိုရင် မခင်ရွှေလှိုင် ဟာ အင်မတန် နီရဲ မာကျောပြီး မခင်ရွှေလှိုင် ကိုယ်တိုင် ရေးတဲ့ အထဲမှာတော့ နဲနဲ ပျော့သွား၊ သဘောကောင်းသွား၊ ဆင်ခြင်တုံတရား ပြည့်စုံသွား၊ သဘောထား နဲနဲ ပိုကြီးသွားသလိုပဲ။ ရပါတယ်၊ ရာဇဝတ်မှုတွေမှာက သူက နဲနဲဖော်၊ ကိုယ်က နဲနဲဖော်၊ အချိန်တန်ရင် အားလုံး (ကျန်နေတဲ့သူတွေရော) ပေါ်သွားမှာပါ။

ဥက္ကဌ ထွန်းအောင်ကျော်နဲ. ပက်သက်လို. သူ အယုံလွန်လို.ပဲဖြစ်ဖြစ်၊ အ လို.ပဲဖြစ်ဖြစ် တာဝန်မကင်းခဲ့ဘူး ဆိုတာကို ကျနော်ရဲ. အစောပိုင်း SMAR ညီညီ နာမည်နဲ. ရေးတဲ့ အင်္ဂလိပ်လိုနဲ.ရော၊ ဗမာလိုရော ရေးထားပြီးသားပါ။ နောက်ထပ် ခင်ဗျား သိတာတွေကို ဆက်ရေးပါအုံး။ အခု မန္တလေးက အမှုမှန် ပေါ်ဖို. လုပ်နေတဲ့သူတွေက ပုဂ္ဂိုလ်စွဲ မရှိပါဘူး၊ "အမှား" နဲ. "အမှန်" ပဲ ရှိတာပါ။ အမှုမှန် ပေါ်ဖို.ပဲ လုပ်နေကြတာပါ။ ကျနော်တို.ထဲမှာ ရောပါနေတဲ့၊ ကိုယ်ရောင်ဖျောက်နေတဲ၊ ဘက်ကူးလာသလိုလို လုပ်နေတဲ့ လူတွေကို ခင်ဗျား ဖော်ပေးပါ။ ခင်ဗျားတို.နဲ. အမှုတွဲပေးပါ.မယ်။

နောက်တခါ စကားတွေကို အကျအန ကောက်ပြီး "ထောက်လှမ်းရေး ဖြစ်ကြောင်း ဝန်ခံတဲ့စကားတွေ" လို. ကောက်ချက်ချတာနဲ. ပက်သက်ပြီး သင်းသင်းညီ အဖမ်းခံပြီး အစစ်ခံနေရတဲ့ ရဲဘော်တွေ အတွင်းကို ဝင်ပြီး ထောက်လှမ်းတာကို သူကိုယ်တိုင် ဝန်ခံထားပါတယ်။

"ကြောင် က CS ကို ဘာလို.အဆိပ်မခပ်တာလဲ" ဆိုတော့ ကြောင် က “ချစ်လို.” လို. ဖြေတာ ဘာဖြစ်လဲ၊ ကြောင် က ဝန်မခံရင် သေမယ်၊ ငြင်းရင် သေမယ်။ ဒီတော့ ကြောင် က သူ. လွတ်ရာလွတ်ကြောင်း အကောင်းဆုံး ဖြေသွားတာပဲ။

ခင်ဗျား ရေးထားတဲ့အထဲ ထွန်းအောင်ကျော်နဲ. ညီညီကျော် တာဝန်မကင်းကြောင်း ရေးခဲ့တယ်။ တကယ့်တရားခံတွေကိုကျတော့ မေ့နေတယ်။

နောက်ပြီး "ကိုယ့်ဘာသာကိုယ် အဆိပ်ခပ်ခံခဲ့ရသလား" ဆိုတာ သံသယ ရှိတယ် ဆိုတော့ အဆိပ်ခပ်တဲ့သူကို ဘယ်သူလို. ထင်ထားလို.လဲ? အဖမ်းခံနေရပြီး သီးခြားအချုပ်ခံနေရတဲ့ သူတွေတော့ မဖြစ်နိုင်ဘူး။ ဆေးဆရာမတွေ ဆိုရင်ကော? ဆေးကုရင်း တခါထဲ ရှင်းပစ်လို. ရတာပဲ။ အဲဒီတော့ ခင်ဗျားနဲ. ဆက်နေတဲ့ ခင်ဗျားရဲ. အနကလ ဥက္ကဌ အောင်နိုင်ရော မဖြစ်နိုင်ဘူးလား? နောက် ထောက်လှမ်းရေး (၁) က "ဗိုလ်မှုးထွန်းအောင်ကျော်" (မကဒတ ရောက်ချိန်မှာ အသက် ၂၉ နှစ်) နောက် ထောက်လှမ်းရေး (၁) ကပဲ ညီအကိုတဝမ်းကွဲ တော်တဲ့ "ဗိုလ်မှုးမောင်မောင်ချို" ရော မဖြစ်နိုင်ဘူးလား?

ခင်ရွှေလှိုင် ရေ... ဈေးချိုအလယ်ပေါက်မှာ တို.များ strike လုပ်တုန်းက ထောက်လှမ်းရေး(၁) က ဗိုလ်ကြီးမြင့်ဦးကို "ယောက္ခမ" လို. ခေါ်လို. ဆိုပြီး ခင်ရွှေလှိုင် တို. ၂ ယောက်ကို မာဇဒါဂျစ်ရဲ. နောက်ခန်းထဲမှာ တင်ခေါ်သွားတာ အခြားသူတွေ အဖမ်းခံရပြီး ဗိုလ်ကြီးမြင့်ဦးရဲ. ကားပေါ် ပါသွားတဲ့ ခင်ဗျားတို. ၂ ယောက် ပြန်လွတ်လာတာကိုလဲ ခင်ဗျားက အခြားသူတွေကို ကောက်ချက်ပေးသလိုမျိုး ကောက်ချက်ချပေးစမ်းပါ။

အဲဒီတုန်းက ထောက်လှမ်းရေးအကြီးအကဲကို ဗိုလ်ကြီးအဆင့်ပဲ ထားတယ် ဆိုတာကို ခင်ဗျား တကယ် မသိခဲ့တာလား? ဒါမှမဟုတ် "အဲဒီတုန်းက ထောက်လှမ်းရေးရုံးထဲမှာ "ဗိုလ်မှုးထွန်းအောင်ကျော်" နဲ. "ဗိုလ်မှုးမောင်မောင်ချို" ရော ထိုင်နေတာ တွေ.ခဲ့ပါတယ်" လို.များ ပြောအုံးမလို.လား?

ခင်ရွှေလှိုင် ရေ... ကာကွယ်တဲ့နေရာမယ် တဖက်သက်ကြီး ဆိုရင်တော့ ကိုယ်ပါ ရောနှစ်သွားမယ်။ မင်းတို.ထဲမှာလည်း တာဝန်မကင်းသူတွေပါတာပဲ ဆိုရင်လဲ ဖော်ပေးပါ။ ကြိုဆိုပါတယ်။ တရားခံတယောက်မှ မလွတ်ဖို.အတွက် ဆုံးဖြတ်ချက် ချထားပါတယ်။

ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)
၃-၄-၂၀၁၂

(moethihaaung ဘလော့မှ ကူးယူ ဖော်ပြပါသည်။)

http://moethihaaung.blogspot.de/2012/04/blog-post_2664.html

မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ဖြိုခွဲခဲ့တဲ့ တရားခံအစစ်က ဘယ်သူလဲ (၆)

(ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး) (အပိုင်း ၆) ကို အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၆)

ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)

April 5, 2012


အဲဒီ “တခုခု လုပ်မှဖြစ်မယ်” ဆိုတာ ဘာကို ဆိုလိုတာလဲ။ တောထဲကို အခုမှ ခြေချခါစ ယူဂျီလိုင်းက လူတွေအနေနဲ့ မြောက်ပိုင်းရဲ့ နိဒါန်းအစမှာ ဖြစ်ခဲ့သလို "ဥက္ကဋ္ဌ လုပ်တဲ့ ကိုထွန်းအောင်ကျော်က တင်ပြလာမယ့် စစ်ဆေး တွေ့ရှိချက်တွေ အပေါ် ဗီတိုအာဏာနဲ့ `ဒါတွေကို လက်မခံနိုင်ဘူး၊ အားလုံးကို ပြန်လွှတ်ပေး´ ဆိုပြီး အမိန့်ပေးခဲ့ရင် မြို့ပြက လာခဲ့တဲ့ ရဲဘော်တွေ ဦးဆောင်ပြီး ရဲဘော်၊ ရဲမေတွေကလည်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို ထောက်ခံပြီး မကျေနပ်မှုတွေ၊ ဆူပူမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်လာမယ်။ အဲဒီအခါ ခေါင်းဆောင် လုပ်နေတဲ့ လူကြီးတွေအနေနဲ့လည်း ရဲဘော်၊ ရဲမေတွေ အားလုံးကို ခေါ်ယူပြီး တွေ့ဆုံရှင်းလင်းပွဲတွေ လုပ်ရမယ်။ နောက်တခါ ရွေးကောက်ပွဲတွေ ပြန်လုပ်ကြပြီး `ဒေသခံခေါင်းဆောင်တွေကို အပြီးတိုင် ဖယ်ရှားပစ်နိုင်တယ်´ " လို့ လျှော့တွက်မိကောင်း လျှော့တွက်မိနိုင်ပါတယ်။

ဒါပေမဲ့ ရဲဘော်တွေနဲ့အတူ လက်တွေ့ အတူ နေနေတဲ့ ရဲဘော်ထွန်းအောင်ကျော် အနေနဲ့ "ဒေသခံခေါင်းဆောင်တွေ ရှိနေသမျှ မြောက်ပိုင်းကျောင်းသားတပ်ကို ဘယ်သူမှ အာဏာကို ချုပ်ကိုင် ကွန်ထရိုး (control) လုပ်ချင်လည်း လုပ်လို့မရဘူး" ဆိုတာ သိနေသလို "ဒေသခံခေါင်းဆောင်တွေကို ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်ဘူး" ဆိုတာလည်း နားလည်နေပါလိမ့်မယ်။ ဖယ်ရှားလို့ ရတယ်ပဲ ထားပါအုံးတော့၊ "သူ့ရဲ့နယ်မြေမှာ ဗမာပြည်အလယ်ပိုင်းက ဗမာကျောင်းသားတစု လာပြီး မင်းမူနေတာ" ကို မဟာမိတ်တွေက ယုံကြည် စိတ်ချစွာ လက်ပိုက်ကြည့်နေမယ် ထင်ပါသလား။ ဒေသခံကျောင်းသားရဲဘော်တွေ အနေနဲ့ရော။

ရန်ကုန်၊ မန္တလေးက အောက်ခြေမှာရှိနေတဲ့ ရဲဘော်တွေ အပါအ၀င် လူအယောက် နှစ်ဆယ်ကျော် ဖမ်းသွားပြီးတဲ့နောက် စစ်ချက်တိုင်းလိုလိုမှာ ပါနေတဲ့ ကိုထွန်းအောင်ကျော်ကို ဖမ်းတဲ့အချိန် "သူ ထောက်လှမ်းရေး မဟုတ်ပါဘူး" လို့ အဲဒီအချိန်မှ ငြင်းခဲ့ရင် ဒါမှမဟုတ် "ဒါတွေ၊ ဒါတွေကတော့ လက်မခံနိုင်ဘူး၊ မဖြစ်နိုင်တော့ဘူး" လို့ ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီ တောင်းပြီး ဖြေရှင်းခဲ့ရင်ကော ဘာတွေ ဖြစ်လာနိုင်လဲ။ (ဗိုလ်မှူးပန်းအောင်နဲ့ ကေအိုင်အေ အရာရှိတချို့ တခါတလေ အရေးပါတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ စောင့်ကြည့် နားထောင်ခဲ့တာတွေ၊ အဖမ်းခံရသူတွေကို လာတွေ့တာတွေ ရှိခဲ့တယ်။)

ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဋ္ဌတယောက်က ငြင်းလိုက်တာနဲ့ မြို့ပြကလာခဲ့တဲ့ ကျောင်းသားရဲဘော်တွေနဲ့ ဒေသခံရဲဘော်တွေ နှစ်ဖွဲ့ ကွဲပြီး ဖိုက်ကြဖို့ပဲ ရှိတယ်။ မြောက်ပိုင်းကျောင်းသားတပ်မတော်မှာ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုကြောင့် သေသွားခဲ့တဲ့ လူတွေ (၃၈ ယောက်) ထက် မက ပိုမို များပြားတဲ့ အသက်တွေ သေကြေ ဆုံးရှုံးသွားနိုင်သလို မြောက်ပိုင်းကျောင်းသားတပ်မတော်လည်း သက်တမ်းနုနုလေးအတွင်းမှာ ပြိုကွဲ ပျက်စီးသွားနိုင်တယ်။ ဒီအဖြစ်မျိုးကို ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကိုထွန်းအောင်ကျော် ကိုယ်တိုင် လိုလားခဲ့မယ် မထင်ပါဘူး။

ဒါတွေကြောင့် ကိုထွန်းအောင်ကျော် က "သူ ထောက်လှမ်းရေး မဟုတ်ပါဘူး" လို့ မငြင်းဘဲ ၀န်ခံခဲ့တာ၊ ကိုထွန်းအောင်ကျော် က သူ့အသက်ကို အနစ်နာခံ ပေးဆပ်ခဲ့တာ (ကိုထွန်းအောင်ကျော် အနေအထားက ၀န်ခံလိုက်တာနဲ့ `သေဒဏ်´ ဆိုတာ သူ နားလည်ထားပြီးသားပါ) ဖြစ်နိုင်သလို ကိုထွန်းအောင်ကျော် လို ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ သူတယောက်ကို မေးမြန်းစစ်ဆေးနေတာ ကေအိုင်အေ ထောက်လှမ်းရေးဘက်က အရာရှိတချို့ အစပိုင်းမှာ လာရောက် နားထောင် စောင့်ကြည့်နေတာမျိုးတွေ၊ ကိုထွန်းအောင်ကျော် ရဲ့ထွက်ဆိုချက်တွေ ဖတ်ကြည့်တာမျိုးတွေ ရှိကို ရှိရပါလိမ့်မယ်။

ကိုထွန်းအောင်ကျော် ကို ဖမ်းတဲ့သူတွေထဲကဖြစ်ဖြစ်၊ အဖမ်းခံခဲ့ရသူတွေထဲကဖြစ်ဖြစ် ကိုထွန်းအောင်ကျော် အပေါ်မှာပဲ အားလုံး ပုံချပြီး ငြင်းမရ၊ ရုန်းမရအောင် ခိုင်လုံတဲ့ အနေအထား တခုကနေ တွန်းပို့ ထိုးကျွေးတာ ခံခဲ့ရလို့သာ အဲဒီအချိန်က စောင့်ကြည့် နားထောင်နေတဲ့ မဟာမိတ်က အရာရှိတချို့က "ကိုထွန်းအောင်ကျော် ဟာ ထောက်လှမ်းရေး ဖြစ်တယ်" ဆိုတာကို လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးမှာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကိုတော့ ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ပြီး ဖြေခဲ့ရတဲ့၊ အဖမ်းခံရတဲ့ထဲက လူတွေနဲ့ ဒီစစ်ဆေးချက်တွေကို အချော ပြန်ရေးပြီး ကိုမျိုးဝင်းကို အစီရင်ခံခဲ့တဲ့ ကိုသန်းဇော် (မန္တလေး) (ဂေါ့စဒါ ရုံး (GOSDA) (မှတ်ချက် - GOSDA = The Graduates and Old Students' Democratic Association) ) သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။

.
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကို “ထောက်လှမ်းရေးလား” လို့ ခေါင်းစဉ်တပ်ပြီး မေးခဲ့သူက ဘယ်သူလဲ။

ကိုမျိုးဝင်း (မိုးညှင်း) ကိုယ်တိုင် မေးခဲ့တာလား။

ကိုသန်းဇော် (မန္တလေး) မေးခဲ့တာလား။

ဇော်ဇော်မင်း (မိုးညှင်း) မေးခဲ့တာလား။

“ဟုတ်တယ်” လို့ ၀န်မခံမချင်း ညဉ်းပမ်း နှိပ်စက်ပြီး မေးနေတဲ့အပေါ် မခံနိုင်တဲ့အဆုံး ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ပြီး ဖြေသွားခဲ့ရတဲ့ အဖမ်းခံရသူတွေက ဘယ်သူတွေလဲ။ "စစ်ချက်တိုင်းမှာ ကိုထွန်းအောင်ကျော်ရဲ့နာမည် ပါနေတယ်" ဆိုကတည်းက ရည်ရွယ်ချက်ရှိရှိ အစီစဉ်ရှိရှိကို ထိုးကျွေးတာ ခံခဲ့ရတဲ့ အနေအထားကို ညွှန်ပြနေတယ်။

ဒါတွေဖြစ်ခါနီးမှ မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ရောက်လာခဲ့တဲ့ ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊ ကိုကျော်ဌေး တို့ ဆိုတာက မြို့မှာကတည်းက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ ကိုညီညီ၊ ကိုညီညီကျော်၊ ရန်အောင် တို့ကသာ သိနေတဲ့သူတွေ ဖြစ်တယ်။ တခြား ရဲဘော်၊ ရဲမေတွေက ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊ ကိုကျော်ဌေး တို့ကို သိတောင် မသိကြဘူး။

ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊ ကိုကျော်ဌေး တို့လို မနေ့တနေ့ကမှ တောထဲကို ရောက်လာတဲ့ လူသစ်တွေကိုရော ဘယ်သူကမေးပြီး ဘယ်သူက ဆွဲထည့်သွားတာလဲ။

အံ့သြဖို့ကောင်းတာက ကျမတောင်မှ မေးမြန်း စစ်ဆေးခဲ့တဲ့ နာမည်ထဲမှာ ပါခဲ့သေးတာ။ အစီစဉ်ရှိရှိ လုပ်ခဲ့ကြတာ မဟုတ်ဘူးဆိုရင် ကိုအောင်နိုင် (မန္တလေး) (အဲဒီအချိန်က ABSDF မြောက်ပိုင်း အတွင်းရေးမှူး၊ နောက်ပိုင်း ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ) (လက်ရှိ - ချင်းမိုင်) ကရော ဘာဖြစ်လို့ မပါနိုင်ရမှာလဲ။

ဘာကြောင့် ကိုအောင်နိုင် ကို "ထောက်လှမ်းရေး" လို့ နာမည်တပ်ပြီး မစစ်ဆေးခဲ့ကြတာလဲ။ ဘာကြောင့် ကိုအောင်နိုင် က “ထောက်လှမ်းရေး ဟုတ်တယ်” လို့ မဖြေမချင်း ကိုအောင်နိုင် ကို ရိုက်စစ်ပြီး မမေးခဲ့ကြတာလဲ။ ဘာကြောင့် ဘယ်သူမှ ကိုအောင်နိုင် ကို ဆွဲထည့်ပြီး ဖြေမသွားခဲ့ကြတာလဲ။

ကိုသန်းဇော် (မန္တလေး) (ဂေါ့စဒါ ရုံး (GOSDA) ) (ABSDF မြောက်ပိုင်း ကျောင်းသားထောက်လှမ်းရေး၊ ထောင်ကျ၊ ပြန်လွတ်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း) (ABSDF မြောက်ပိုင်း ကျောင်းသားထောက်လှမ်းရေး) (ယခု စစ်ထောက်လှမ်းရေးက စောင့်ရှောက်ထား) တို့ ကျမကို ပြောခဲ့သလို “ကြည့်လေ၊ ထွန်းအောင်ကျော်က ဟုတ်လို့ အဖမ်းခံခဲ့ရတာ၊ ကိုအောင်နိုင်က မဟုတ်လို့ ကျန်နေရစ်တာ” တဲ့၊ ဘယ်လောက် လှတဲ့ အကွက်လေးလဲ။

ကျမအတွက် ကံကောင်းသွားတာက တကယ်လို့များ ကိုအောင်နိုင် သာ ထိုးကျွေးခံရမဲ့ စာရင်းမှာ ပါခဲ့ရင် အခုအချိန်မှာ "မန္တလေးကျောင်းသားတွေ ပြောနေတဲ့ တရားခံ" က မန္တလေးသူအဖြစ် မြို့မှာကတည်း ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ ကိုစိုးလင်းတို့နဲ့ လက်တွဲ လုပ်ခဲ့ပြီး "တယောက်တည်း ကျန်ခဲ့တဲ့ ကျမ" ဖြစ်ဖို့ များတယ်။

မြောက်ပိုင်းဗဟိုကော်မတီဝင်တွေထဲမှာ အမျိုးသမီးတွေကို ထည့်သွင်း မစဉ်းစားတဲ့ " `မဟာယောက်ျားကြီးဝါဒ´ က ကျမကို ကယ်သွားတာပဲ"။

ကိုထွန်းအောင်ကျော်ရဲ့ ကိုယ်ရံတော် ဖြစ်တဲ့၊ အင်မတန် ရိုးသားတဲ့ ရဲဘော် စိုးလွင် (မန္တလေး) နဲ့ ကျမကို “ဂေါလီ” လို့ ခေါ်ခဲ့တဲ့ အင်မတန်ရိုးသားပြီး ရန်သူကို ဖိုက်ဖို့လောက်ပဲ စဉ်းစားနေတဲ့ မန္တလေးက ဖိုက်တာတယောက်တော့ ကျန်ပါသေးတယ်။ ကျမတို့အားလုံး ခေါ်ခဲ့တဲ့ နာမည်က ကြယ်နီ ပါ။ သူလည်း ဂေါ့စဒါ (GOSDA) ရုံး ကပဲ။

.
နောက်တခု ထူးဆန်းတာက စစ်ဆေးမေးမြန်းမှုထဲမှာ ကိုယ်တိုင် မပါဘဲ စစ်ချက်တွေကိုသာ ဖတ်ခဲ့ရတဲ့ ကိုအောင်နိုင် ထက် ကိုမျိုးဝင်း ပြီးရင် ဒုတိယအဆင့်က အဖမ်းခံရသူ အားလုံးနီးပါးကို ကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့တဲ့၊ စစ်ဆေးတွေ့ရှိချက်တွေကို ကိုယ်တိုင် ရေးသားခဲ့တဲ့ မန္တလေးသား ကိုသန်းဇော် (ဂေါ့စဒါ ရုံး) (GOSDA) (ကိုညီညီကျော်နဲ့ အတွဲဖြစ်ခဲ့တဲ့ သူ) ကိုတော့
အေဘီမြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှု ဖြစ်ရပ်မှန် ဖော်ထုတ်နေကြတယ် ဆိုတဲ့ မန္တလေးသားတွေ တိုက်ခိုက် ပြောဆိုခဲ့တာမျိုး သိပ်မတွေ့ရတာကိုပါ။

ဒါကလည်း မြောက်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်သွားတဲ့ ကိုညီညီကျော်၊ ကိုညီညီ တို့တွေ မန္တလေးကျောင်းသားတွေကို ချပြခဲ့တဲ့ (အောင်နိုင်က အာဏာရူးပြီး ဥက္ကဋ္ဌ နေရာကို လိုချင်လို့ ကိုထွန်းအောင်ကျော် ကို သတ်တာ လက်ပိုက်ကြည့်နေခဲ့တာ) ဆိုတဲ့ ၀ါဒဖြန့်ထားတဲ့ စကားတွေအပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။

လှလည်း လှပါတယ်။ အတူ လက်တွဲပြီး လုပ်လာခဲ့သူ နှစ်ယောက် ဖြစ်တဲ့ ကိုထွန်းအောင်ကျော် နဲ့ ကိုအောင်နိုင် မှာ တယောက်က အသတ်ခံရတယ်။ တယောက်က လုပ်ဖို့လူ မရှိတော့တဲ့အပေါ်မှာ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ကိုအောင်နိုင်ကို ချန်ထားပေးခဲ့ကြတာလား။ ဒါမှမဟုတ် တယောက်တည်း ကျန်နေတဲ့ ကိုအောင်နိုင် ကကော ဘာလဲ။ စဉ်းစားကြည့်စရာပါ။

ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကိုအောင်နိုင် တင်မက အဖမ်းခံခဲ့ရတဲ့ ကိုညီညီကျော်၊ ကိုရဲလင်း တို့အဆုံး အေဘီမြောက်ပိုင်း ဗဟိုကော်မတီဝင်အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကို မြောက်ပိုင်း ရဲဘော်၊ ရဲမေ မှန်ရင် အားလုံးက နားလည်ထားပြီးသားပါ။

ဒါလောက် အုံနဲ့ကျင်းနဲ့ ဖြစ်ခဲ့တဲ့ ကြီးကြီးမားမား နစ်နာ ဆုံးရှုံးခဲ့ရတဲ့ ကိစ္စကြီးကို ကိုအောင်နိုင် တာဝန်ရှိတာ မှန်ပေမဲ့ ကိုအောင်နိုင် တယောက်တည်းမှာပဲ ဖြေရှင်းပေးဖို့ တာဝန်ရှိသလို အတင်းကြီး လိုင်းတင်နေတာ သိပ်တော့ သဘာဝမကျဘူးလို့ ကျမ ထင်ပါတယ်။

ဒါဟာ ပါဝင်ခဲ့ကြသူတွေအားလုံး စုဆုံပြီး ရှင်းမှ ဖြစ်နိုင်မဲ့ ကိစ္စကြီး ဆိုတာကို ဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ လူတွေကိုယ်တိုင် နားမလည်စရာ အကြောင်းတော့ မရှိနိုင်ပါဘူး။

ဒါကို “ဒီလောက် လူတွေ အများကြီး သူတို့ကိုယ်တိုင်တောင် မရှင်းနိုင်တော့ဘူး” လို့ ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့သူတွေထဲမှာ တယောက် အပါအ၀င်ဖြစ်တဲ့ ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ) က သူ့မှာ လုံးဝ တာဝန်မရှိသလို ဘာမှ မသိ နားမလည်ဘဲ ခံလိုက်ရသလို ပြောနေ၊ ရေးနေတာတွေက သက်သေပြနေပါတယ်။

ကျမ ကျောင်းဆရာမ လုပ်ပြီး ပြန်လာချိန်မှာ မြောက်ပိုင်းမှာ ကိုအောင်နိုင်ကို ကျမ ထပ်မေးခဲ့တာ ရှိတယ်။ "ကိုထွန်းအောင်ကျော် က ထောက်လှမ်းရေး ဆိုတာ သေချာရဲ့လား" ဆို ကျမက ကိုအောင်နိုင်ကို မေးတယ်။

ဒီတော့ ကိုအောင်နိုင်က အခုလို ပြောပြတယ်၊

“ကိုထွန်းအောင်ကျော် ဆယ်တန်းအောင်ပြီး ဆယ်နှစ်လောက် ပျောက်နေတာတွေ ရှိတယ်။ စစ်ချက်တိုင်း လိုလိုမှာ ကိုထွန်းအောင်ကျော် နာမည်က ပါနေတာ။ စစ်ချက်တွေကို ကိုထွန်းအောင်ကျော် ဆီ ပို့တဲ့အခါ သူ့နာမည်ကို ဖယ်ထားရတယ်။ ထွက်ဆိုချက်တွေက ခိုင်မာနေပြီး အချိတ်အဆက်တွေလည်း ရှိနေကြတယ်။ သူတို့သုံးတဲ့ ကုပ် (code) တွေကို ချရေးခိုင်းတော့ တူနေကြတယ်” လို့ ကိုအောင်နိုင်က ကျမကို ပြောပြတယ်။

ပြီးတော့ ကိုအောင်နိုင်က ဆက်ပြောသေးတယ်၊ “မြို့ထဲမှာ ကျန်နေတဲ့ မင်းသူငယ်ချင်းတွေက ထောက်လှမ်းရေးတွေချည်းပဲ” တဲ့။

“ဘယ်သူတွေလဲ” လို့ ကျမ မေးတော့ ကိုအောင်နိုင်က မဖြေဘူး။ ကျမ သူငယ်ချင်းတွေ တယောက်ပြီးတယောက် နာမည်တပ် မေးပေမဲ့ ကိုအောင်နိုင်က ပြန်မဖြေတော့ဘူး။ အဲဒီအချိန်တုန်းက ကိုအောင်နိုင် ကိုယ်တိုင်လည်း သူ့ကိုယ်သူကလွဲလို့ ကျမကိုတောင် သိပ်ယုံပုံ မရတာတော့ သေချာပါတယ်။

.
အေဘီ မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှု အစီရင်ခံစာတွေ အင်တာနက်ပေါ် တက်လာချိန်မှာ ကိုအောင်နိုင် (မန္တလေး) (အေဘီ မြောက်ပိုင်း အတွင်းရေးမှုး၊ နောက်ပိုင်း အေဘီ မြောက်ပိုင်း ဥက္ကဋ္ဌ) (လက်ရှိ - ချင်းမိုင်) ကို ကျမ ထပ်မေးခဲ့တယ်။

“အဲဒီအချိန်က ခင်ဗျားကို ခင်ဗျား ယုံကြည်မှု ရှိနေတာ သေချာရဲ့လား၊ ခင်ဗျားကို ဘယ်သူမှ ဆွဲထည့်ပြီး ဖြေမသွားဘူးလား” လို့ ကျမက ကိုအောင်နိုင်ကို ထပ်မေးခဲ့တယ်။

“အဲဒါတော့ ကျနော်လည်း မသိဘူး။ ကျနော့်နာမည် ပါနေရင်လည်း အဲဒီဖိုင်က ကျနော့်ဆီ ဘယ်ရောက်မလဲ” လို့ ကိုအောင်နိုင်က ကျမကို ပြန်ဖြေတယ်။

“ဒါဆို ခင်ဗျားက စစ်ဆေး မေးမြန်းခဲ့တဲ့ အထဲမှာ မပါခဲ့ဘူးလား” လို့ ကျမက မေးတော့ “မပါဘူး။ တခါတလေ သွား နားထောင်တာတော့ ရှိတယ်။ ကျနော်က ထွက်ဆိုချက်တွေကိုပဲ ဖတ်ခဲ့ရတာ” လို့ ကိုအောင်နိုင်က ကျမကို ပြောတယ်။

“ဒါဆို သူတို့လိုင်းတင်ပြီး မဖြေမချင်း နှိပ်စက်မေးခဲ့ရင်ရော ဘယ်လိုလုပ်မလဲ” လို့ ကျမက ထပ်မေးတော့

“အဲဒီလိုတော့ လုပ်မယ် မထင်ပါဘူး” လို့ ကိုအောင်နိုင်က ကျမကို ပြောတယ်။

“ဒါတော့ မဖြစ်နိုင်ဘူး၊ ရန်သူက နှစ်ဘက်စလုံးမှာ ရှိနေနိုင်တာပဲ” လို့ ကျမက ပြောတော့ ကိုအောင်နိုင်က ဆက်မပြောတော့ဘူး။

"ထိုးကျွေးတာ ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့ဟာ ဘယ်နည်းနဲ့ မှ မဆလ မဖြစ်နိုင်ဘူး၊ ဖြစ်မဲ့ဖြစ်ရင် ဗကပ ကပဲ၊ မြောက်ပိုင်းကျောင်းသားတပ်အတွင်းမှာ `ထောက်လှမ်းရေး´ လို့ နာမည်တပ်ပြီး ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေ ဖြစ်အောင် နှစ်ဘက်စလုံးမှာ ဒုတိယအဆင့်အနေအထားတွေနဲ့ နောက်ကွယ်ကနေ တွန်းပို့ ဖန်တီးခဲ့တဲ့ (လူတစု) ကတော့ ရန်သူ့သူလျှို မဆလတွေပဲ" လို့ ကျမလို သာမန်ရဲမေ တယောက်တောင် ခန့်မှန်းနိုင်ခဲ့ရင် တာဝန်ယူခဲ့ရတဲ့ အနေအထားမှာရှိနေတဲ့ ကိုအောင်နိုင် ကရော အခုအချိန်အထိ အဲဒီလို နည်းနည်းလေးမှ မတွေးထင်ခဲ့မိဘူး ဆိုတာ သေချာရဲ့လား။

အေဘီ မြောက်ပိုင်း က ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေဟာ ရန်သူ့သူလျှို မပါဘဲ ဖြစ်ခဲ့တာ သေချာရင် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့ကို ထိုးကျွေးစရာ အကြောင်း လုံးဝ မရှိသလို တောနဲ့ မြို့ပြ ဆက်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်သွားစရာ အကြောင်း လုံးဝ မရှိဘူး၊ အစီစဉ်ရှိရှိ လုပ်ခဲ့လို့သာ ထောက်လှမ်းရေးက တယောက်၊ နှစ်ယောက်လောက် ဖြစ်နေတာမျိုး မဟုတ်ဘဲ လူမှန်ရဲဘော်တွေ အများကြီး ဆွဲထည့်ခံခဲ့ရတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ ဗန်းမော်၊ ကသာ၊ မုံရွာ၊ ရွှေဘို ဒေသအရ အချိုးကျတွေနဲ့ ဖြစ်နေတဲ့အပြင် အားဖြည့်ခဲ့တဲ့ (၅၀၁) ၊ (၄၀၁) တပ်ရင်းတောင် အချိုးကျ ထဲမှာ ပါသွားသေးတယ်။

.
ကိုမျိုးဝင်း ကိုယ်တိုင်က ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန် တို့ကို `ထောက်လှမ်းရေး´ ခေါင်းစဉ်တပ်ပြီး "ထောက်လှမ်းရေး ဟုတ်တယ်" လို့ မဖြေမချင်း ရိုက်မမေးခဲ့တာ သေချာရင်၊ အဖမ်းခံရသူတွေထဲကနေ ရိုက်မေးစရာမလိုဘဲ အစီစဉ်ရှိရှိ ဆွဲထည့်ပြီး ဖြေသွားကြတာ မဟုတ်ဘူး ဆိုရင် မျက်စိထဲမှာတော့ ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော် တို့ သုံးဦးရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ပြန်မြင်ယောင်လာမိတယ်။

ကိုသန်းဇော် (မန္တလေး) (ဂေါ့စဒါ ရုံး (GOSDA) )၊ (အေဘီ မြောက်ပိုင်း ကျောင်းသားထောက်လှမ်းရေး တာဝန်ခံ) ဟာ မြို့မှာကတည်းက ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်၊ ကိုညီညီတို့နဲ့ ဂေါ့စဒါ ရုံး (GOSDA) မှာအတူ လက်တွဲ လုပ်ခဲ့သူပါ။ ကိုသန်းဇော် ဟာ ကိုထွန်းအောင်ကျော်ရဲ့လူလိုလိုနဲ့ ကိုမျိုးဝင်း ရဲ့ လူယုံ ဖြစ်နေတယ်။ ကိုသန်းဇော် ဟာ စစ်ဆေးမှုတိုင်းကို ဦးဆောင်တာဝန်ယူရသလို စစ်ချက်အားလုံး အစီရင်ခံ ရေးသား တင်ပြရသူ ဖြစ်ပါတယ်။

ကိုညီညီကျော် (မန္တလေး) (အေဘီ မြောက်ပိုင်း ဗဟို ကော်မတီဝင်၊ ကိုထွန်းအောင်ကျော် ရဲ့ လူယုံ) က လက်ကို နောက်ပြန်ကြိုး တုပ်ထားတဲ့ ကြားထဲက အရာရှိရိပ်သာမှ ပထမဦးဆုံးနဲ့ အစောဆုံး ကိုယ်လွတ်ရုန်း ပြေးနိုင်သူ ဖြစ်ပါတယ်။ ကိုညီညီကျော် က အေဘီ မြောက်ပိုင်း က ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုတွေကို အနာဂတ် တချိန်ကျရင် မန္တလေးကျောင်းသားတွေကို ပြန်ချပြတဲ့အခါ ကိုညီညီကျော် က မန္တလေးကျောင်းသားတွေရဲ့ ယုံကြည်မှု ရဖို့ ကိုညီညီကျော် ဟာ အဖမ်းခံရတဲ့သူထဲမှာ မပါဘဲ လွတ်နေခဲ့လို့ မဖြစ်သလို ကိုညီညီကျော် လွတ်မြောက်ဖို့လည်း ကြိုတင်အစီအစဉ် ရှိထားရမယ်။

လက်ပြန်ကြိုး တုပ်ထားတဲ့ ကိုညီညီကျော် ကို အစောင့်တယောက်မှ ချထားခြင်းမရှိဘဲ ထွက်ပြေးချိန် ရအောင် စီစဉ်ပေးနိုင်တဲ့သူက ဖမ်းတဲ့သူထဲမှာပဲ ရှိနေရမယ်။ မယုံရင် လက်ပြန်ကြိုး တုပ်ပြီး ပြေးကြည့်ပါ၊ ဘယ်လောက် အကွာအဝေး ရောက်တဲ့အထိ ပြေးနိုင်မှာလဲ၊ ဘာကြောင့် လိုက်ဖမ်းဖို့ အချိန် မမီနိုင်ရမှာလဲ။ လက်ပြန်ကြိုး တုပ်မထားတဲ့ စိုးမင်းအောင် (မန္တလေး) ကိုတောင် မိအောင် ပြန်လိုက်ဖမ်းခဲ့ကြသေးတာပဲ။

ကိုညီညီကျော် ကို ဝှက်ပေးခဲ့တဲ့ ဆမားမှာ နေတဲ့ တရုတ်အမျိုသမီးလေး လီးမေ ဆိုတာ ဗန်းမော်ရင်းမှာ နေရတဲ့ ကိုညီညီကျော် ထက် လိုင်စင်ဗဟိုမှာ နေတဲ့ ကိုသန်းဇော် နဲ့တောင် ပိုပြီး ရင်းနှီးပါသေးတယ်။ ကိုညီညီကျော် အသက်လုပြီး ပြေးနေချိန်မှာ တရုတ်မလေး လီးမေ ကို သတိရသွားတာ မဖြစ်နိုင်သလို လမ်းမှာ ကြုံကြိုက်သွားတာလည်း ဖြစ်နိုင်ခဲပါတယ်။ လမ်းကြောင်းအတိုင်းပဲ လိုက်ဖမ်းမှာကို သိနေတဲ့အတွက် ထွက်ပြေးလာတဲ့ ကိုညီညီကျော် က လီးမေ ရဲ့ အိမ်မှာ ခဏ အောင်းနေဖို့ နဂိုကတည်းက ကြိုတင် အစီအစဉ် ရှိထားပြီးသား ဖြစ်နိုင်ပါတယ်။

ထွက်မပြေးခဲ့တဲ့ ကျမမှာ မြောက်ပိုင်း ဓါတ်ပုံ တပုံလေးတောင် မရှိပေမဲ့ အေဘီမြောက်ပိုင်းမှာ ထောက်လှမ်းရေး အဖြစ် အဖမ်းခံ၊ အစစ်ဆေးခံနေရာကနေ အသက်လုပြီး ပြေးခဲ့ရတဲ့ ကိုညီညီကျော်ကတော့ တယောက်တည်း ရိုက်ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် မှတ်တမ်းဓါတ်ပုံလေးတွေတောင် ရှိနေတာ တမျိုးတော့ စိတ်ဝင်စားစရာပဲ။

ရန်သူ့သူလျှိုလို့ သတ်မှတ်ထားခံရတဲ့ လူတွေရဲ့ တယောက်တည်း ဓါတ်ပုံတွေ၊ ကျောင်းသားရဲဘော် ၁၅ ယောက်ကို အာဆန်ကုန်းမှာ သတ်ခဲ့တဲ့ လူသတ်မှတ်တမ်းဓါတ်ပုံတွေ ကိုတော့ ဖေ့ဘုတ်မှာ ကိုမင်းဌေး (မိုးကောင်း) (လက်ရှိ - ချင်းမိုင်) တင်ထားမယ်တော့ မထင်ပါဘူး။

.
ကိုခင်မောင်ဇော် (မန္တလေး) (စစ်ရုံး) (လွတ်မြောက်၊ ကိုမျိုးဝင်းနဲ့ ကိုသံချောင်း ရဲ့ လူယုံ၊ ကိုမျိုးဝင်း ယုံကြည်လို့ ထည့်ထားသူ ဖြစ်နိုင်၊ အဖမ်းခံရသူတွေထဲက "ဘယ်သူတွေ၊ ဘယ်သူတွေက `ထောက်လှမ်းရေး´ သေချာတယ်၊ ဘာဖြစ်နိုင်တယ်" လို့ ကိုမျိုးဝင်းကို သတင်း ပြန်ပေးရသူ ဖြစ်နိုင်) ကျမ အေဘီ မြောက်ပိုင်း ရောက်စက စစ်ရုံးမှာ လုပ်တဲ့အချိန် စစ်ရုံးထဲက ကျောင်းသားတပ် တည်ရှိရာတွေကို ယေဘူယျ ပြထားတဲ့ မြေပုံလေးကို ကျမ မှတ်တမ်းစာအုပ်ထဲ ကူးဆွဲဖူးတယ်။ အဲဒီအချိန်မှာ ကိုခင်မောင်ဇော် ရောက်လာပြီး "ဒီရုံးထဲမှာ ရှိတာတွေကို သူ့ ခွင့်ပြုချက်မရပဲ ကူးဆွဲခွင့် မရှိဘူး" လို့ ကျမကို ကိုခင်မောင်ဇော် က ပြောလို့ သူ့ရှေ့တင် ဆွဲဆုတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့တယ်။

အတော်လေး ကြာသွားတဲ့အချိန် ကိုသီဟ (ခေါ်) ကိုဖေ၀င်း (အာအိုင်တီ ပဉ္စမနှစ်၊ မိုးညင်း) (အေဘီ မြောက်ပိုင်း ကျောင်းသားထောက်လှမ်းရေး၊ တိုက်ပွဲမှာ ကျဆုံး) က ဒါတွေမဖြစ်ခင် ရှေ့တန်းထွက်ခါနီးမှာ ကျမကို “မြေပုံဆွဲတတ်သလား” လို့ ကိုသီဟက အမှတ်တမဲ့ မေးခဲ့တယ်။ ကျမက ကျောင်းသားတပ် မြေပုံလေးကို ကူးဆွဲနေတုန်း ကိုခင်မောင်ဇော် က "ကူးဆွဲခွင့် မရှိဘူး" လို့ ပြောလို့ သူ့ရှေ့တင် ကျမ ဆွဲဆုတ်ပြီး လွှင့်ပစ်ခဲ့ဖူးတဲ့ အဖြစ်ကို သတိမရပဲ “အတိအကျတော့ မဆွဲတတ်ဘူး၊ ကြည့်ဆွဲရင်တော့ တူအောင်ဆွဲတတ်တယ်၊ အတန်းထဲမှာ ပုံဆွဲတိုင်း အေ ပလပ် (A+) ရတယ်” လို့ ကိုသီဟ (ခေါ်) ကိုဖေ၀င်း ကို ပြောရင်း မြို့မှာတုန်းက ကျမ တော်တော်တုံးခဲ့ပုံလေးကို ပြောပြမိတယ်။

မန္တလေး အရှေ့ဘက်ခြမ်း မြေပုံ လိုချင်တယ် ဆိုတော့ တနေ့တနေ့ နေပူထဲမှာ စက်ဘီးတစီးနဲ့ လျှောက်ပတ်ကြည့်ပြီး ကျမ ဘာသာ ကျမ ဆွဲပေးလိုက်တယ်။ နောက် ပထ၀ီဌာနက ဆရာတယောက်ဆီမှာ သွားယူပြီး မိတ္တူကူးဖို့ ကိုကြီး (ကိုထွန်း အောင်ကျော်) ကို ပေးခဲ့တယ်။ အဲဒီအထိလည်း ကျမ သဘောမပေါက်သေးဘူး။

မြောက်ပိုင်းကျောင်းသားတပ်မတော်၊ စစ်ရုံးမှာ လုပ်တော့မှ ကိုစိုးလင်း (မိုးညှင်း) (ရှေ့တန်းမှာ ဖျားနာပြီး သေဆုံး) နဲ့ ကိုမင်းဇော် (မိုးညှင်း) (ရှေ့တန်းမှာ ရေနစ်ပြီး သေဆုံး) တို့ တောင်အနိမ့်အမြင့်၊ အကွာအဝေး၊ အတိုင်းအတာ အတိအကျနဲ့ မြေပုံလေးတွေ တကုပ်ကုပ် ဆွဲနေတာကို သွားကြည့်ရင်း ကိုယ် ဆွဲခဲ့တာကို ကိုယ့်ဘာသာ ပြန်တွေးမိပြီး ရယ်ချင်လိုက်တာ မပြောနဲ့တော့ ဆိုတော့ သူပါ လိုက်ရယ်ပြီး “ကျနော် ပြန်လာရင် မဆွေကို မြေပုံ ဆွဲခိုင်းအုံးမယ်” လို့ ကိုသီဟ (ခေါ်) ကိုဖေ၀င်း က ကျမကို ပြောခဲ့တယ်။

နောက်မှ ပြန်တွေးကြည့်တော့ "ကိုခင်မောင်ဇော် က ကျမ မြေပုံ ကူးဆွဲတဲ့ကိစ္စကို ထောက်လှမ်းရေးရုံးကို ပြန်ပြောပြခဲ့လို့သာ ကိုသီဟ (ခေါ်) ကိုဖေ၀င်း က ကျမကို ဒီလို အမှတ်မထင် မေးခဲ့တာ ဖြစ်မယ်" လို့ စဉ်းစားမိတယ်။ ကိုခင်မောင်ဇော်ဟာ အကျယ်ချုပ်က လွတ်ပြီးတဲ့ နောက်မှာတောင် စစ်ရုံးမှာ ပြန်လုပ်ခွင့် ရခဲ့တယ်။ တိုက်ပွဲမှာ ကျသွားခဲ့တဲ့ ကိုမျိုးဝင်း ၀တ်ထားတဲ့ အင်္ကျီလေးတောင် "ကျည်ဆန်က ရှေ့ပေါက်လား၊ နောက်ပေါက်လား" လို့ ပြောရင်း သူ့လက်ထဲမှာ ရှိခဲ့တယ်။

နန်းအောင်ထွေးကြည်ရဲ့ မှတ်တမ်းအရလည်း ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံး) ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး)၊ သင်းသင်းတို့ကို အကျယ်ချုပ်နဲ့ ပြန်လွှတ်ပေးတဲ့ သူက ကိုမျိုးဝင်း ကိုယ်တိုင် ဖြစ်နေတယ်။

ဒီအနေအထားအရ

(၁) ကိုသန်းဇော်၊
(၂) ကိုညီညီကျော်၊
(၃) ကိုခင်မောင်ဇော်၊

ဒီသုံးယောက် နဲ့တင် တော်တော်လေး အလုပ်ဖြစ်ပါတယ်။

ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော် သုံးယောက်လုံးကလည်း မန္တလေးသားတွေချည်း ဖြစ်နေတာ အံ့သြစရာ မကောင်းဘူးလား။

"ထွက်ပြေးခိုင်းတာ ခံခဲ့ရတယ်" လို့ ယူဆရတဲ့ စိုးမင်းအောင်ကလည်း မန္တလေးသား၊

ထိုးကျွေးခံခဲ့ရတဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး (ယူဂျီ)၊ ကိုအောင်မင်း (ယူဂျီ) တို့ကလည်း မန္တလေးသား၊

အဆင်သင့် စာအုပ်ထုတ်မဲ့ ကိုမောင်မောင် (ရွှေကရ၀ိက်) (ယူဂျီ) နဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) တို့ကလည်း မန္တလေးသား။

စိတ်ဝင်စားစရာပါ။

.
နောက် ကျမ စဉ်းစားမိတဲ့အချက်က အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့ (အနကလ) ရဲ့ ဆိုင်းပုဒ်အောက်မှာ ဗကသ၊ အခသ အစည်းအဝေးတွေ လုပ်ခဲ့ကြသလို အထက်ဗမာပြည်အနေနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အတော်လေး ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ဌားရမ်းခဲ့တဲ့ အိမ်ရှင်တွေကို ချိတ်ပိတ်ပစ်မယ် အထိ ခြိမ်းခြောက်တာတွေ ခံခဲ့ရပါတယ်။ နေရာတွေ ထပ်ထပ်ပြီး ရှာရ၊ ပြောင်းရတာတွေ ရှိခဲ့တယ်။

အဲဒီလို နေရာရှာတဲ့အချိန်မှာပဲ (အနကလ) ဆိုင်းပုဒ်ကို ကျုံးထောင့်မှာရှိတဲ့ ဒီမိုကရေစီတစ် ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါ့စဒါ) (GOSDA) ရုံး မှာ ထားရင်း အတူတွဲ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေ အကြီးအကျယ်ကို ရှိခဲ့တယ်။ ဒါပေမဲ့ ဂေါ့စဒါ (GOSDA) ရုံးကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာမျိုး တခါမှ ကျမ မကြားခဲ့ဖူးဘူး။

အဲဒီ ဂေါ့စဒါ (GOSDA) ရုံး ကို ဘယ်သူ ပိုင်တာလဲ။ ပိုင်ရှင်က သေသွားလို့ ခြိမ်းခြောက်တာတွေ၊ ဘာတွေ မခံခဲ့ရတာလား။

ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်ထဲမှာ ပါဝင်ခဲ့တဲ့ ကိုခင်မောင်ဇော် (မန္တလေး) (စစ်ရုံး) (အရာရှိရိပ်သာမှလွတ်မြောက်) နဲ့ ကိုစိုးလင်း (မန္တလေး) (အာအိုင်တီ၊ အနကလ) (အေဘီ တောင်ပိုင်းမှာ ထောက်လှမ်းရေး အဖြစ် ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီး လွတ်မြောက်) က လွဲရင် ကျောင်းသားထောက်လှမ်းရေး တာဝန်ခံ စစ်ဆေးမေးမြန်းခဲ့တဲ့ ကိုသန်းဇော် ကအစ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (အသတ်ခံရ)၊ ကိုညီညီ (လွတ်မြောက်)၊ ကိုညီညီကျော် (လွတ်မြောက်)၊ ကိုအောင်မင်း (ထောင်ထဲ အရိုက်ခံရ သေဆုံး)၊ ကိုကျော်ဝေ (အသတ်ခံရ)၊ ကိုကျော်ဌေး (အသတ်ခံရ)၊ ရဲဘော်ရန်အောင် (အသတ်ခံရ)၊ အေးကျော် (အဖမ်းခံရစဉ် သေဆုံး)၊ ရဲဘော်အိုကေ(ခ) အုံးကြိုင် (၅၆ ဦးနဲ့အတူ ရိုးရှင်းစွာ ပြန်လွတ်) မန္တလေးသားတွေ အားလုံးနီးပါး ဂေါ့စဒါ (GOSDA) ရုံးက လူတွေပဲ ဖြစ်နေပြန်တယ်။ (တချို့လူတွေက မန္တလေးမှာ လှုပ်ရှားခဲ့လို့ မန္တလေးသားလို့ ယူဆပေမဲ့ ဇာတိက မန္တလေး မဟုတ်ပါ။)

အဲဒီအထဲက ကိုအေးကျော် (မန္တလေး) (ဂေါ့စဒါ (GOSDA) ) ဟာ ဗန်းမော်ရင်းမှာ အဖမ်းခံထားရချိန် အချုပ်ထဲမှာပဲ သေဆုံးသွားခဲ့တဲ့အတွက် "အဆိပ်မိလို့ သေတာလား" လို့ ဖမ်းခဲ့တဲ့သူတွေဘက်က သံသယ ဖြစ်ခဲ့ပါတယ်။ ဆေးတာဝန်ယူထားတဲ့ ဆရာမ ဘောက်မိုင်ကို ခေါ်မေးခဲ့တဲ့အတွက် စစ်ဆေးမေးမြန်းခဲ့တဲ့ လူတွေ (ဘယ်သူတွေလည်းတော့ ကျမ မသိ) နဲ့အတူ ဆရာမ ဘောက်မိုင်ကိုယ်တိုင် သင်္ချိုင်းမှာ အလောင်းကို ပြန်သွားဖော်ပြီး ဗိုက်ခွဲပြခဲ့တယ်။ "အူတွေ၊ ကလီဆာတွေ ပြတ်နေတာမျိုးတော့ မရှိဘူး" လို့ ဆရာမ ဘောက်မိုင် ကိုယ်တိုင် ကျမကို ပြောပြခဲ့ဖူးတယ်။

ဒီလူတွေဟာ မြို့မှာတုန်းက ကျမနဲ့အတူ လက်တွဲ လုပ်ခဲ့တဲ့ ဂေါ့စဒါ (GOSDA) ရုံး က မကျော့၊ မစန္ဒာ၊ ဝေေ၀ထွန်း တို့ရဲ့ အစ်ကိုတွေ ဆိုလည်း မမှားပါဘူး။ ကျမ တောထဲသွားမယ် ဆိုတာကို ဝေေ၀ထွန်း တယောက်ကိုပဲ အသိပေးခဲ့တဲ့အတွက် လိုအပ်တာတွေကို အစစအရာရာ ကူညီပေးခဲ့တယ်။ ကျမ အထဲကို ပြန်ဝင်ချိန်မှာ မကျော့၊ မစန္ဒာတို့က ကျမကို အဆက်အဆံ မပျက်ခဲ့ပေမဲ့ ဝေေ၀ထွန်းကို သွားတွေ့တဲ့အခါ ဝေေ၀ထွန်းက ကျမကို စကားတောင် ဟဟ မပြောနိုင်အောင် နာကျည်းနေခဲ့တာ တွေ့ရတော့ စိတ်မကောင်းဖြစ်ရုံမှ တပါး ကျမ တတ်နိုင်ခဲ့တဲ့ ကိစ္စ မဟုတ်ပါဘူး။ ကျမအပါအ၀င် တောထဲရောက်လာသူတိုင်း ကိုယ့်အသက်ကို တော်လှန်ရေးအတွက် စပေါ် (စရန်) အဖြစ် တင်ထားကြပြီးသားပါ။

http://www.naytthit.net/?p=26228

.
“သက်သေသာဓက အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲ သူများကို မစွပ်စွဲသင့်ဘူး” ဆိုတဲ့ စကားလေးဟာ အင်မတန် လှပပြီး သဘာဝကျသလိုလည်း ရှိပါတယ်။ ဒီလိုကိစ္စမျိုးတွေကို ဘယ်ဘက်ကမှ စလုပ်ခဲ့တဲ့ အစဉ်အလာမျိုး ကျမတို့နိုင်ငံမှာ မရှိခဲ့ကြဘူး ဆိုရင်ပေါ့လေ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတုန်းကလည်း "သက်သေ အထောက်အထား ခိုင်လုံတဲ့အတွက် ဂဠုန်ဦးစောကို ကြိုးပေးသတ်စေ" ဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ကြတယ်။

နောက်ကွယ်ကနေ ဂဠုန်ဦးစော က ဗိုလ်ချုပ်အောင်ဆန်း တို့ကို လုပ်ကြံတာကို လုပ်ဖြစ်အောင် ဂဠုန်ဦးစော ကို ပံ့ပိုးပေးခဲ့တဲ့၊ စေခိုင်းခဲ့တဲ့ ပညာရှိ လူမိုက် တရားခံအစစ်ကို ရိပ်မိ သိရှိနိုင်ပေမဲ့ သက်သေမပြနိုင်လို့ လွတ်စေပေါ့၊ တရားရုံးက "တရားမျှတမှု" ဆိုတာ "လူမိုက်တွေအတွက်ပဲ" လေ။

လောကမှာ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ ဒုနဲ့ဒေး ပါ။ ဒါကို ဒီပဲရင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ရွေဝါရောင် တော်လှန်ရေးမှာ ဘုန်းကြီးတွေကိုတောင် ရိုက်နှက် သတ်ဖြတ်ဖို့ ၀န်မလေးခဲ့ကြတဲ့ အဖြစ်အပျက်တွေက သက်သေပြနေပြီးသားပါ။ ပြဿနာက ဂဠုန်ဦးစောလို လူမိုက်တွေ၊ ဒီပဲရင်း လူမိုက်တွေ၊ ရွှေဝါရောင် လူမိုက်တွေ မဟုတ်ဘူး။ သူတို့လို လူမိုက်တွေကို နေရာတကျ အသုံးချနေကြတဲ့ ဥာဏ် အမြော်အမြင် ကြီးမားတဲ့ ပညာရှိလူမိုက်တွေပါ။ ၀မ်းနည်းကြေကွဲစရာတွေ၊ စိတ်မချမ်းမြေ့ ဖွယ်ရာတွေကို မိဘပြည်သူတွေထံ လက်ဆောင်အဖြစ် မပျက်မကွက် ပေးပို့နေတတ်တဲ့ နေမြဲအတိုင်း နေမြဲ ရှိနေတတ်တဲ့ လူမျိုးတွေလေ။

ကျမအတွက်တော့ လက်ညှိုးထိုးပြခံနေရတဲ့ ဂဠုန်ဦးစောလို လူမိုက်မျိုးတွေ ကြိုးစင်တက်ရလည်း အဆန်း မဟုတ်ပါဘူး။ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း တို့ကို ထိုးကျွေးခဲ့တဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ လှုပ်ရှားသွားခဲ့တဲ့ သူလျှိုတစုကပဲ ကျမကို အဆန်းတကြယ် ဖြစ်စေတယ်။

ဒါဟာ တောထဲမှာ စိတ်ဓါတ်ကျ လက်မှိုင်ချနေတဲ့ လူတစုကို အထဲကို ပြန်ဝင်ကြဖို့ ဦးဆောင်ခေါ်သွားခဲ့တာမျိုး မဟုတ်ဘူး။ ညီညီညွတ်ညွတ် အားမာန်အပြည့် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်ကို ခါးကနေ ပိုင်းဖြတ်ပစ်ခဲ့ကြတာ။ မြောက်ပိုင်းကျောင်းသားတပ်ကို တောနဲ့မြို့ပြ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းအားဖြင့် ရေမဲ့ငါးလို ဖြစ်အောင်လုပ်ခဲ့ကြတယ်။ အခုလည်း ရိုးသားတဲ့ လူမှန် ရဲဘော်ရဲမေတွေကို ရှေ့ထုတ် အကာအကွယ်ယူ၊ ကာဗာ (cover) ယူပြီး နောက်ကွယ်ကနေ ကျောင်းသားတပ်ကို မိဘပြည်သူတွေ ထောက်ခံမှု မဲ့တဲ့ "ရေမဲ့ငါး" လို ဖြစ်အောင် ဆက်လက် တွန်းပို့ အကောင်အထည် ဖော်နေဆဲ၊ လှုပ်ရှားနေဆဲ။ တော်လှန်ရေးသတိ။

ခိုင်လုံတဲ့ သက်သေနဲ့တကွ “ဂဠုန်ဦးစောကို ကြိုးစင်တက်စေသတည်း” ဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့ရင်တော့ နောက်နောင်လည်း တော်လှန်ရေးမျိုးဆက် အင်အားစုတွေအကြားမှာ "ဒေါင်းယောင်ဆောင်တဲ့ကျီးတွေ" ရဲ့ လှည့်ကွက်၊ အာကွက်ထဲမှာ ဒီလို ဆင်တူရိုးမှား အဖြစ်ဆိုးတွေနဲ့ ကြုံကြ၊ ဆုံကြ၊ ဖြိုခွဲခံကြရအုံးမှာ ဖြစ်သလို မိဘပြည်သူတွေလည်း သူတို့ရဲ့ သားသမီးတွေကို ထပ်ခါတလဲလဲ ဆုံးရှုံးနေကြရအုံးမှာ မလွဲပါဘူး။

(ဆက်ရန်)


ခင်ရွှေလှိုင်

မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက်၊ လူထုတော်လှန်ရေးနေ့


(နေ့သစ် http://www.naytthit.net/?p=26228 မှ ကူးယူ ဖော်ပြပါတယ်။)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး ((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၆) )) ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ဖြိုခွဲခဲ့တဲ့ တရားခံအစစ်က ဘယ်သူလဲ (၇)

"ရန်သူ့သူလျှို အစစ် ၃ - ၄ ယောက်က `ကျောင်းသားကို ကျောင်းသားက သတ်တဲ့ အဖြစ်မျိုး´ အကွက်ဆင်ပြီး ABSDF မြောက်ပိုင်းကို ဖြိုခွဲသွားတာပါ" (ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး) (အပိုင်း ၇) ကို အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၇)

ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)


April 8, 2012

(၆)

ABSDF မြောက်ပိုင်းမှာ ကျောင်းသားရဲဘော် ၁၀ဝ ကျော်ကို ရန်သူ့သူလျှို ထောက်လှမ်းရေး ဆိုပြီး ဖမ်းဆီး နှိပ်စက်ပြီး ၁၅ ယောက်ကို သေဒဏ်ပေးခဲ့တာကို လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက "သူတို့ မှားခဲ့ရင် အဲဒီအမှားအတွက် ကြိုးစင်တက်မယ်" ဆိုတာ သူတို့ လုပ်ကတည်းက ပြောထားကြပြီးသား။ အဲဒီအတွက်တော့ စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။

ပြန်လွှတ်မပေးသင့်ဘူးလို့ ABSDF မြောက်ပိုင်း၊ ကျောင်းသားထောက်လှမ်းရေးက ယူဆထားတဲ့ ကျောင်းသားရဲဘော် (၁၅) ယောက်ကို ကျန်ရှိနေတဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဗဟိုကော်မတီဝင်တွေ အားလုံးကိုယ်စား ကိုမျိုးဝင်း တယောက်ထဲက တာဝန်ခံ လက်မှတ်ထိုးပြီး သေဒဏ် ချမှတ်ခဲ့တယ်။ (သေဒဏ် (၁၅) ယောက် ထဲမှာ မပါတဲ့ ကျန်တဲ့ အဖမ်းခံ ကျောင်းသားရဲဘော်တွေကို နိုင်ငံတကာ ကြက်ခြေနီအသင်းကို လွှဲအပ်ဖို့ ကြိုးစားခဲ့ကြတယ်။ တရုတ်ပြည်ထဲ ဖြတ်ပြီး လာခွင့် မရလို့ အစီအစဉ် ပျက်သွားခဲ့တယ်လို့ ကြားရတယ်။)

စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်နည်းလုပ်ဟန်တွေ အရဆိုရင် တော်လှန်ရေးအင်အားစု ဖရိုဖရဲ ဖြစ်အောင် လုပ်သွားတဲ့ တရားခံ အစစ်အမှန် ဆိုတာ နာမည် မပေါ်တာ များတယ်။ ထောင်ထဲမှာ နှစ်ရှည်လများ ရှိမနေဘူး။ အသက် အသေခံ လုပ်ဖို့ထက် လုပ်ပြီးတာနဲ့ ကိုယ်လွတ် ရုန်းထွက်ဖို့ အစီအစဉ်တွေ ရှိထားပြီးသား။ အခြေအနေ၊ အချိန်အခါကို စောင့်မယ်၊ အသုံးချ ခံရတဲ့ ရဲဘော်အမှန်တချို့ကို အမှားတွေ ဆက်တိုက် လုပ်မိအောင် ဖန်တီးပေးပြီး တရားခံအဖြစ် လက်ညှိုးထိုးဖို့ ပြင်ထားမယ်။

နန်းစော၊ သင်းသင်း၊ ဘိုဘို၊ ကျော်ခိုင်ဝင်း တို့လို ရိုးသားတဲ့ ရဲဘော်၊ ရဲမေတချို့ကို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေတွေ အဖြစ် အကာအကွယ်ယူ၊ ကာဗာ (cover) ယူပြီး ဆက် အသုံးချမယ်၊ ထိုးကျွေးခဲ့တဲ့ ရဲဘော် ထွန်းအောင်ကျော် တို့လို သမိုင်းအထင်အရှား ရှိခဲ့တဲ့ လူမျိုးတွေကို ရှေ့တန်းပြန်တင်၊ ကာဗာ (cover) ယူ လှုပ်ရှားပြီး သမိုင်းစင်မြင့်ပေါ်မှာ နောက်ထပ်အကွက်တခု ထပ် ဆင်ခွင့်ရဖို့ အရေးပါတဲ့ နေရာတခုအတွက် ခြေလှမ်းပြင်နေလိမ့်အုံးမယ်။

ရန်သူက သူ့အလုပ် သူလုပ်သွားတာ ရှင်းတယ်။ ၁၉၉၁ - ၉၂ မှာ ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့ အချက်ကို အခုလည်း ရန်သူက ပြန်အသုံးချပြီး "ကျောင်းသားတပ်ကို `ရေမဲ့ငါး´ ဖြစ်အောင် လုပ်ရေး" ဆိုတဲ့ ရန်သူရဲ့ စီမံချက်ကို ဆက်လက် အကောင်အထည်ဖော် လှုပ်ရှားနေဆဲ။

.
မရှင်းတာက ဘာလဲ။ မရှင်းတာက “ကျနော် ထောက်လှမ်းရေးကပါ” လို့ ဘယ်သူမှ လည်ပင်းမှာ စာတမ်းချိတ်ပြီး မလာကြတော့ တရားခံအစစ်တွေက ကိုယ်ပျောက်နေတယ်။ အဲဒီအတွက် အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါတယ် ဆိုသူများ အနေနဲ့ ငွေကုန်လည်း ခံနိုင်တယ်၊ အချိန်ကုန်လည်း ခံနိုင်တယ် ဆိုရင်တော့ နောက်ခံ ဘက်ဂရောင်း (background) တွေကို တူးဆွကြည့်ချင်ရင် ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်မှုတွေ အတွက် တာဝန်ရှိခဲ့တဲ့သူတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။


ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်မှုများ အတွက် ပထမအဆင့် အနေနဲ့ တာဝန်ရှိသူများ

ABSDF မြောက်ပိုင်းမှာ ကျောင်းသားရဲဘော်အချို့ကို ထောက်လှမ်းရေး အဖြစ် ဖမ်းဆီး စစ်ဆေးမှုတွေဟာ မြောက်ပိုင်းကျောင်းသားတပ် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် နောက်တန်းမှာရှိနေတဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့ပြီး ကျန်ရှိနေတဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ (နောက်ထပ် ထပ်မံ ဖမ်းဆီး စစ်ဆေးခံရသူတွေ အပါအဝင်) ဖမ်းဆီး စစ်ဆေးခံနေရတဲ့ ကျောင်းသားရဲဘော်တွေထဲက ၁၅ ယောက်ကို သေဒဏ်ပေးခြင်း အဖြစ် အဆုံးသတ်ခဲ့တဲ့အတွက် ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေ အားလုံးမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိတယ်။

ရှင်းအောင်လို့ ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်မှုများ အတွက် အဓိက တာဝန်ရှိတယ် လို့ ထင်ရသူများကိုသာ ဖော်ပြထားပါတယ်။

၁၊ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဂျီတီအိုင်) (အသတ်ခံရ)

၂၊ ဒုဥက္ကဋ္ဌ (၁) စစ်ရေးတာဝန်ခံ ကိုသံချောင်း (မိုးညှင်း-မော်ဟန်) (မြစ်ကြီးနားတက္ကသိုလ်) (သေဒဏ်အထပ်ထပ်နဲ့ ထောင်ကျ)

၃၊ အထွေထွေအတွင်းရေးမှူး ကိုအောင်နိုင် (မန္တလေး၊ ဆေးတက္ကသိုလ်) (လက်ရှိ - ချင်းမိုင်)

၎၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုမျိုးဝင်း (မိုးညှင်း-နမ္မား) (အာအိုင်တီ၊ ပဉ္စမနှစ်) (ကျဆုံး)

၅၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား) (လက်ရှိ - ABSDF မြောက်ပိုင်း)

၆၊ သတင်းနှင့်ပြန်ကြားရေးဌာန ကိုတင်မောင်အေး (ခ) ကိုအားဆိုက် (ကသာ) (စစ်ကြောရေးမှာ သေဆုံး)

ရ၊ ရန်ကုန်ဒေသတာဝန်ခံ (ရွှေကူခရိုင်မှူး) ကိုရဲလင်း (ရန်ကုန်) (အဖမ်းခံရပြီးနောက် ပြန်လွတ်)

၈၊ မန္တလေးဒေသတာဝန်ခံ (ဗန်းမော်ခရိုင်မှူး) ကိုညီညီကျော် (မန္တလေး) (အဖမ်းခံရပြီးနောက် လက်ပြန်ကြိုး တုပ်ထားတဲ့ ကြားက ပထမဆုံး ထွက်ပြေး လွတ်မြောက်ခဲ့သူ)

၉၊ ABSDF မြောက်ပိုင်း ကိုယ်စားလှယ်အဖြစ် ABSDF တောင်ပိုင်းမှာ ရှိနေသူ ကိုလှဌေး (ဗန်းမော်) (လက်ရှိ - အိန္ဒိယ)

၁၀၊ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း) (လက်ရှိ - အက်စ်အက်စ်အေ)

၁၁၊ စီးပွားရေးတာဝန်ခံ ကိုနေထွန်း (မြစ်ကြီးနား) (လက်ရှိ - အမေရိက) (ရှေ့တန်းမှာ သူ့ရဲ့ပစ္စတိုလည်း အသိမ်းခံခဲ့ရတယ် လို့ ကြားတယ်)

၁၂၊ မိုးညှင်းဒေသတာဝန်ခံ ကိုစိန်အေး ( မိုးညှင်း) (တရုတ်နယ်စပ်မှာ အဖမ်းခံရပြီး ပြန်လွတ်)

၁၃၊ ABSDF မြောက်ပိုင်း ကိုယ်စားလှယ်အဖြစ် ABSDF တောင်ပိုင်းမှာ ရှိနေသူ ကိုကျော်ကျော် (မြစ်ကြီးနား) (လက်ရှိ - ABSDF မြောက်ပိုင်း)

.
ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်မှုများ အတွက် ဒုတိယအဆင့် အနေနဲ့ တာဝန်ရှိသူများ

ABSDF မြောက်ပိုင်းမှာ ရန်သူ့သူလျှိုလို့ မသင်္ကာသူ ကျောင်းသားရဲဘော်အချို့ကို "ဖမ်းဆီးပြီး စစ်ကြောရေး လုပ်မယ်" လို့ ဆုံးဖြတ်ချက် ချပြီးတာနဲ့ ကိုမျိုးဝင်း ဦးဆောင်တဲ့ ABSDF မြောက်ပိုင်း၊ ကျောင်းသားထောက်လှမ်းရေးအဖွဲ့ကို အာဏာကုန် လွှဲအပ်ပေးခဲ့တဲ့အတွက် ABSDF မြောက်ပိုင်း၊ ကျောင်းသားထောက်လှမ်းရေးအဖွဲ့မှာ ပါဝင်ခဲ့သူတွေ၊ စစ်ကြောရေးမှာ ပါဝင်ခဲ့တဲ့သူတွေ အားလုံး ဒုတိယအဆင့် အနေနဲ့ တာဝန်ရှိတယ်။


ABSDF မြောက်ပိုင်း၊ စစ်ကြောရေးကို တိုက်ရိုက် ကွပ်ကဲသူ

ဒုစစ်ရေးတာဝန်ခံ ကိုမျိုးဝင်း (မိုးညှင်း) (တိုက်ပွဲမှာ ကျဆုံး)


ABSDF မြောက်ပိုင်း၊ စစ်ကြောရေးမှာ ပါဝင်ခဲ့တဲ့ ABSDF မြောက်ပိုင်း၊ ကျောင်းသားထောက်လှမ်းရေးတပ်ဖွဲ့

၁၊ တပ်ကြပ်ကြီး သန်းဇော် တာဝန်ခံ (မန္တလေး) (တရုတ်နယ်စပ်မှာ ကိုစိန်အေးနဲ့ အဖမ်းခံရပြီး ပြန်လွတ်)

၂၊ ဒုတပ်ကြပ် ဇော်ဇော်မင်း (မိုးညှင်း) (လက်ရှိ - စစ်ထောက်လှမ်းရေးက ကာကွယ် စောင့်ရှောက်ထား)

၃၊ ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း) (အထဲပြန်ဝင်)

၎၊ ဒုတပ်ကြပ် ကျော်ထင်ဦး (မိုးညှင်း) (အထဲပြန်ဝင်၊ သေဆုံး)

၅၊ ရဲဘော် သက်လင်း (ဗန်းမော်) (အထဲပြန်ဝင်)

၆၊ ရဲဘော် ဖိုးနှောင်း (ဗန်းမော်) (အထဲပြန်ဝင်၊ ရထားပေါ်ကကျပြီး သေ)

၇၊ ရဲဘော် ကိုထွေး (ဗန်းမော်) (အထဲပြန်ဝင်)

.
ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်မှုများ အတွက် တတိယအဆင့် အနေနဲ့ တာဝန်ရှိသူများ

ABSDF မြောက်ပိုင်းကိစ္စ အတွက် တတိယအဆင့် အနေနဲ့ တာဝန်ရှိသူများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁၊ ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်းမှုတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုခဲ့တဲ့၊ ABSDF မြောက်ပိုင်းကိစ္စ နဲ့ ပတ်သက်ပြီး တာဝန်ခံခဲ့တဲ့၊ အဲဒီ အချိန် (၁၉၉၁ - ၁၉၉၂) က ABSDF တခုလုံးရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင် နဲ့

၂၊ ၁၉၉၁ - ၁၉၉၂ က ABSDF (ဗဟို) ရဲ့ ဗဟိုကော်မတီဝင်များ .....

မှာလည်း ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်မှုများ အတွက် တတိယအဆင့် အနေနဲ့ တာဝန်ရှိတယ်။

.
ဒါဆို "အဖမ်းခံခဲ့ရသူတွေ အားလုံးကတော့ ခံခဲ့ရသူတွေဖြစ်လို့ လူမှန်တွေချည်းပဲပေါ့၊ သူတို့မှာတော့ ဘာတာဝန်မှ မရှိဘူး" လို့ ယူဆလို့ ရနိုင်သလား။

(ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျမနဲ့ နန်းစော အကြီးအကျယ် အငြင်းပွားခဲ့ရသလို ကျမအတွက် ဘူးခံပေးလို့ အသားအနာခံ အရိုက်အနှက် ခံခဲ့ရတဲ့ (၄၀၁) တပ်ရင်းက ကျမရဲ့ရဲဘော်တွေက ကျမကို လူကြုံနဲ့ လှမ်းဆဲလိုက်တာလည်း ခံရဖူးတယ်။ မန္တလေးကျောင်းသားတွေ အမြင်မကြည် ဖြစ်တာလည်း ကြုံရဖူးတယ်။ ဒါပေမဲ့ ကျမ လိုချင်တာက အမှန်တရားကို ပဲ။)


ABSDF မြောက်ပိုင်းမှာ အဖမ်းခံရတဲ့ ကျောင်းသားရဲဘော်တွေကို အုပ်စု (၃) ခု အဖြစ် အမျိုးအစား ခွဲခြားနိုင်တယ်။

၁၊ ကိုထွန်းအောင်ကျော် တို့လို ကိုချိုကြီး တို့လို ဦးစိန် တို့လို "လူတကာ ယိုတဲ့ချေး၊ ပုဇွန်ထုပ်ခေါင်းမှာ စု" ဆိုသလို ငြင်းလို့မရ၊ ရုန်းလို့မရအောင် ခေါင်တည်ထားကြလို့ (ဖမ်းတဲ့သူတွေထဲကလား၊ အဖမ်းခံရသူတွေထဲကပဲလား၊ နှစ်ခုစလုံး ဖြစ်နိုင်တယ်) ထိုးကျွေးတာ ခံလိုက်ရတဲ့ အုပ်စုနဲ့ အစီစဉ်တကျ မဖြေတတ်ခဲ့လို့ အသားပိုနာ၊ ပို သံသယ အဖြစ်ခံရတဲ့ ရဲဘော်အမှန်တွေ ပါနိုင်တယ်။

၂၊ အဖမ်းမခံရသေးတဲ့ အချိန်တုန်းကလည်း ဒီအုပ်စုဝင်တွေဟာ ခေါင်းဆောင်အသီးသီးရဲ့ ယုံကြည်မှု ခံခဲ့ရတဲ့အဖွဲ့ရဲ့ ဒုတိယအဆင့်နေရာတွေမှာ ရှိကြတယ်။ အဖမ်းခံရပြီးနောက် "ရန်သူ့ရာထူးစာရင်း" ဆိုတာမှာလည်း ဒုတိယအဆင့် နေရာတွေမှာပဲ ဖြစ်နေပြီး အခု ကျမ ရေးနေတဲ့ အချိန်မှာတောင် ဒုတိယအုပ်စုပဲ ဖြစ်နေတဲ့အတွက် ဒီ ဒုတိယအုပ်စုကိုတော့ ကျမ အရမ်း စိတ်ဝင်စားတယ်။

ကော်မတီရုံး၊ စစ်ရုံးတွေမှာ အဖွဲ့ရဲ့မှတ်တမ်းမှတ်ရာတွေ ကိုင်ထားပြီး လူဦးရေ၊ လက်နက်စာရင်း၊ ငွေရေးကြေးရေးကအစ ခေါင်းဆောင်တွေရဲ့စိတ်အနေအထား၊ ရဲဘော် ရဲမေတွေရဲ့အခြေအနေ တော်လှန်ရေးအခြေအနေ၊ မဟာမိတ်တွေနဲ့ နယ်မြေအနေအထား အားလုံးကို အတွင်းကျကျ သိနေသလို အလွယ်တကူ တွက်ချက်နိုင်ပြီး ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ဖို့ အသင့် ဖြစ်နေတတ်တဲ့ ကိုယ့်အသက်ကို ကိုယ် ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိတဲ့ ကွန်ပျူတာဦးနှောက်ပိုင်ရှင်တွေ မြောက်ပိုင်း ကျောင်းသားတပ်မတော်ထဲမှာ အပါးနပ်ဆုံး၊ လူရည်အလည်ဆုံး လူတွေ ဒီအုပ်စုမှာ ရှိတယ်။

ပြီးတော့ ဒီအုပ်စုဝင်တွေဟာ သိပ်ပြီး နှိပ်စက် မေးမြန်းနေစရာမလိုဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြတဲ့အတွက် ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းလာခဲ့တာတွေ ရှိလာခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားခဲ့တယ်။ ထောင်သားတွေလို မနေခဲ့ရဘဲ အရာရှိရိပ်သာမှာ သီးသန့် အကျယ်ချုပ် နေခဲ့ကြတယ်။ လွတ်လာပြီး လုပ်ငန်းခွင် ပြန်ဝင်ကြသူတွေလည်း ရှိတယ်။ မဟာမိတ်ရဲ့ အကာအကွယ်အောက်မှာ နေခဲ့တာလည်း ရှိတယ်။ နောက်မှ အသီးသီး ကိုယ်စီ၊ ကိုယ်စီ နည်းလမ်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားခဲ့ကြတယ်။

၃၊ တတိယအုပ်စုကတော့ ကျောင်းသားထောက်လှမ်းရေးထဲကပဲ အစီအစဉ်ရှိရှိ နာမည်တပ်ပြီး ရိုက်စစ် မေးခဲ့လို့ပဲလား၊ အဖမ်းခံရသူတွေထဲကပဲ အစီစဉ်ရှိရှိ တမင် ဆွဲထည့်သွားကြတာလား (တခု မဟုတ်ရင် တခု ဖြစ်နိုင်တဲ့) ဘာတွေ ဖြစ်နေလို့ ဘာတွေ ဖြစ်နေမှန်းတောင် အတွင်းကျကျ သိနိုင်တဲ့ အနေအထားမျိုးမှာ မရှိတဲ့ ရဲဘော်၊ ရဲမေ အဖြူထည်တွေ တော်တော်များများ အရိုးခံအုပ်စု။

ဒီအုပ်စုကတော့ ထောင်ပုံစံနဲ့ ထောင်သမားလို နေခဲ့၊ လုပ်ခဲ့ရပြီး ထွက်ပြေးတဲ့အချိန်မှာတောင် လက်ထိပ်၊ ခြေထိပ်တွေ တန်းလန်းတွေနဲ့ အတူ ပြေးခဲ့ရတဲ့ အောက်ခြေရဲဘော်၊ ရဲမေတွေ အများဆုံးပါဝင်တဲ့ ရိုးရိုး "ရန်သူ့သတင်းပေး အင်ဖော်မာ" (informer) အဆင့်လောက်ပဲ သဘောထားခဲ့ကြတဲ့ (၅၆) ယောက် (တယောက်က မလိုက်နိုင်လို့ လမ်းမှာ သတ်ပစ်ခဲ့ရ) အုပ်စု။

.
အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါတယ် ဆိုရင် ကျောင်းသားတပ်မြောက်ပိုင်းမှာ အဖမ်းမခံခင်ကရော၊ အဖမ်းခံရပြီးနောက်ရော ဒုတိယအဆင့် အနေအထားတွေမှာရှိတဲ့၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ အောက်ပါ ပုဂ္ဂိုလ်များ (ABSDF မြောက်ပိုင်းမှာ ရန်သူ့သူလျှို အဖြစ် အဖမ်းခံ၊ အနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော် (၃) မျိုး (၃) စား ထဲမှာ ဒုတိယအုပ်စုထဲမှာ ပါသူများ) က သူများတွေကို ဘယ်လို၊ ဘယ်လိုတွေ လုပ်ခဲ့ပါတယ် ဆိုတာကို လက်ညှိုးထိုးပြနေကြတာထက် အကြောင်းအကျိုးနဲ့တကွ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအားလုံးကို ချပြသင့်တယ်လို့ ထင်ပါတယ်။

(၁) ကိုညီညီကျော် (မန္တလေး) (ဗဟိုကော်မတီဝင်၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊

(၂) ကိုခင်မောင်ဇော် (မန္တလေး) (စစ်ရုံးအုပ်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းရဲ့လူယုံ)၊

(၃) ကိုညီညီ (မန္တလေး) (ယူဂျီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊

(၄) နန်းအောင်ထွေးကြည် (ရန်ကုန်) (၀ါဒ ဖြန့်ချိရေး၊ အဖမ်းမခံရစဉ်က ဒုတိယအဆင့်အနေအထားမှာ မရှိပေမဲ့ သူ့ရဲ့ထွက်ဆိုချက်တွေက လူကြီးပိုင်းက လူတွေနဲ့ပဲ ဆက်စပ်နေတယ်။

နန်းအောင်ထွေးကြည် ဖြေတဲ့ထဲမှာ ကိုထွန်းအောင်ကျော် ပါမပါတော့မသိဘူး။ တောင်ပိုင်းမှာ ရှိနေတဲ့ ကိုစိုးလင်း ပါနေတယ်။ ဦးစီး လှဌေးနဲ့ အိန္ဒိယဘက်မှာ ပြန်တွေ့တော့ "ဟုတ်သလား" လို့ ကျမ မေးကြည့်ဖူးတယ်။ "ငါကိုယ်တိုင် စစ်တာ မြောက်ပိုင်းက အချက်တွေနဲ့တူနေတယ်" လို့ ဦးစီး လှဌေး က ကျမကို ပြန်ပြောတယ်။

ဒါကို နန်းစောကို ကျမ ပြန်ပြောတော့ နန်းစောက ကာယကံရှင်ကို ပြန် မေးနေစရာမလိုဘဲ နန်းစောက ကြိုသိပြီးသား ဖြစ်နေပြန်တယ်။ "တူမှာပေါ့၊ ကိုစိုးလင်း ကြားအောင် အောက်ကနေ အခွေ ဖွင့်ပြထားတာကိုး" နန်းစောက ကျမကို ပြောတယ်။ အဲဒီအချိန်က ABSDF ဗဟိုမှာ ABSDF မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ စစ်ချက်တွေ၊ အခွေတွေ ဘာမှ မရောက်သေးပါဘူး၊)

(၅) ကိုမိုးကြီး (ရန်ကုန်) (ကော်မတီရုံး) (ကိုမျိုးဝင်းရဲ့ လူယုံ)၊

(၆) ကိုရဲလင်း (ရန်ကုန်) (ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့ လူယုံ)၊

(၇) ကိုစိုးလင်း (မန္တလေး) (အာအိုင်တီ) (နိုင်ငံရေးမှူး၊ ဗဟိုကော်မတီဝင်၊ တိုက်ပိတ် (ခေါ်) သန်းထွန်းစိုး ကို အကျယ်ချုပ်မှ ထုတ်ပြီး နိုင်ငံရေးဌာနမှာ အလုပ်စေခိုင်းခဲ့သူ၊ အရာအားလုံးကို တွက်ချက် ခန့်မှန်းနိုင်သူ)

(၈) ကိုကျော်နိုင်ဦး (သာယာဝတီ) (ကိုအောင်နိုင်ရဲ့ ကိုယ်ရံတော်)


အဖမ်းမခံခင်ကရော၊ အဖမ်းခံရပြီးနောက်ရော ဒုတိယအဆင့် အနေအထားတွေမှာရှိတဲ့၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ အထက်မှာ ဖော်ပြထားတဲ့ ဒုတိယအဆင့် (၈) ဦး (အဖမ်းခံရတဲ့ ကျောင်းသားရဲဘော် (၃) မျိုး (၃) စား ထဲမှာ ဒုတိယအုပ်စုထဲမှာ ပါသူ (၈) ဦး) -- (၁) ကိုညီညီကျော် (မန္တလေး) (၂) ကိုခင်မောင်ဇော် (မန္တလေး) (၃) ကိုညီညီ (မန္တလေး) (၄) နန်းအောင်ထွေးကြည် (ရန်ကုန်) (၅) ကိုမိုးကြီး (ရန်ကုန်) (၆) ကိုရဲလင်း (ရန်ကုန်) (၇) ကိုစိုးလင်း (မန္တလေး) (၈) ကိုကျော်နိုင်ဦး -- တို့ အနေနဲ့ သူများတွေကို ဘယ်လို၊ ဘယ်လိုတွေ လုပ်ခဲ့ပါတယ် ဆိုတာကို လက်ညှိုးထိုးပြနေကြတာထက် ကိုယ်က "လူမှန်" ဆိုရင် ကိုယ် ပါဝင်ခဲ့တဲ့ ကဏ္ဍကိုယ်စီကနေ ကိုယ့်ရဲ့သမိုင်းကြောင်းနဲ့တကွ "ဘယ်သူတွေက ဒီလို၊ ဒီလို မေးခဲ့၊ ရိုက်ခဲ့တဲ့အတွက် ဒီလူ၊ ဒီလူတွေကို ဆွဲထည့်ပြီး ဒီလို၊ ဒီလိုတွေ ဖြေခဲ့ရပါတယ် ဆိုတဲ့ဖြစ်စဉ်တွေ ဘာကြောင့် ဖြစ်ခဲ့ရတာလဲ" ဆိုတဲ့ အကြောင်းအကျိုးနဲ့တကွ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအားလုံး ဘက်ပေါင်းစုံ၊ ထောင့်စုံကနေ စဉ်းစားနိုင်အောင်၊ နောက်ကွယ်က လှုပ်ရှားသွားတဲ့ တရားခံအစစ်ကို ရှာနိုင်အောင်နဲ့ ယုံကြည်ချက်အတွက် မြောက်ပိုင်းကျောင်းသားတပ်မတော်မှာ ကျဆုံး၊ သေဆုံးရတဲ့ ရဲဘော်ရဲမေတွေရဲ့ ဝိညာဉ်နဲ့ လက်ရှိ တိုက်ပွဲဝင်နေတဲ့ ရဲဘော်၊ ရဲမေတွေ အားလုံးအတွက် ချပြသင့်တယ်လို့ ထင်ပါတယ်။

.
ဒါမှမဟုတ် ဗကသ ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် ဆုံပြီး ရှင်းကြပါလား။

- (တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုမျိုးဝင်း (မိုးညှင်း) (အာအိုင်တီ၊ ပဉ္စမနှစ်)၊ နဲ့ ကိုသီဟ (ခေါ်) ကိုဖေ၀င်း (မိုးညှင်း) (အာအိုင်တီ၊ ပဉ္စမနှစ်)၊ အထဲပြန်ဝင်ပြီးနောက် သေဆုံးသွားတဲ့ ကျော်ထင်ဦး (မိုးညှင်း)၊ အထဲ ပြန်ဝင်ပြီးနောက် ရထားပေါ်က ပြုတ်ကျ သေဆုံးသွားတဲ့ ရဲဘော်ဖိုးနှောင်း (ဗန်းမော်) တို့ကလွဲရင်)

ABSDF မြောက်ပိုင်း၊ ကျောင်းသားထောက်လှမ်းရေးတဖွဲ့လုံးနဲ့

- (နန်းအောင်ထွေးကြည်၊ နန်းစော၊ ထင်လင်းအောင် တို့ကလွဲရင်)

ABSDF မြောက်ပိုင်းမှာ ထောက်လှမ်းရေး အဖြစ် အဖမ်းခံခဲ့ရသူတွေ အားလုံး

မြန်မာနိုင်ငံတွင်းမှာ ရှိနေတာပဲ။ မျက်နှာချင်းဆိုင် ဆုံပြီး ရှင်းကြပါလား။


( - ABSDF မြောက်ပိုင်း၊ ကျောင်းသားထောက်လှမ်းရေးမှာ ကိုမျိုးဝင်း ပြီးရင် ဒု တာဝန်ခံ ကိုသန်းဇော် (မန္တလေး) (နယ်စပ်မှာ ကိုစိန်အေးနဲ့အတူ အဖမ်းခံရပြီး ထောင်ကျပြန်လွတ်)၊ "ကိုမျိုးဝင်း ရဲ့ လူယုံ" လို့ လူသိများပြီး အဖမ်းခံခဲ့ရတဲ့လူတွေကို ရက်ရက်စက်စက် နှိပ်စက် မေးမြန်းခဲ့တဲ့သူ။

- ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံရစဉ်က အစိုးရဘက်တော်သား လုပ်ခဲ့သူ၊ စစ်အစိုးရ ထောက်လှမ်းရေးက "မင်းတို့ ထိရဲရင် ထိကြည့်" လို့ အကာအကွယ် ပေးထားလို့ ဘယ်သူမှ ထိတောင် မထိရဲခဲ့တဲ့ ဇော်ဇော်မင်း (မိုးညှင်း) နဲ့ အောင်စိုးမြင့် (မိုးညှင်း)၊

- ရဲဘော်အငယ်တွေထဲက သက်လင်း (ဗန်းမော်)၊ ကိုထွေး (ဗန်းမော်) လက်တွေ့ စစ်ဆေးမေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှမ်းရေးတဖွဲ့လုံးနဲ့

- (နန်းအောင်ထွေးကြည်၊ နန်းစော၊ ထင်လင်းအောင် တို့ကလွဲရင်) ABSDF မြောက်ပိုင်းမှာ ထောက်လှမ်းရေး အဖြစ် အဖမ်းခံခဲ့ရသူတွေ အားလုံး

အထဲမှာ ရှိနေတာပဲ။ )

နှစ်ဘက်စလုံးက ယုံကြည်စိတ်ချရတဲ့ ဗကသ ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် ဆုံပြီး ရှင်းကြပါလား။ ဘယ်သူမှ ချို မပါကြပေမဲ့ လူကဲ ခတ်တတ်ရင် အဲဒီလူတွေရဲ့ Background နဲ့ ပြောဆို ဆွေးနွေးတဲ့နေရာတွေမှာ ရိုးသားမှု ရှိမရှိ မျက်လုံးတွေနဲ့ မျက်နှာတွေကိုတော့ ဘယ်သူမှ ဖုံးကာထားလို့ မရနိုင်ပါဘူး။

ကျမ တယောက်တည်းအနေနဲ့ ပြောရရင် ရဲဘော်ထွန်းအောင်ကျော် ရဲ့ သမိုင်းထက် ဒုတိယအဆင့် အနေအထားတွေမှာရှိတဲ့ ဒီလူတွေ (အဖမ်းခံရတဲ့ ကျောင်းသားရဲဘော် (၃) မျိုး (၃) စား ထဲမှာ ဒုတိယအုပ်စုထဲမှာ ပါသူများ) ရဲ့သမိုင်းကို ပိုစိတ်ဝင်စားတယ်။

.
ABSDF မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုများ အတွက် တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်သူများ

တချိန်တည်းမှာပဲ ABSDF မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုများ အတွက် တာဝန်ရှိသူများ ဖြစ်တဲ့ အောက်ပါ ပုဂ္ဂိုလ်များက တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်။

(၁) ABSDF မြောက်ပိုင်းကိစ္စကို တာဝန်ခံခဲ့တဲ့၊ ABSDF မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုများ ဖြစ်ပွားချိန် ကာလ (၁၉၉၁ - ၁၉၉၂) က ABSDF ဗဟိုရဲ့ ဥက္ကဋ္ဌကြီး ဖြစ်တဲ့ ကိုနိုင်အောင် နဲ့

(၂) ၁၉၉၁ - ၁၉၉၂ က ABSDF ဗဟိုရဲ့ ဗဟိုကော်မတီဝင်များ

(၃) ၁၉၉၁ - ၁၉၉၂ က ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင် နဲ့

(၄) ၁၉၉၁ - ၁၉၉၂ က ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင်များ

ABSDF မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုများ အတွက် တာဝန်ရှိတဲ့ အထက်ပါပုဂ္ဂိုလ် အားလုံးက ABSDF မြောက်ပိုင်းကိစ္စကို တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်။

အထက်ပါ မြောက်ပိုင်းကိစ္စ တာဝန်ရှိသူများ သက်ရှိထင်ရှား ရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ် ပါဝင်ခဲ့တဲ့ အပိုင်းကနေ ပြန်လည် သုံးသပ်ကြပြီး ကိုယ်ပါဝင် လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမ မြင်ပါတယ်။

မြောက်ပိုင်းကျောင်းသားတပ်မတော် ဖြိုခွဲခံခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ သမိုင်းအမှန် ဖြစ်ခဲ့ပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ ကိုင်တွယ် ဖြေရှင်းပုံ၊ ဖြေရှင်းနည်းတွေ အကြီးအကျယ် မှားယွင်းခဲ့ကြတာကတော့ ထင်သာမြင်သာ ရှိနေပါတယ်။ အဲဒီအတွက် သားသမီးတွေကို နစ်နာ ဆုံးရှုံးခဲ့ရတဲ့မိဘတွေကို တောင်းပန်သင့်ရင်လည်း ကျမတို့ တောင်းပန်ကြရမှာပါပဲ။

ရန်သူ့သူလျှို ထောက်လှမ်းရေး မဟုတ်ဘဲနဲ့ သေဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက်တင် မကပါဘူး၊ ယုံကြည်ချက်အတွက် မြောက်ပိုင်း တောတောင်တွေကြားမှာ မြုပ်နှံခဲ့ရတဲ့ ရဲဘော်၊ ရဲမေတွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပါတယ်။

ကျမတို့အားလုံး အဖမ်းခံရမှာ မကြောက်လို့ သေမှာမကြောက်လို့ လည်း တော်လှန်ရေး လုပ်နိုင်ခဲ့ကြတာပါ။ နောက်ထပ် ကျမတို့ ဘာကို ထပ်ကြောက်နေကြရအုံးမှာလဲ။ ဖြတ်သန်းခဲ့တဲ့ ကျမရဲ့ အတွေ့အကြုံအရတော့ ကိုယ်မှန်တယ် ထင်လို့ လုပ်ခဲ့တာတွေအတွက် မှန်ရင် စံဖို့ မရှိပေမဲ့ မှားရင်တော့ ခံလိုက်ကြရုံပါပဲ။


--------------------------------------------------------------------


.

.
အသိပေးချက်…

တော်လှန်ရေးတလျှောက်လုံး ရိုးသားစွာနဲ့ ပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ ကျမ ချစ်ခင် လေးစားတဲ့ မြောက်ပိုင်း က ရဲဘော်၊ ရဲမေ အားလုံးအတွက် ကျမ ပါဝင်ခဲ့ရတဲ့ အခန်းကဏ္ဍကနေ ကျမရဲ့ ထင်မြင်ယူဆချက်တွေကို အပွင့်လင်းဆုံး ချပြခဲ့တာပါ။

ဘယ်တုန်းကမှ ဘယ်သူကမှ "ကျနော် သူလျှိုပါ" လို့ ဖွင့်ပြောပြခဲ့တာမျိုး ထုံးစံ မရှိတဲ့အပေါ် အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေသူတွေ ကိုယ်တိုင် တရားခံအစစ်ကို မဖော်ထုတ်ဘဲ သူလျှိုတွေကို ထွက်ပေါက် အသင့် ပေးထားတဲ့ အစကတည်းက ဖန်တီးထားခဲ့ပြီးသား "ကျောင်းသားက ကျောင်းသားကို သတ်တယ်" ဆိုတဲ့ လိုင်းပေါ်မှာပဲ တစိုက်မတ်မတ် သွားနေတာကိုက ရိုးသားမှုမရှိဘူး လို့ ကျမ ယူဆတယ်။

အစီစဉ်ရှိရှိကို ထိုးကျွေးတာ ခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန် တို့အတွက် "ကျမအနေနဲ့ `ရန်သူ့သူလျှို လုံးဝ မပါဘူး´ ဆိုတာ လက်မခံနိုင်ပါ။" ရန်သူ့သူလျှို မပါတာ သေချာခဲ့ရင် ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန် တို့ နာမည်တွေလည်း ထောက်လှမ်းရေးစာရင်းမှာ ပါနေစရာ အကြောင်းမရှိပါ။

ဒါကြောင့် ပါဝင်ခဲ့တဲ့ လူမှန်ရဲဘော်တွေအားလုံး ကိုယ် ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ပြန်လည် စဉ်းစား သုံးသပ်နိုင်အောင် ဖြစ်နိုင်ချေ ရှိတဲ့ လူတချို့ကို မချပြရင် မမြင်နိုင်တဲ့ အနေအထားတွေမှာ ရှိနေကြလို့ နာမည်နဲ့တကွ ချပြခဲ့တာပါ။ အဲဒီအတွက် တချိန်ချိန်မှာ မျက်နှာချင်းဆိုင် ဆုံပြီး ရှင်းရရင်လည်း ကျမ ရှင်းမယ်။ ပြန်တောင်းပန်သင့်တဲ့ အနေအထားမျိုးမှာ အမှန်တကယ် ရှိနေရင်လည်း အဲဒီလူတွေကို လူကိုယ်တိုင် သွားပြီး ကျမ ပြန်တောင်းပန်မယ်။

လက်ရှိအနေအထားမှာတော့ ဖြစ်ပျက်ခဲ့ပုံတွေကို ပြန်စဉ်းစားပြီး ဖြစ်နိုင်ချေ ရှိတဲ့ ကျမရဲ့အမြင်၊ ကျမရဲ့ထင်မြင်ယူဆချက် ကို ကျမ ရေးတာဖြစ်လို့ အဲဒီအပေါ်မှာ ပြန်ပြီး ဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လို အကြောင်းအချက်မျိုးကိုမှ ကျမ အနေနဲ့ တုန့်ပြန် ဖြေရှင်းနေတာမျိုးတွေ လုံးဝ ပြုလုပ်မှာ မဟုတ်ဘူး ဆိုတာကိုတော့ ဖတ်ရှုသူတွေကို အသိပေးချင်ပါတယ်။

ရဲဘော် ထွန်းအောင်ကျော်နဲ့တကွ မဟုတ်ဘဲနဲ့ အဖမ်းအဆီး ခံခဲ့ရတဲ့ ရဲဘော်များနဲ့ အမှန်တရားအတွက် ကျမ တာဝန်ရှိတယ် ထင်တဲ့ ကျမ အပိုင်းကနေ ကျမ ချပြခဲ့ပြီး ဖြစ်လို့ ကျန်အပိုင်းကိုတော့ ကိုယ့် ကိုယ်ပိုင်ဦးနှောက်တွေကိုသာ အသုံးပြုပြီး ကိုယ် ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ဆက်ပြီး ဆင်ခြင် သုံးသပ်ကြပါကုန်။

(ဆက်ရန်)

ခင်ရွှေလှိုင်

မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက်၊ လူထုတော်လှန်ရေးနေ့


(နေ့သစ် http://www.naytthit.net/?p=26287 မှ ကူးယူ ဖော်ပြပါတယ်။)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး ((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၇) )) ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ဖြိုခွဲခဲ့တဲ့ တရားခံအစစ်က ဘယ်သူလဲ (၈)

"ရန်သူ့သူလျှို အစစ် ၃ - ၄ ယောက်က `ကျောင်းသားကို ကျောင်းသားက သတ်တဲ့ အဖြစ်မျိုး´ အကွက်ဆင်ပြီး ABSDF မြောက်ပိုင်းကို ဖြိုခွဲသွားတာပါ" (အပိုင်း ၈)
(ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး) (အပိုင်း ၈)
ကို အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၈)


April 11, 2012


ကျမ အထဲကို ပြန်ဝင်ခဲ့ချိန်မှာ မန္တလေးလှုပ်ရှားမှုခေါင်းဆောင်တဦးက ABSDF မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုတွေ အပေါ်မှာ ကျမရဲ့အမြင်ကို တောင်းခံလာခဲ့စဉ်က “အခုအချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေးမပေးနိုင်ဘူး” လို့ ကျမ ဖြေခဲ့ပေမဲ့ တချိန်ချိန်မှာတော့ ကျမရဲ့ နေရာ၊ ကျမရဲ့ ထောင့်က နေ ကျမရဲ့ အမြင်ကို ရေးကို ရေးပေးရမဲ့ တာဝန် ကျမမှာ ရှိပါတယ်။ ကျမ ထောင့်ကနေ ကျမ အမှန်တကယ် မြင်ရ၊ ကြားရ၊ သိခဲ့ရတာတွေကိုသာ ရေးရတာ ဖြစ်လို့ အားလုံးက ဖြစ်စေချင်နေတဲ့ ဆန္ဒတွေ ပြည့်ဝမှာ မဟုတ်တာ သေချာသလို ၀တ္ထုဇာတ်လမ်း ရေးနေတာလည်း မဟုတ်လို့ အချိတ်အဆက် မိချင်မှ မိပါလိမ့်မယ်။

ကျမ မသိလို့ အချိတ်အဆက် မမိဘဲ ကျန်နေရစ်တဲ့ ကွက်လပ်လေးတွေကို အမှန်တရား တကယ် လိုလားတဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေထဲက သိရှိနေသူတွေ ရှိခဲ့ရင် တာဝန်ကိုယ်စီ ယူပြီး ၀ိုင်းဝန်း ဖြည့်စွက်ပေးနိုင်ခဲ့ရင်တော့ ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတပုဒ် ပုံပေါ်လာမှာ သေချာပါတယ်။ အမှန်တကယ် ပါဝင် ပတ်သက်ခဲ့တဲ့ မြောက်ပိုင်း ရဲဘော်၊ ရဲမေတွေအားလုံး ပြန်လည် စဉ်းစား သုံးသပ်ကြည့်နိုင်ကြတယ် ဆိုရင် ကျမ ကျေနပ်ပါပြီ။

အစကတည်းက အတွင်းကျကျ အနေအထားမှာ ပါဝင်ခဲ့ရသူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေး မေးမြန်းခဲ့ကြတယ် ဆိုတာ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတဦး မဟုတ်ဘူး လို့ ရေးခဲ့ပြီးသားပါ။

(၁) မြောက်ပိုင်းကျောင်းသားတပ်က ရဲဘော် ၁၅ ယောက်ကို ရန်သူ့သူလျှို ဆိုပြီး သေဒဏ်ပေးပြီး ကွပ်မျက်ရာမှာ ဘာကြောင့် ကျည်ဆံကို အသုံးမပြုပဲ ဓါးကို အသုံးပြုခဲ့ကြတာလဲ။

(၂) ထောက်လှမ်းရေး ဆိုပြီး စစ်ဆေးခံနေရတဲ့ အေဘီမြောက်ပိုင်း ရဲဘော် ၁၀ဝ ကျော်ကို ဘာကြောင့် အဲဒီလောက်တောင် ရက်ရက်စက်စက် စစ်ဆေး မေးမြန်းခဲ့ကြတာလဲ

ဆိုတာကတော့ -

ရက်ရက်စက်စက် နှိပ်စက်မှုတွေ၊ သေဒဏ်ပေးပြီး သတ်ဖြတ်မှုတွေကို လုပ်ခဲ့ကြတဲ့ တာဝန်ရှိတဲ့ သူတွေ ကိုယ်တိုင် တာဝန်ခံ ဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ မြင်ပါတယ်။

ဒီလောက် ရက်ရက်စက်စက် လုပ်ခဲ့ကြတာ မှန်ရင် ဒီလို လုပ်ရပ်မျိုးတွေကိုတော့ ကျမ တဦးတည်း အနေနဲ့ လက်မခံနိုင်ပါ။ ရက်ရက်စက်စက် ညှင်းပန်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တာတွေကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရတဲ့အတွက် ချရေးထားခြင်း မရှိသလို လုပ်ခဲ့တဲ့သူတွေကို အဲဒီလို ရက်ရက်စက်စက် ညှင်းပန်း သတ်ဖြတ်မှုတွေ လုပ်ခဲ့ကြတဲ့အပေါ် ကာရေးထားခြင်းမျိုးလည်း လုံးဝ မရှိပါ။ ဒါပေမဲ့ ဒီလူတွေဟာ လူသတ်တာ တခုတည်း လုပ်ခဲ့ကြသူတွေ မဟုတ်ပဲ ဒါတွေ၊ ဒါတွေ ... ကိုလည်း လုပ်ခဲ့တဲ့သူတွေ ဆိုတာကိုလည်း သိဖို့တော့ လိုပါတယ်။

တရားခံတွေနဲ့ ပတ်သက်ပြီး ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို လက်ချာဟောမှာ ရဲဘော်၊ ရဲမေတွေကို ပြသခဲ့ပေမဲ့ ရိုက်နှက်ပြီး စစ်ဆေး မေးမြန်းထားတဲ့ စစ်ဆေးချက်တွေအပေါ် အယုံအကြည် မရှိခဲ့တဲ့အတွက် ကျမ သွားမကြည့်ပါဘူး၊ ဒါပေမဲ့ ကျမ အနေနဲ့ "ဒါတွေကို အစီစဉ်ရှိရှိ လုပ်သွားခဲ့ကြတယ်" လို့ပဲ ယုံကြည်ထားပါတယ်။

ကျမ သံသယ ဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင် "ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊ ကိုမြင့်သိန်း၊ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေကအစ အောက်ခြေက ရဲဘော်၊ ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ `ရန်သူ့သူလျှိုတွေ´ လို့ ဘယ်တုန်းကမှ ကျမ မသတ်မှတ်ခဲ့၊ လက်မခံခဲ့ပါဘူး။"

နောက်ပိုင်းမှာ ထောင်ဘက်ကို သွားလာခွင့်တွေ ရတော့ ကျမ ထောင်ဘက်ကို မကြာခဏ ရောက်တတ်တာလည်း " `ရန်သူ့သူလျှိုတွေ´ လို့ ကျမ ဘယ်လိုမှ လက်မခံခဲ့လို့ပါ။"

ကိုမြင့်သိန်းက "အန္တရာယ်ရှိတယ်၊ ခင်ရွှေလှိုင် ကို ထောင်ဘက်ကို မလာခိုင်းနဲ့တော့" လို့ နန်းစောကို ကျမကို ပြောခိုင်းခဲ့တာလည်း ကျမ မမေ့ပါဘူး။

.
မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၈)


April 11, 2012


ကျမ အထဲကို ပြန်ဝင်ခဲ့ချိန်မှာ မန္တလေးလှုပ်ရှားမှုခေါင်းဆောင်တဦးက ABSDF မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုတွေ အပေါ်မှာ ကျမရဲ့အမြင်ကို တောင်းခံလာခဲ့စဉ်က “အခုအချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေးမပေးနိုင်ဘူး” လို့ ကျမ ဖြေခဲ့ပေမဲ့ တချိန်ချိန်မှာတော့ ကျမရဲ့ နေရာ၊ ကျမရဲ့ ထောင့်က နေ ကျမရဲ့ အမြင်ကို ရေးကို ရေးပေးရမဲ့ တာဝန် ကျမမှာ ရှိပါတယ်။ ကျမ ထောင့်ကနေ ကျမ အမှန်တကယ် မြင်ရ၊ ကြားရ၊ သိခဲ့ရတာတွေကိုသာ ရေးရတာ ဖြစ်လို့ အားလုံးက ဖြစ်စေချင်နေတဲ့ ဆန္ဒတွေ ပြည့်ဝမှာ မဟုတ်တာ သေချာသလို ၀တ္ထုဇာတ်လမ်း ရေးနေတာလည်း မဟုတ်လို့ အချိတ်အဆက် မိချင်မှ မိပါလိမ့်မယ်။

ကျမ မသိလို့ အချိတ်အဆက် မမိဘဲ ကျန်နေရစ်တဲ့ ကွက်လပ်လေးတွေကို အမှန်တရား တကယ် လိုလားတဲ့ မြောက်ပိုင်း ရဲဘော်ရဲမေတွေထဲက သိရှိနေသူတွေ ရှိခဲ့ရင် တာဝန်ကိုယ်စီ ယူပြီး ၀ိုင်းဝန်း ဖြည့်စွက်ပေးနိုင်ခဲ့ရင်တော့ ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတပုဒ် ပုံပေါ်လာမှာ သေချာပါတယ်။ အမှန်တကယ် ပါဝင် ပတ်သက်ခဲ့တဲ့ မြောက်ပိုင်း ရဲဘော်၊ ရဲမေတွေအားလုံး ပြန်လည် စဉ်းစား သုံးသပ်ကြည့်နိုင်ကြတယ် ဆိုရင် ကျမ ကျေနပ်ပါပြီ။

အစကတည်းက အတွင်းကျကျ အနေအထားမှာ ပါဝင်ခဲ့ရသူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေး မေးမြန်းခဲ့ကြတယ် ဆိုတာ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတဦး မဟုတ်ဘူး လို့ ရေးခဲ့ပြီးသားပါ။

(၁) မြောက်ပိုင်းကျောင်းသားတပ်က ရဲဘော် ၁၅ ယောက်ကို ရန်သူ့သူလျှို ဆိုပြီး သေဒဏ်ပေးပြီး ကွပ်မျက်ရာမှာ ဘာကြောင့် ကျည်ဆံကို အသုံးမပြုပဲ ဓါးကို အသုံးပြုခဲ့ကြတာလဲ။

(၂) ထောက်လှမ်းရေး ဆိုပြီး စစ်ဆေးခံနေရတဲ့ အေဘီမြောက်ပိုင်း ရဲဘော် ၁၀ဝ ကျော်ကို ဘာကြောင့် အဲဒီလောက်တောင် ရက်ရက်စက်စက် စစ်ဆေး မေးမြန်းခဲ့ကြတာလဲ

ဆိုတာကတော့ -

ရက်ရက်စက်စက် နှိပ်စက်မှုတွေ၊ သေဒဏ်ပေးပြီး သတ်ဖြတ်မှုတွေကို လုပ်ခဲ့ကြတဲ့ တာဝန်ရှိတဲ့ သူတွေ ကိုယ်တိုင် တာဝန်ခံ ဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ မြင်ပါတယ်။

.
မြောက်ပိုင်းကျောင်းသားတပ်မှာ ထောက်လှမ်းရေး ဆိုပြီး စစ်ဆေးခံနေရတဲ့ ကျောင်းသားရဲဘော် ၁၀ဝ ကျော်ကို ဒီလောက် ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်တာတွေ လုပ်ခဲ့ကြတာ မှန်ရင် ဒီလို လုပ်ရပ်မျိုးတွေကိုတော့ ကျမ တဦးတည်း အနေနဲ့ လက်မခံနိုင်ပါ။

ရက်ရက်စက်စက် ညှင်းပန်းမှုတွေ လုပ်ခဲ့တာတွေကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရတဲ့အတွက် ကျမ တင်ပြချက်တွေထဲမှာ ထည့်ရေးထားခြင်း မရှိသလို လုပ်ခဲ့တဲ့သူတွေကို အဲဒီလို ရက်ရက်စက်စက် ညှင်းပန်းမှုတွေ လုပ်ခဲ့ကြတဲ့အပေါ် ကာကွယ်ပြီး ရေးထားခြင်း မျိုးလည်း လုံးဝ မရှိပါ။

ဒါပေမဲ့ ဒီလူတွေဟာ လူသတ်တာ တခုတည်း လုပ်ခဲ့ကြသူတွေ မဟုတ်ပဲ ဒါတွေ၊ ဒါတွေ ... ကိုလည်း လုပ်ခဲ့တဲ့သူတွေ ဆိုတာကိုလည်း သိဖို့တော့ လိုပါတယ်။

မြောက်ပိုင်းကျောင်းသားတပ်မှာ ရန်သူ့သူလျှို တရားခံတွေအဖြစ် စစ်ဆေးခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးသူတွေက ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို မြောက်ပိုင်းကျောင်းသားတပ်၊ လက်ချာဟောမှာ ရဲဘော်၊ ရဲမေတွေကို ပြသခဲ့ပေမဲ့ ရိုက်နှက်ပြီး စစ်ဆေး မေးမြန်းထားတဲ့ စစ်ဆေးချက်တွေအပေါ် အယုံအကြည် မရှိခဲ့တဲ့အတွက် ကျမ သွားမကြည့်ခဲ့ပါဘူး။

ဒါပေမဲ့ ကျမ အနေနဲ့ "ဒါတွေကို အစီစဉ်ရှိရှိ လုပ်သွားခဲ့ကြတယ်" လို့ပဲ ယုံကြည်ထားပါတယ်။

ကျမ သံသယ ဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင် "ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊ ကိုမြင့်သိန်း၊ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေကအစ အောက်ခြေက ရဲဘော်၊ ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ `ရန်သူ့သူလျှိုတွေ´ လို့ ဘယ်တုန်းကမှ ကျမ မသတ်မှတ်ခဲ့၊ လက်မခံခဲ့ပါဘူး။"

နောက်ပိုင်းမှာ ထောင်ဘက်ကို သွားလာခွင့်တွေ ရတော့ ကျမ ထောင်ဘက်ကို မကြာခဏ ရောက်တတ်တာလည်း " `ရန်သူ့သူလျှိုတွေ´ လို့ ကျမ ဘယ်လိုမှ လက်မခံခဲ့လို့ပါ။"

ကိုမြင့်သိန်းက "အန္တရာယ်ရှိတယ်၊ ခင်ရွှေလှိုင် ကို ထောင်ဘက်ကို မလာခိုင်းနဲ့တော့" လို့ နန်းစောကို ကျမကို ပြောခိုင်းခဲ့တာလည်း ကျမ မမေ့ပါဘူး။

.
မြောက်ပိုင်းကျောင်းသားတပ်မှာ ထောက်လှမ်းရေး ဆိုပြီး စစ်ဆေးခံနေရတဲ့ ကျောင်းသားရဲဘော် ၁၀ဝ ကျော်ကို ဒီလောက် ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်တာတွေ လုပ်ခဲ့ကြတာ မှန်ရင် ဒီလို လုပ်ရပ်မျိုးတွေကိုတော့ ကျမ တဦးတည်း အနေနဲ့ လက်မခံနိုင်ပါ။

ရက်ရက်စက်စက် ညှင်းပန်းမှုတွေ လုပ်ခဲ့တာတွေကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရတဲ့အတွက် ကျမ တင်ပြချက်တွေထဲမှာ ထည့်ရေးထားခြင်း မရှိသလို လုပ်ခဲ့တဲ့သူတွေကို အဲဒီလို ရက်ရက်စက်စက် ညှင်းပန်းမှုတွေ လုပ်ခဲ့ကြတဲ့အပေါ် ကာကွယ်ပြီး ရေးထားခြင်း မျိုးလည်း လုံးဝ မရှိပါ။

ဒါပေမဲ့ ဒီလူတွေဟာ လူသတ်တာ တခုတည်း လုပ်ခဲ့ကြသူတွေ မဟုတ်ပဲ ဒါတွေ၊ ဒါတွေ ... ကိုလည်း လုပ်ခဲ့တဲ့သူတွေ ဆိုတာကိုလည်း သိဖို့တော့ လိုပါတယ်။

မြောက်ပိုင်းကျောင်းသားတပ်မှာ ရန်သူ့သူလျှို တရားခံတွေအဖြစ် စစ်ဆေးခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးသူတွေက ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို မြောက်ပိုင်းကျောင်းသားတပ်၊ လက်ချာဟောမှာ ရဲဘော်၊ ရဲမေတွေကို ပြသခဲ့ပေမဲ့ ရိုက်နှက်ပြီး စစ်ဆေး မေးမြန်းထားတဲ့ စစ်ဆေးချက်တွေအပေါ် အယုံအကြည် မရှိခဲ့တဲ့အတွက် ကျမ သွားမကြည့်ခဲ့ပါဘူး။

ဒါပေမဲ့ ကျမ အနေနဲ့ "ဒါတွေကို အစီစဉ်ရှိရှိ လုပ်သွားခဲ့ကြတယ်" လို့ပဲ ယုံကြည်ထားပါတယ်။

ကျမ သံသယ ဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင် "ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊ ကိုမြင့်သိန်း၊ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေကအစ အောက်ခြေက ရဲဘော်၊ ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ `ရန်သူ့သူလျှိုတွေ´ လို့ ဘယ်တုန်းကမှ ကျမ မသတ်မှတ်ခဲ့၊ လက်မခံခဲ့ပါဘူး။"

နောက်ပိုင်းမှာ ထောင်ဘက်ကို သွားလာခွင့်တွေ ရတော့ ကျမ ထောင်ဘက်ကို မကြာခဏ ရောက်တတ်တာလည်း " `ရန်သူ့သူလျှိုတွေ´ လို့ ကျမ ဘယ်လိုမှ လက်မခံခဲ့လို့ပါ။"

ကိုမြင့်သိန်းက "အန္တရာယ်ရှိတယ်၊ ခင်ရွှေလှိုင် ကို ထောင်ဘက်ကို မလာခိုင်းနဲ့တော့" လို့ နန်းစောကို ကျမကို ပြောခိုင်းခဲ့တာလည်း ကျမ မမေ့ပါဘူး။

.
ကျမအနေနဲ့ ဘာကြောင့် ဒီလို ဖြစ်ပျက်သွားခဲ့ရတာလဲ ဆိုတဲ့ အကြောင်းအရင်း အမှန်နဲ့ ပါဝင် ပတ်သက်ခဲ့တဲ့ လူတွေအားလုံးရဲ့ အမြင်တွေကို အမှန်တကယ် သိချင်ပါတယ်။

ပြောရမယ်ဆို ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့ထက် မြောက်ပိုင်းမှာ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းတို့က ရဲဘော်တွေကြားမှာ သြဇာအာဏာ ရှိပြီးသားပါ၊ လုစရာ နောက်ထပ် ဘာအာဏာ ရှိနေလဲ။ ကိုမျိုးဝင်းက ဒေသစွဲ ကြီးလွန်းလို့ အငြိုးကြီးလို့ လုပ်တယ် ဆိုလည်း ကိုမျိုးဝင်း တယောက်တည်း လုပ်ချင်တိုင်း လုပ်လို့ ရနေသလား။ တခြား ဗဟိုကော်မတီဝင်တွေ ကရော။ ကိုမျိုးဝင်း ဒေသစွဲ ကြီးကြောင်း ပြဖို့ မိုးညှင်း၊ မိုးကောင်းက လူတွေကို တမင် ချန်ထားပေးခဲ့တာရော မဖြစ်နိုင်ဘူးလား။

ဒီလောက် လူတွေ အများကြီး ရန်သူ့သူလျှိုတွေ ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာ တာဝန်ရှိခဲ့သူတွေက ဘာကြောင့် အခုမှပဲ စဉ်းစားမိခဲ့ကြတာလဲ။ ဖြစ်ပျက်ခဲ့စဉ်တုန်းက အဲဒီလို မစဉ်းစားမိခဲ့အောင် ခိုင်လုံပါတယ် ဆိုတဲ့ ဘယ်အကြောင်းတွေက သူတို့ ကို တွန်းပို့ပေးခဲ့တာလဲ။ ဒါကို ကျမ သိချင်ခဲ့တာပါ။

ကိုထွန်းအောင်ကျော် နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) ကို အဲဒီညမှာပဲ ကေအိုင်အေ က လာခေါ်ထုတ်သွားပြီး ဧည့်ခမ်းဆောင်မှာ ထားခဲ့တယ်လို့ ကိုညီညီရဲ့ ကျမအပေါ် တုံ့ပြန်ချက်မှာ ရေးထည့်ထားတာကို တွေ့ရတယ်။ မဟာမိတ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ဟာ ဘာတွေ ဘာတွေကို ဘယ်လို ဘယ်လိုတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ ဂုဏ်ယူ ပြောကြားခဲ့တဲ့ ကိုညီညီရဲ့အစ်ကို ကိုမောင်မောင် (ရွှေကရဝိက်) ပြောခဲ့တဲ့ စကားတွေအရ ဆို ကေအိုင်အေ က ခေါ်ထုတ်သွားရမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို မဟုတ်လား၊ ဘာကြောင့် ကိုမောင်မောင် (ရွှေကရဝိက်) ရဲ့ညီ ကိုညီညီ ဖြစ်နေရတာလဲ။

ကေအိုင်အေ အတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် ယူဂျီလုပ်ငန်းတွေကို အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။

- ဘာကြောင့် ကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကို နှစ်ယောက်ကိုတော့ ခေါ်ထုတ်မပေးခဲ့ကြတာလဲ။

- ကေအိုင်အေ ရဲ့ ဧည့်ခမ်းဆောင်မှာ နေခဲ့ရပါတယ် ဆိုတဲ့ ကိုညီညီကရော ဘာကြောင့် အဲဒီအချိန်တုန်းက ကျနော့်အသက်နဲ့လဲပြီး အာမခံရဲပါတယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီ မတောင်းခဲ့တာလဲ။

- ဘာကြောင့် ကိုညီညီက အခုမှ ကိုထွန်းအောင်ကျော်တို့၊ ကိုချိုကြီးတို့အတွက် မခံမရပ်နိုင်၊ အသည်းအသန် ဖြစ်ပြနေရတာလဲ။ – - — (ကိုညီညီက ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး တို့နဲ့ ရဲဘော်ရဲဘက် အစစ်အမှန် ဆိုတာ သေချာရဲ့လား။)

.
ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်တို့ကို ထိုးကျွေးခဲ့တဲ့အပြင် ဒေသအရ အချိုးချနဲ့ လူမှန်ရဲဘော်တွေ အများကြီး ပါသွားခဲ့လို့ကို "အစီစဉ်ရှိရှိ လုပ်ခဲ့ကြတာ မဟုတ်ဘူး၊ ရန်သူ့သူလျှို မပါဘူး ဆိုတာ ကျမ လုံးဝ လက်မခံနိုင်တာပါ"။

ဒါဟာ မြောက်ပိုင်းကျောင်းသားတပ် ဖြိုခွဲခံလိုက်ရတာပါ။ ဖော်ထုတ်နေစရာ မလိုဘဲ သက်သေ သာဓကနဲ့တကွ ထင်ရှားစွာ ရှိနေတဲ့ လုပ်ခဲ့ကြတဲ့ သူတွေကိုသာမက ဒါတွေ ဖြစ်အောင် ဖန်တီးခဲ့တဲ့ တရားခံအစစ် (ရန်သူ့လူတွေ) ကိုလည်း ကျမတို့ ရှာဖွေဖော်ထုတ်ဖို့ လိုတယ် လို့ပဲ ကျမ မြင်ပါတယ်။ မဟုတ်ရင် ကျမတို့ ထပ်ပြီး အညာခံ၊ အသုံးချခံနေကြရအုံးမှာပါ။

အခု ဒါတွေကို ဦးဆောင်ပြီး ပြန်လုပ်နေသူတွေကလည်း ဖြစ်ခဲ့စဉ်က ဒုတိယအဆင့်အနေအထားက ပါဝင်ခဲ့သူတွေ၊ သိပ် ရိုက်နှက်စစ်ဆေးစရာမလိုဘဲ အစီစဉ်တကျ ဖြေဆိုခဲ့သူတွေ၊ ကိုယ်လွတ်ရုန်းပြေးနိုင်သူတွေ ဖြစ်နေပြန်တယ်။ ဒါလည်း ကျမတို့ ထည့်တွက်ရမဲ့ အချက်ပါ။ အခုကိုပဲ အမှန်တရား ဖော်ထုတ်ဖို့ထက် ဖွချခွင့် ရလိုက်တာကိုက ရန်သူ့အတွက် အမြတ် ဖြစ်နေပါပြီ။

နန်းစော၊ နန်းအောင်ထွေးကြည် တို့နဲ့ ဖုန်းပြောတိုင်းလည်း “ရန်သူ့လူ တယောက်မှ မပါဘူး ဆိုတာ လက်မခံဘူး၊ နှစ်ဘက်စလုံးမှာ ရှိနိုင်တယ်” ဆိုတဲ့ ကျမရဲ့အမြင်ကို ပွင့်ပွင့်လင့်လင်း ပြောပြီးသားပါ။ ကိုထွန်းအောင်ကျော်ကို ထိုးကျွေခံခဲ့ရတာ လို့ပဲ ကျမ ယူဆတယ်လို့ ပြောပြတော့ နန်းအောင်ထွေးကြည်ကိုယ်တိုင် “အေး၊ ငါလည်း အဲဒီလိုပဲ ထင်တယ်” လို့ ပြန်ပြောခဲ့တယ်။ နန်းအောင်ထွေးကြည် ကိုယ်တိုင် အစပိုင်းက ရေးခဲ့တဲ့မှတ်တမ်းမှာ "ရန်သူ့လူ ရှိရင်လည်း နှစ်ဘက်စလုံးမှာ ရှိနိုင်တာပဲ" လို့ ရေးခဲ့တာလည်း ရှိပါတယ်။

ကျမ ရေးတဲ့စာ အပိုင်း (၂) ကို တင်လိုက်ပြီးတဲ့နောက်မှာ နန်းအောင်ထွေးကြည် ကျမကို ဖုန်းဆက်လာတယ်။ နန်းအောင်ထွေးကြည် နဲ့ ကျမ ဖုန်းနဲ့ အပြန်အလှန် ပြောခဲ့ကြတာလေးတွေကို ကျမ တင်ပြချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ "(၅) နှစ်စီမံကိန်းက ဥက္ကဋ္ဌ သံခဲ ရဲ့ မိန်းမ ကျမ လုပ်ခဲ့တဲ့ ဇာတ်လမ်းပါ ကျမ အသိဆုံးပဲ" ဆိုပြီး နန်းအောင်ထွေးကြည် က ရေးထည့်ထားတော့ မသိတဲ့သူတွေ ရှုပ်ကုန်မှာစိုးလို့ပါ။ နန်းအောင်ထွေးကြည် ကျမကို ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျမ ထည့်ရေးခဲ့တာတွေ မှန်သမျှ နန်းအောင်ထွေးကြည် ပြောခဲ့တဲ့စကားတွေပါ၊ အပို မပါပါဘူး၊ သူပြောခဲ့တာမဟုတ်ပဲ ကျမ ဘာသာ ကျမ ရေးခဲ့တာဆိုရင် နန်းအောင်ထွေးကြည် အချိန်မရွေး ကျမဆီကို ဖုန်းဆက်ပြောနိုင်ပါတယ်၊ ကျမ အဆင်သင့်ရှိနေပါတယ်။

(အေဘီ မှာ ရဲမေနဲ့ အိမ်ထောင်သည် ကွာခြားချက်က ဒီလိုပါ။ ရဲမေက အဖွဲ့အစည်းအဝေးတွေ ဘာတွေ တက်ပိုင်ခွင့်၊ ၀င်ရောက် ဆွေးနွေးပိုင်ခွင့်၊ ဗဟိုကော်မတီတွေမှာ ရွေးချယ်တင်မြောက်ပိုင်ခွင့်တွေ ရှိပါတယ်။ အိမ်ထောင်သည်က အဲဒီ အခွင့်အရေးတွေ မရှိပါဘူး။ လွတ်ကင်းအောင်လို့ အိမ်ထောင်သည်ကို ရွေးလိုက်ပါတယ် “ကိုသံခဲက တဖွဲ့လုံးကို ရှာကျွေးနေရတယ်” လို့ ကျမက ပြောခဲ့တယ် ဆိုပါလား။ ဘယ်သူ့ကို ကျမ ပြောခဲ့တာလဲ။ ပြန်ပြောပြခဲ့တဲ့သူရဲ့ နာမည်လေး သိချင်လိုက်တာ။ လောကမှာ ကျောချစရာ လူတွေ ဒီလောက် ပေါရသလား။ ဘယ်ဘက် ပြေးပြေး "ပြေးမလွတ်" ပါပဲ။)

.
"၅ နှစ် စီမံကိန်း" ဆိုတာ ဒီလိုပါ။ (အခုနေ ပြန်တွေးကြည့်ရင် ရယ်စရာပါ။) ရဲမေဆောင်မှာ ရည်းစားထားကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျမရဲ့အမြင်ကို ကျမ ပြောခဲ့တယ်။ တောထဲသွားတဲ့ မိန်းကလေးတွေကို မြို့မှာရှိတဲ့ လူတွေက အစိုးရ၀ါဒ ဖြန့်ထားတဲ့ “ပါပီမ” ဇာတ်ကားထဲကလို "သူပုန်စာလေးတွေ" လို့ ထင်မြင်ခဲ့ကြတဲ့အပေါ် ကျမက ပြောတာပါ။ "ငါတို့က အဲဒီကိစ္စအတွက် လာခဲ့ကြတာ မဟုတ်ဘူး။ မိဘကွယ်ရာမှာနေကြပေမဲ့ ငါတို့ကို ငါတို့ ထိမ်းသိမ်းနိုင်တယ် ဆိုတာကို ပြရမယ်။ တော်လှန်ရေး ရေတိုကာလ (၅) နှစ်အထိ ရည်းစားမထားသင့်ဘူး" လို့ ကျမက ပြောတော့ နန်းအောင်ထွေးကြည် နဲ့ ရဲမေအငယ်တချို့ကပါ ထောက်ခံ ပြောဆိုခဲ့တယ်။ "(၅) နှစ်ကျော်ရင်တော့ တော်လှန်ရေးက ရေရှည် ဖြစ်သွားပြီမို့ ကြိုက်တာလုပ်" လို့ ပြောခဲ့တယ်။

ဒါနဲ့ ကျမက စာရွက်တရွက် ယူပြီး နန်းအောင်ထွေးကြည်ကို လက်မှတ်ထိုးခိုင်းလိုက်တယ်။ နောက်မှ စာတွေဖြည့် ရေးပြီး ကျမတို့ "ရည်းစားမထားရေးစာချုပ်" ကို လက်မှတ်တွေထိုးပြီး ချုပ်ခဲ့ကြတယ်။ အဲဒီ "၅ နှစ် ရည်းစားမထားရေး စီမံကိန်း" မှာ ဥက္ကဋ္ဌက နန်းအောင်ထွေးကြည်၊ အတွင်းရေးမှူးက ကျမ။ နန်းစော၊ သင်းသင်း၊ မှိုင်းဝေ၊ မခါး တို့တော့ ပါတယ်။ သူတို့က အဖွဲ့ဝင်တွေ။ အန်း၊ ထက်ထက်၊ အီးတီ ပါမပါတော့ မသိဘူး။ သူတို့ က ကြိုက်တဲ့သူ များတယ်၊ ကျန်တာ မမှတ်မိတော့ဘူး။ (၅) နှစ်မပြည့်ပဲ ရည်းစားထားရင် ဥက္ကဋ္ဌက ထင်း ငါးကား၊ အတွင်းရေးမှူးက ထင်းသုံးကား၊ အဖွဲ့ဝင်တွေက ထင်း (၂) ကား အဆောင်အတွက် ထင်းကားပေးရမယ်။ နောက်ဆုံးတော့ ငါးနှစ် မပြည့်ခင် ကျမနဲ့ နန်းအောင်ထွေးကြည် နှစ်ယောက်ပဲ ကျန်ခဲ့တာပါ၊ အငယ်တွေက ရည်းစားတွေ အလျှိုလျှိုနဲ့ ဖြစ်ကုန်တယ်။

ကျမ ဩစတြေလျနိုင်ငံကို ရောက်စက နန်းအောင်ထွေးကြည် ဖုန်းဆက်လာချိန်မှာ "ကျမနဲ့ ပတ်သက်ပြီး အရိုက်ခံရဖူးလား" လို့ ကျမက နန်းအောင်ထွေးကြည်ကို မေးကြည့်ဖူးပါတယ်။ နန်းအောင်ထွေးကြည်က "မင်းနဲ့ ပတ်သက်ပြီး သိပ်တော့ မခံရဘူး။ တချက်နှစ်ချက်လောက်ပဲ။ အသေးလေး (စိုးစိုးလွင်) ကတော့ ရေရေလည်လည် ခံရတယ်။ ကျောင်းသားထောက်လှမ်းရေးက “ခင်ရွှေလှိုင်နဲ့ မင်းနဲ့ `(၅) နှစ်စီမံကိန်း´ ဆိုတာ ဘာလဲ” လို့ မေးတော့ အဲဒါ သူက “၅ နှစ်အတွင်းမှာ ကျမနဲ့ ချိတ်တဲ့သူ ရောက်လာမှာမို့ ခင်ရွှေလှိုင်များ ဖြစ်နေမလား လို့ ရှာကြည့်တာပါ၊ မဟုတ်ဘူး ဖြစ်နေတယ်” လို့ ဖြေခဲ့တာကို ပြောချင်တာပါ။

ကိုအောင်မိုးဝင်းကလည်း "အရိုက်ခံပြီး ကျမကို ကာကွယ်ရင်း ရခဲ့တဲ့ ဇာတ်လမ်းပါ" ဆိုပြီး အတင်းကြီး လိုင်းတင်နေပြန်တယ်။ ကျမက အဲဒီလောက် အရေးပါတဲ့ သူ မဟုတ်ပါဘူး။

တကယ် အရိုက်ခံပြီး ကျမကို ကာကွယ်သွားတဲ့ သူတွေကို ကျမ တွေးကြည့်နိုင်ပါတယ်။ အဲဒီလူတွေက အောက်ခြေက ရဲဘော်၊ ရဲမေတွေပါ။ ရန်အောင် (မန္တလေး) (အသတ်ခံရ)၊ မခင်ချိုဦး (ရန်ကုန်) (အသတ်ခံရ)၊ နန်းစော နဲ့ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေပါ။ မခင်ချိုဦးနဲ့ ကျမ တခါတလေ တခုခု လုပ်စားပြီး စကားလက်ဆုံကြတဲ့အချိန် ကြောင် (ခေါ်) ကိုကျော်နိုင်ဦး လည်း ရောက်ရောက် လာတတ်လို့ အရိုက်ခံပြီး ကာကွယ်ပေးတဲ့ထဲမှာ သူလည်း ပါနိုင်ပါတယ်။ “မင်းကို မျက်မြင်သက်သေ အဖြစ် ချန်ထားဖို့ အားလုံးက ၀ိုင်းကာထားကြတယ်” လို့ အဆောင်ရှေ့မှာ ကျမကို ပြောခဲ့တာ ကြောင် (ခေါ်) ကိုကျော်နိုင်ဦး ပါ။

ကျမ အမြင်အရ ဆို လူကြီးပိုင်း အတော်များများကို ဆွဲထည့်ပြီး ဖြေခဲ့ရတဲ့ နန်းအောင်ထွေးကြည် အနေနဲ့ "အရိုက်ခံပြီး ကျမကို ကာကွယ်ရင်း ရခဲ့တဲ့ ဇာတ်လမ်းပါ" လို့ ဆိုတာထက် "ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို အရိုက်အနှက် ခံပြီး ကာကွယ်ပေးခဲ့ရလို့ ရခဲ့တဲ့ ဇာတ်လမ်းပါ" ဆိုရင်တော့ ကျမ ချွင်းချက်မရှိ လက်ခံပါတယ်။ အပွင့်လင်းဆုံး ပြောရကြေး ဆိုရင် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကိုယ်တိုင်တောင် နန်းအောင်ထွေးကြည်ကို မယုံကြည်ခဲ့ပါဘူး။ နန်းအောင်ထွေးကြည်ကို သိပ် ရိုက်နှက် စစ်ဆေးစရာမလိုဘဲ သူ့ဘာသာ သူ ဖြေခဲ့တယ် ဆိုတာကို ကျမ ကြားထားပြီးသား ဖြစ်သလို အဲဒီအချိန်က အဖမ်း မခံရသေးတဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့ ဗဟိုကော်မတီဝင်တွေလည်း ကြားကြ၊ သိကြမှာပါ။

.
နန်းအောင်ထွေးကြည် ရဲ့ " `ကိုကြီး´ (ကိုထွန်းအောင်ကျော်) ချင်း ထပ်နေတဲ့ အလွမ်းစာ" လေးကိုဖတ်ရတော့ ကျမ အတွက်တော့ ခံစားမှုက တမျိုးကြီးပါ။

"နန်းစောရေ၊ `ငါတို့ရဲ့ကိုကြီး´ က အခုတော့ `နန်းအောင်ထွေးကြည်ရဲ့ ကိုကြီး´ ဖြစ်သွားပြီ" လို့ အော်ပြောလိုက်ချင်တဲ့အထိ။ (ကျမနဲ့ နန်းစောနဲ့က ဆေးသင်တန်း မတက်ခင်ထိ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ရဲ့တဲမှာ အမြဲမပြတ် ရှိနေတတ်တဲ့ ရဲမေနှစ်ယောက်ပါ။ လူကြီးတွေအားလုံးထဲမှာ ကျမ နဲ့ နန်းစော တို့ နှစ်ယောက် အချစ်ခင်ဆုံးက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။)

(မှတ်ချက် - နန်းအောင်ထွေးကြည် ရေးတဲ့
"၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ.) တွင် ABSDF (NB) တွင် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များအား ရည်စုး၍..."
"ကြွေလွင့်ခဲ့သော ကြယ်ပွင့်များ အား တိုင်တည်ခြင်း"
(by Nang Aung Htwe Kyi on 11 February 2012)

http://moethihaaung.blogspot.de/2012/04/vs.html

ဆိုတဲ့ အလွမ်းစာ ထဲမှာ နန်းအောင်ထွေးကြည်က ကိုထွန်းအောင်ကျော် ကို `ကိုကြီး´၊ `ကိုကြီး´ လို့ ထပ်တလဲလဲ တိုင်တည်ပြီး ရေးခဲ့ပါတယ်။)

ကျမတို့ မန္တလေးသူ၊ မန္တလေးသားတွေ နှုတ်ကျိုးနေတဲ့ "ကိုကြီး" (ကိုထွန်းအောင်ကျော်) ဆိုတဲ့ အခေါ်အဝေါ်ကို တောထဲ ရောက်တာနဲ့ “ဥက္ကဋ္ဌ” ဆိုပြီး ကျမတို့ ပြောင်းခေါ်ခဲ့ရပါတယ်။ တောထဲမှာ ဆုံခဲ့ပြီး ထောင်ထဲမှာလည်း စကားပြောခွင့် မရခဲ့တဲ့ နန်းအောင်ထွေးကြည် က ဘယ်အချိန်မှာများ “ကိုကြီး” လို့ ခေါ်ခဲ့ဖူးလိုက်တာလဲ။ တမျိုးတော့ တမျိုးလေးပါပဲ။

နန်းအောင်ထွေးကြည် ပြောပြချက်အရ အဖမ်းခံထားရစဉ်က လက်နက်တွေ၊ အဆိပ်တွေ ထုတ်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံထားရသူတွေ အချင်းချင်း ဆွေးနွေးခိုင်းစဉ်က တခါတည်းပဲ နန်းအောင်ထွေးကြည်က ကိုထွန်းအောင်ကျော် နဲ့ စကားပြောခွင့် ရခဲ့တာပါ။ အဲဒီအချိန်က "ဥက္ကဋ္ဌ" လို့ပဲ သူသုံးခဲ့တယ်လို့ လည်း နန်းအောင်ထွေးကြည် ပြောဖူးပါတယ်။)

အမှန်တကယ် အသေအလဲ ခံခဲ့ရတဲ့ သူတွေက စစ်ကြောရေးမှာ သေဆုံးသွားသူတွေ၊ အသတ်ခံလိုက်ရတဲ့ သူတွေနဲ့ အောက်ခြေက ရဲဘော်အများစုပါ။ ကျမ ရင်ထဲမှာ ရှိနေတာလည်း ဒီလူတွေပါ။

ဒီလူတွေအတွက်ပဲ တရားခံအစစ်ကို သိချင်လို့ တရားခံအစစ် ရန်သူ့သူလျှို ထောက်လှမ်းရေး ဖြစ်နိုင်ခြေ ရှိတဲ့ သူတွေရဲ့ နာမည်တွေကို ကျမက လူမိုက် လုပ်ပြီး ချရေးခဲ့တာပါ။

.
အောက်မှာ ဖော်ပြထားတဲ့ (ဖြစ်နိုင်တဲ့ အခြေအနေ အမှတ် - ၁) နဲ့ (ဖြစ်နိုင်တဲ့ အခြေအနေ အမှတ် - ၂) မဟုတ်ဘူး ဆိုရင် ..........

အစီစဉ်ရှိရှိ လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိသူတွေက ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော် ပဲ ရှိတယ်။


(ဖြစ်နိုင်တဲ့ အခြေအနေ အမှတ် - ၁)

ကိုမျိုးဝင်း ကိုယ်တိုင်က "ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန် တို့ကို ထောက်လှမ်းရေးလား" လို့ ခေါင်းစဉ်တပ်ပြီး ရိုက်နှက်ပြီး မမေးခဲ့တာ သေချာရင် ..........

(ကိုမျိုးဝင်းရဲ့လူယုံ ယခု အစိုးရ ထောက်လှမ်းရေးက ကာကွယ် စောင့်ရှောက်ထားတဲ့ ဇော်ဇော်မင်း က ပထမ မိုးကောင်းမှာ နေတယ်။ စာပေးစာယူနဲ့ ကျောင်းတက်ပြီး သမ၀ါယမမှာ လုပ်တယ်။ ဇော်ဇော်မင်း ရဲ့ ယောက်ဖကတော့ စသုံးလုံး က လို့ ကြားရတယ်။ နောက်မှ ဇော်ဇော်မင်း က မိုးညှင်း-နမ္မားဘက် ရောက်လာပြီး ကိုမျိုးဝင်းရဲ့လူယုံ ဖြစ်လာတယ်။ ဇော်ဇော်မင်း က ဘယ်တုန်းကမှ ရှေ့တန်းတိုက်ပွဲတွေမှာ မပါပဲ အမြဲ ထောင့် ကပ်နေသူ။ ဇော်ဇော်မင်း အထဲ ပြန်ဝင်ပြီးနောက် ရွှေလီဘက်ကို ရောက်လာတတ်တယ်။ ဘဲလေးတို့ လင်မယားကို အာမခံပြီး အထဲ ခေါ်သွားတယ်။ ကျန်တဲ့ မိသားစုတွေကိုလည်း အထဲ ပြန်ဝင်ချင်ရင် သူ အာမခံပြီး လုပ်ပေးမယ်လို့ ဇော်ဇော်မင်း က လာပြီး ဆွဲဆောင်ခဲ့တာတွေ ရှိတယ် လို့ ကြားရတယ်။ ဇော်ဇော်မင်းက အစကတည်းက ထောက်လှမ်းရေးက လွှတ်တဲ့သူလား၊ နောက်မှ ဘက်ပြောင်းသွားတာလား။ စဉ်းစားစရာတခု။)


(ဖြစ်နိုင်တဲ့ အခြေအနေ အမှတ် - ၂)

ဒုတိယအဆင့်အနေအထားကနေ အဖမ်းခံရသူ (ABSDF မြောက်ပိုင်းမှာ ရန်သူ့သူလျှို အဖြစ် အဖမ်းခံ၊ အနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော် (၃) မျိုး (၃) စား ထဲမှာ ဒုတိယအုပ်စုထဲမှာ ပါသူ (၈) ဦး) -- (၁) ကိုညီညီကျော် (မန္တလေး) (၂) ကိုခင်မောင်ဇော် (မန္တလေး) (၃) ကိုညီညီ (မန္တလေး) (၄) နန်းအောင်ထွေးကြည် (ရန်ကုန်) (၅) ကိုမိုးကြီး (ရန်ကုန်) (၆) ကိုရဲလင်း (ရန်ကုန်) (၇) ကိုစိုးလင်း (မန္တလေး) (၈) ကိုကျော်နိုင်ဦး ခေါ် ကြောင်) (၈) ဦး ထဲက အစီအစဉ်ရှိရှိ ထိုးကျွေးပြီး ကိုယ်လွတ်ရုန်းဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆွဲထည့်ပြီး ဖြေသွားခဲ့တာမျိုး မဟုတ်ဘူး ဆိုရင် ..........

(ကိုမိုးကြီး (ရန်ကုန်) (ကော်မတီရုံး) က လေ့ကျင့်မွမ်းမံသင်တန်း မှာ ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ နည်းနာတွေကို ပြန်လည် ပို့ချပေးခဲ့တယ်" လို့ သင်တန်းတက်ခဲ့တဲ့ မြောက်ပိုင်း ရဲမေ တဦးက ပြောခဲ့တယ်။ ကိုမိုးကြီးကို ပြန်လွှတ်ပေးသူက ကိုမျိုးဝင်း ကိုယ်တိုင် ဖြစ်နေတယ်။ ကိုမိုးကြီး (ရန်ကုန်) က ဘယ်ဘက်က ထောက်လှမ်းရေးလဲ။)


အထက်မှာ ဖော်ပြထားတဲ့ (ဖြစ်နိုင်တဲ့ အခြေအနေ အမှတ် - ၁) နဲ့ (ဖြစ်နိုင်တဲ့ အခြေအနေ အမှတ် - ၂) မဟုတ်ဘူး ဆိုရင် ..........

အစီအစဉ်ရှိရှိ လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိသူတွေက -

(၁) ကိုသန်းဇော်၊

(၂) ကိုညီညီကျော်၊

(၃) ကိုခင်မောင်ဇော် ပဲ ရှိတယ်။

.
ကျမ ရေးတဲ့ "မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ" ရဲ့ "အပိုင်း (၂)" ကို အင်တာနက်မှာ တင်ပြီးတဲ့နောက်မှာ ကျမနဲ့ နန်းအောင်ထွေးကြည် ဖုန်းပြောခဲ့ကြပုံက ဒီလိုပါ။

(ကျမ မမေးဘဲ သူဘာကြောင့် ကျမကို ဒါတွေ လာပြောခဲ့သလဲ ဆိုတာကိုလည်း ပါဝင်ပတ်သက်ခဲ့ကြတဲ့ ဒုတိယအဆင့် အနေအထားက အဖမ်းခံခဲ့ရတဲ့ လူမှန်ရဲဘော်တွေ ဆို စဉ်းစားကြည့်နိုင်မယ် ထင်ပါတယ်။ နောက်တခုက ကျမ ရေးတဲ့ စာ တွေကို အများ ထင်ထားသလို တပိုင်းစီ ရေးပြီး တင်နေတာ မဟုတ်ပါဘူး။ အေဘီ မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှု အစီရင်ခံစာတွေ အင်တာနက်ပေါ် စ တက်လာကတည်းက ကျမ ရေးနေတာမို့ ကျမ မြင်ရ ကြားရ သိတာတွေ မှန်သမျှ ရေးထားပြီးသား အားလုံးကို ပို့ထားပြီး အားလုံး ၀ိုင်းဝန်း စဉ်းစားချိန်ရအောင် တပိုင်း စီခွဲပြီး တင်ခိုင်းခဲ့တာပါ။ ကျမ ပို့လိုက်တဲ့ အချိန်မှာပဲ ကိုနိုင်အောင်ရဲ့စာက ထွက်လာခဲ့တာပါ။)

နန်းအောင်ထွေးကြည် ။ ။ အရွှေ၊ မင်း ကျောင်းသားတပ်မြောက်ပိုင်းကို မရောက်သေးဘဲနဲ့ "ကျောင်းသားတပ်မြောက်ပိုင်းမှာ ဘာပြဿနာမှ မရှိခဲ့ဘူး" လို့ မင်း ဘာလို့ ပြောခဲ့တာလဲ။

ကျမ ။ ။ ငါ မရောက်သေးပေမဲ့ ကြားထား၊ သိထားတယ်လေ။ ဒါကြောင့် "ဒေသခံအုပ်စု တစုစီ အတွင်းမှာရော၊ အုပ်စုလိုက် အနေနဲ့ရော နေရာလုပွဲတွေ ရှိခဲ့တယ်" လို့ ငါ ရေးထားတာပဲ။ ငါ ဘယ်အချိန်မှာ ရောက်တယ် ဆိုတာလည်း ရေးထားတာပဲ။ မင်း အသေအချာ မဖတ်ဘဲနဲ့။

နန်းအောင်ထွေးကြည် ။ ။ မင်းကို ငါ ပြောခဲ့တယ် မဟုတ်လား။ "ရေလှိုင်းစစ်ဆင်ရေး" ဆိုတာလေ၊ အဲဒါ ငါ လုပ်ထားတာ။ သံချောင်းကို ငါ ၀တ္ထုတပုဒ် ရေးပေးလိုက်တာ။ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုညီညီကျော် တို့ကိုလည်း ငါပဲ ဖြေခဲ့တာ။ မမညိုတို့၊ မမနှင်းမေတို့ (ကေအိုင်အေ အရာရှိကတော် မြန်မာအမျိုးသမီးများ) တို့ကိုလည်း ငါပဲ ထည့် ဖြေခဲ့တာ။ အဲဒါ ဗိုလ်မှူးပန်းအောင်နဲ့ မမညိုရဲ့ယောက်ျား ဒူခွန်နောင် တို့ ရောက်လာပြီး ငါ့တယောက်တည်း သီးသန့် ခေါ်ထုတ်ပြီး မေးခဲ့တယ်။

ကျမ ။ ။ ရေလှိုင်းတွေ၊ လေလှိုင်းတွေ ငါမသိဘူး။ ငါသိတာက မင်းပြောခဲ့တဲ့ လိုင်းတွေ ခွဲထားတာပဲ။ (ဒီမတိုင်ခင် ဖုန်းဆက်တုန်းက အဲဒီ လိုင်းတွေ အကြောင်း ကျမ ထပ်မေးခဲ့တယ်။ နန်းအောင်ထွေးကြည် မဖြေဘဲ တခြားအကြောင်းတွေပဲ ဝေ့လည်ကြောင်ပတ် ဖြေခဲ့တယ်။) အဲဒီလိုင်းတွေ မင်း လုပ်ထားမှန်း အခု မင်းပြောမှ ငါ သိတာ။

ကိုထွန်းအောင်ကျော်ကို ဆွဲထည့်ရတဲ့ အထဲမှာ မင်းပါတယ် ဆိုတာ အခု မင်း ပြောမှ ငါ သိတာ။ ငါ သိတာက "ကိုစိုးလင်းက တောင်ပိုင်းမှာ ရှိနေလို့ တောင်ပိုင်းမှာ ဒါမျိုးတွေ မရှိလောက်ဘူး ဆိုပြီး ကိုစိုးလင်းကို မင်း ထည့်ဖြေလိုက်တယ်" ဆိုတာကိုပဲ သိတယ်။

နန်းအောင်ထွေးကြည် ။ ။ ကျောင်းသားတပ်ကို ထောက်လှမ်းရေး ထည့်နေစရာ မလိုဘူး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပိုင် ကိုင်နိုင်ရင် ပြီးသွားတာပဲ။

ကျမ ။ ။ မထည့်လို့ပေါ့၊ မြို့မှာကတည်း တခုခု လုပ်ဖို့ ယုံကြည်ရတဲ့ လူဆယ်ယောက် စုပါတယ်။ ဘာမှ မလုပ်ရသေးခင် အဖမ်းခံလိုက်ရပြီ။ ဘိုဘိုတို့ အုပ်စုလည်း အဲဒီလိုပဲ ခံလိုက်ရတာပဲ။ လက်နက် မကိုင်တဲ့ ဘုန်းကြီးထဲမှာတောင် ထောက်လှမ်းရေးက ထည့်ထားတဲ့ ဘုန်းကြီး ရှိသေးတယ်။

.
နန်းအောင်ထွေးကြည် ။ ။ မြောက်ပိုင်းကိစ္စမှာ "ထောက်လှမ်းရေး ပါတယ်" ဆိုရင်လည်း မျိုးဝင်း ကကော ထောက်လှမ်းရေး မဖြစ်နိုင်ဘူးလား။

ကျမ ။ ။ မင်းပဲ "ကိုမျိုးဝင်းက ဒေသစွဲ ကြီးလို့ အငြိုးနဲ့ လုပ်တယ်" လို့ စွပ်စွဲထားပြီးတော့။ မင်းပြောသလို ကိုမျိုးဝင်းက ဒေသစွဲ ကြီးရင် ဗမာစစ်အစိုးရ အောက်မှာ သူက ဘာလို့ ထောက်လှမ်းရေး သွားလုပ်နေမလဲ။ "ဒေသစွဲ ကြီးလို့ အငြိုးနဲ့ လုပ်တယ်" ဆိုရအောင်လည်း ကိုမျိုးဝင်း တယောက်တည်း လုပ်ချင်တိုင်း လုပ်လို့ ရနေသလား။ ထောက်လှမ်းရေးက အသေခံပြီး တိုက်ပွဲဝင်မယ်တော့ မထင်ပါဘူး၊ အာဏာလုတာ ပြောရအောင်လည်း ဒီထက် မြင့်တဲ့ အာဏာ လိုချင်ရင် မိုးပေါ်ပဲ တက်ကြပေတော့။ အမှန်က ကိုမျိုးဝင်း မသေရင် ကောင်းမယ်၊ ကိုမျိုးဝင်းက အေဘီ မြောက်ပိုင်း ကိစ္စကို အဓိက ရှင်းရမှာ။

နန်းအောင်ထွေးကြည် ။ ။ မျိုးဝင်းက လူမွေးထားတာ။ သန်းဇော်တို့က မျိုးဝင်း လူတွေပဲ။ မျိုးဝင်း လုပ်ချင်ရင် လုပ်လို့ ရမှာပေါ့။ မျိုးဝင်း သေတာပဲ ကောင်းတယ်၊ မဟုတ်ရင် ငါ အသတ်ခံနေရအုံးမယ်။

ကျမ ။ ။ မင်းကို မသတ်ချင်လို့ပဲ သေဒဏ်ပေးပြီး သတ်လိုက်တဲ့ (၁၅) ယောက်ထဲ မင်း မပါတာပေါ့။ မင်းကို သတ်ချင်ရင် မခင်ချိုဦးကို ဘာ ထည့်စရာ ရှိလဲ။ မင်းက မခင်ချိုဦးထက်တောင် ရာထူး ပိုကြီးသေးတာပဲ။ မင်းပဲ ပြောခဲ့တာပဲ "ကိုသံချောင်းနဲ့ ကိုမျိုးဝင်းက မင်းကို လက်ဖျားနဲ့တောင် မတို့ဘူး၊ စစ်တာ ကြမ်းလာရင်တောင် ၀င်ကာပေးတတ်တယ်" ဆို။

နန်းအောင်ထွေးကြည် ။ ။ အဲဒါကတော့ ငါက အမှန်အတိုင်း ပြောတာ။ ငါ့ကို နှိပ်စက်ပြီး စစ်ဆေးတဲ့ သူက သန်းဇော်နဲ့ လဆိုင်း။ မင်း လုပ်ခဲ့တဲ့ "(၅) နှစ်စီမံကိန်း" ဆိုတာလေ၊ အဲဒီ "(၅) နှစ်စီမံကိန်း" နဲ့ ပတ်သက်ပြီး သူတို့ မေးတာကို ငါ ဘယ်လို ဖြေသလဲ သိလား။ "အဲဒီ `(၅) နှစ်စီမံကိန်း´ ဆိုတာက CS (ကိုသံချောင်း) တို့ လူကြီးတွေကို အနုနည်းနဲ့ ဆွဲဆောင်ပြီး ဖြိုခွဲဖို့" လို့ ငါ ဖြေလိုက်တယ်။

ကျမ ။ ။ “မင်း ငါ့ကို ပြောခဲ့တုန်းက အဲဒီလို မဟုတ်ပါဘူး“

ဆိုပြီး နန်းအောင်ထွေးကြည် ပြောပြခဲ့ဖူးတာကို ကျမက ပြန်ပြောပြတော့ နန်းအောင်ထွေးကြည်က အခုလို ဆက်ပြောတယ်။

နန်းအောင်ထွေးကြည် ။ ။ “အေး၊ ငါကလည်း ပုံပြင်တွေ များနေတော့ မမှတ်မိတော့ဘူး”။

.
နန်းအောင်ထွေးကြည် ။ ။ မင်းက ငါတို့ကို နှိပ်စက်တဲ့ ဒီကောင်တွေကို ဘာကြောင့် “ကို” တွေ၊ ဘာတွေ တပ်ပြီး ခေါ် ခိုင်းရတာလဲ။ ငါတို့က နှိပ်စက်ခံရတဲ့သူတွေ။ ငါတို့ကို နှိပ်စက်တဲ့ ဒီကောင်တွေကို “ကို” တပ်ပြီး ဘာ ခေါ်စရာ ရှိလဲ။

ကျမ ။ ။ မင်းကို ပြောတာ မဟုတ်ဘူး၊ မင်းက ဘယ်သူ့ကိုမှ “ကို” တပ်ပြီး ခေါ်တာ မဟုတ်ဘူး ဆိုတာ ငါ သိတယ်။ ငါ ပြောချင်တာက သင်းသင်း။ သင်းသင်းက ဒီလောက် ငယ်တာ၊ သင်းသင်းကိုလည်း ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ဒီလောက် ချစ်တာ။ သင်းသင်းကို အရမ်းကြီး ထိခိုက် နစ်နာအောင်လည်း လုပ်ခဲ့ကြတာ မဟုတ်ဘူး။ သင်းသင်းက ကိုမျိုးဝင်းနဲ့ ကိုသံချောင်း ကို အဲဒီလို “ကို” မတပ်ဘဲ "မျိုးဝင်း၊" " သံချောင်း" ဆိုပြီး သင်းသင်းက ပြောတာကို ငါ့နားထဲမှာ ရိုင်းတယ် လို့ ခံစားမိလို့။

နန်းအောင်ထွေးကြည် ။ ။ အေး၊ မင်း ရေးချင်ရင်လည်း မင်း မြင်ရတဲ့အတိုင်းပဲ ရေး။ မင်း ရေးတဲ့ အထဲမှာ ငါ့နာမည် ပါနေလို့ "ဒီကောင်မကြီးကို ၀ိုင်းဆော်ရမလား" လို့ ငါ့ဘက်က လူတွေက လုပ်နေကြတာ။ "ငါ မင်းနဲ့ သွေးသောက်ထားတယ်" ဆိုတာလည်း ငါ့ဘက်က လူတွေကို ငါ ပြောပြထားတယ်။

ကျမ ။ ။ ပြဿနာ မရှိဘူး။ "ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ ခုတ်သတ်လိုက်တယ်" လို့ ပြောလည်း ဂရုမစိုက်ဘူး။ ကြိုးစင် တက်ရမယ် ဆိုရင်လည်း တက်လိုက်မယ်။ ငါ့ကို ထိလို့ ငါ ရေးနေတာ မဟုတ်ဘူး။ နန်းစောတောင် ငါ ရေးခိုင်း၊ တင်ခိုင်းခဲ့သေးတယ်။ အဖြစ်အပျက်တွေကို အမှန်အတိုင်း ရေးလို့ကတော့ ဘယ်သူပဲ ရေးရေး ဘာမှ ပြောစရာမရှိဘူး။ ငါမသိတာတွေ အများကြီး ရှိသေးလို့ ငါလည်း စိတ်ဝင်စားတယ်။ ပါဝင်ခဲ့သူတွေ အားလုံး ရေးလေ၊ ထောင့်စုံက စဉ်းစားနိုင်လေ၊ အားလုံးအတွက် ပိုကောင်းလေပဲ။ ဘယ်သူ့နာမည်ပဲ ပါပါ အမှန်အတိုင်း ရေးဖို့ပဲလိုတယ်။ မင်းတို့ပဲ အမှန်တရားကို ဖော်ထုတ်ဖို့ ဆို။ မင်းတို့ ပြောတာကိုပဲ မင်းတို့ လက်ခံတယ် ဆိုရင် အမှန်တရားက ဘယ်ကနေ ထွက်လာမှာလဲ။ ငါ ရေးထားတာကို အင်တာနက်မှာ တင်ဖို့ အစက ရည်ရွယ် မထားဘူး။ မြောက်ပိုင်းက ရဲဘော်တွေအားလုံး သုံးစား မရသလို ပြောနေကြလို့။ လက်ရှိ ABSDF အဖွဲ့ကိုပဲ လာလာ ထိနေလို့ ငါ ရေးထားတာကို အင်တာနက်မှာ တင်လိုက်တာ။ မင်းကိုယ်တိုင်လည်း ငါ့ကို ရေးခိုင်းခဲ့တယ် မဟုတ်လား။ မဟုတ်တာ၊ မမှန်တာတွေလည်း ငါရေးမှာ မဟုတ်ဘူး ငါကြားရ၊ မြင်ရ၊ သိရတဲ့အတိုင်းပဲ ငါရေးထားတာ။ မင်း စောင့်ဖတ် ကြည့်လိုက်။

နန်းအောင်ထွေးကြည် ။ ။ ဒါဆိုလည်း ပြီးရော။ ငါကတော့ ABSDF တဖွဲ့လုံးကို သိမ်းကျုံးပြီး မစော်ကားဘူး။ အေဘီ မြောက်ပိုင်းက နှိပ်စက်တဲ့ လူတွေ၊ သတ်တဲ့ လူတွေကိုပဲ နာမည် ဖော်ထုတ်ပြီး ပြောတယ်။

.
နန်းအောင်ထွေးကြည် ။ ။ လူ (၁၅) ယောက်ကို သတ်တဲ့ကိစ္စ ကိုနိုင်အောင် လက်မှတ်ထိုးတဲ့ စာ ငါ့ဆီမှာ ရှိတယ်။

ကျမ ။ ။ မင်း ဘယ်က ရလဲ။

နန်းအောင်ထွေးကြည် ။ ။ အဲဒါ မင်း မသိဘူးလား၊ ငါ ရေးထား၊ တင်ထားတယ်လေ။ ငါ ဘန်ကောက်မှာ နေတုန်းက လူတွေ စာရွက်တွေ လာလာပေးကြတာ။ ဘယ်သူတွေမှန်းလည်း မသိဘူး။ စာရွက်တွေ ငါ့ဆီမှာ တထပ်ကြီးပဲ။

နိုင်အောင် တို့ ဘယ်လောက် အကျင့်ပုတ်လဲ သိလား။ သူတို့က အန်ဂျီအို (NGO) က ရတဲ့ ပိုက်ဆံတွေနဲ့ ချမ်းသာနေကြတာ။ အခုတော့ သူတို့ပဲ နအဖ ကို လက်ဆွဲ နှုတ်ဆက်ပြီး နအဖ …. ကို နမ်းနေကြတာ။

ကျမ ။ ။ ငါ မသိဘူး၊ ငါ့အိမ်မှာ အင်တာနက်လည်း မရှိဘူး။ အဲဒါက ကိုနိုင်အောင်တို့ အပိုင်းပဲ၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့လည်း ဆိုင်တယ်။

ABSDF ကို အင်အား ချိနဲ့အောင် လုပ်သွားတဲ့ တရားခံကို ရှာမယ် ဆိုရင်တော့ ကိုနိုင်အောင်နဲ့ အဲဒီအချိန်က ABSDF ဗဟိုရဲ့ ဗဟိုကော်မတီဝင်တွေက ထိပ်ဆုံးကပဲ။

ဒါပေမဲ့ ဒါက အဲဒီကိစ္စ မဟုတ်ဘူး။ ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်ကို ချချင်လို့ပဲ ပြောပြော၊ အမှန်တရားကို ဖော်ထုတ်ချင်တာပဲ ပြောပြော၊ ဘာပဲပြောပြော နောက်ဆုံးတော့ ABSDF အဖွဲ့ကို လာထိမှာ လာထိမှာပဲ။ နေပါအုံး၊ ငါ မေးပါအုံးမယ်။ " `ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ ခုတ်သတ်ချင်တယ်´ လို့ ငါ ပြောခဲ့တယ်" ဆိုတာကို မင်း ယုံလား။

နန်းအောင်ထွေးကြည် ။ ။ " `ကိုထွန်းအောင်ကျော်ကို မင်းကိုယ်တိုင် ဓါးနဲ့ ခုတ်သတ်ချင်တယ်´ လို့ မင်း ပြောခဲ့တယ်" ဆိုတာ ထွက်လာတော့ ငါ မင်းဆီကို ဖုန်းဆက်တာပဲ၊ ဆက်လို့ မရလို့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ကိုညီညီ ဆီကို အီးမေးလ် ပို့ခဲ့တာ ရှိတယ်။ မင်းကိုတောင် ပို့ပေးလို့ ရတယ်။ မင်းမှာ အီးမေးလ် ရှိလား။ ဒါပေမဲ့ မပို့တော့ပါဘူး။ ကျော်ခိုင်ဝင်း ကိုပါ ဆွဲထည့်လာတော့ ဘိုဘိုနဲ့ ကိုညီညီလည်း ရန်ဖြစ်ကြတယ်။

(မှတ်ချက် - ကိုညီညီ က "ABSDF ဗဟို ဥက္ကဌ သံခဲ သို. အိတ်ဖွင့်ပေးစာ" ထဲမှာ အခုလို ရေးထားပါတယ်။ "အဲဒီ မဒမ်သံခဲကပဲ ကိုထွန်းအောင်ကျော်ကို ကျမ ကိုယ်တိုင် ခေါင်းဖြတ်ပါရစေ လို.သံချောင်း အိမ်ကို တက်ပြီး တောင်းဆိုတယ် ဆိုတာ အားလုံး ပြောနေတဲ့ကိစ္စပါ။" http://8-8-88.blogspot.de/2012/03/blog-post_15.html )

ကျမ ။ ။ ငါ့ကို ဘယ်လိုပြောပြော ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မြားက ဘယ်ကို သွားနေသလဲ ဆိုတာကို သိနေလို့ ငါ ရေးထားတဲ့ "တရားခံအစစ်က ဘယ်သူတွေလဲ" ကို အင်တာနက်မှာ တင်လိုက်တာ။

နန်းအောင်ထွေးကြည် ။ ။ မင်း မှန်တယ် ထင်ရင် မင်းသမိုင်းနဲ့ မင်းပဲ။ ဆက်လုပ်။ ငါကတော့ မင်းအပေါ်မှာ ဘယ်လိုမှ သဘောမထားဘူး၊ နဂိုက အတိုင်းပဲ။ နန်းစောလည်း စိတ်မကောင်း ဖြစ်နေတယ်။

ကျမ ။ ။ သမိုင်းဝင်တာတွေ၊ မ၀င်တာတွေ ငါ စိတ်မ၀င်စားဘူး။ နဂိုကတည်းက နန်းစောကိုရော၊ မင်းကိုရော ငါ ပြောခဲ့တာပဲ။ "ဒီလောက် ABSDF က ကြီးကြီးမားမား နစ်နာ ဆုံးရှုံးရတဲ့ ကိစ္စကြီးမှာ `ရန်သူ့သူလျှို မပါဘူး ဆိုတာကို ငါ လက်မခံဘူး´ " လို့ ငါ ပြောခဲ့တာပဲ။ ရက်ရက်စက်စက် လုပ်ခဲ့ တဲ့သူတွေကို ကာစရာ အကြောင်း မရှိဘူး။ လုပ်သွားတဲ့ တရားခံအစစ်ကိုပဲ ငါ သိချင်နေတာ။ နန်းစောနဲ့ ဖုန်းပြောတိုင်းလည်း ရန်ဖြစ်ပြီး နန်းစော ငိုတာနဲ့ပဲ အဆုံးသတ်ရလို့ နန်းစောကို ဖုန်းတောင် မဆက်ဖြစ်တာ ကြာပြီ။

နန်းအောင်ထွေးကြည် ။ ။ ဒါဆိုလည်း ပြီးရော၊ နောက်မှ ဖုန်းပြန်ဆက်မယ်။

.
ရင်းမှူး သိုက်ထွန်းဦးကလည်း ကျမကို ဖုန်းဆက်ပြီး ပြောလာတယ်၊ “ဗန်းမော်၊ မြစ်ကြီးနား အနားထိပဲ ရောက်တာ။ အထဲ အထိ ၀င်ချနိုင်တယ် ဆိုတာ မဟုတ်ဘူး။ ငါတို့ တပ်နဲ့ သွား မချနိုင်သေးပါဘူး” လို့ ရင်းမှူး သိုက်ထွန်းဦးက ပြောတယ်။

“ဟုတ်တယ်၊ ရင်းမှူး၊ ကျမ ဆိုလိုတာက တပ်နဲ့ ၀င်ချနိုင်တာကို ပြောချင်တာ မဟုတ်ဘူး။ အဲဒီအချိန်က ဗန်းမော်၊ မိုးညှင်း၊ မြစ်ကြီးနား အပြင် မန္တလေး၊ ရန်ကုန် အထိ လက်နက်တွေ၊ ပစ္စည်းတွေ ပို့နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ လူတွေ အဖမ်းခံခဲ့ရသလို လက်နက်တွေ၊ ပစ္စည်းတွေလည်း အသိမ်းခံခဲ့ရတယ်၊ ဒါကို ပြောချင်တာပါ” လို့ ရင်းမှူး သိုက်ထွန်းဦး ကို ကျမ ပြန်ဖြေခဲ့တယ်။

(မှတ်ချက် - "မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ - (အပိုင်း ၂)" ထဲမှာ "ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ခေါင်းဆောင်တွေနဲ့ ရဲဘော်၊ ရဲမေတွေအားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ်နဲ့ အားမာန်အပြည့် ဖြစ်နေကြတဲ့အချိန် မိုးညှင်း၊ မြစ်ကြီးနား၊ ဗန်းမော်မြို့ထဲအထိ ၀င်ချနိုင်၊ လက်နက်တွေ သိမ်းပိုက်နိုင်နေတဲ့အချိန်၊ ၀ါဒဖြန့်ချီရေး အနေနဲ့လည်း အအောင်မြင်ဆုံး အချိန်၊ စစ်ချီတဲ့ အခမ်းအနားတွေမှာတောင် ဘင်ခရာအဖွဲ့တွေ ဖွဲ့ထားနိုင်ပြီး ရဲဘော်၊ ရဲမေတွေကို တက်ကြွမှုတွေ မြှင့်ပေးနိုင်တဲ့ အချိန်" လို့ ဆောင်းပါးရှင် ရဲမေဟောင်း ခင်ရွှေလှိုင် က ရေးခဲ့တာနဲ့ ပတ်သက်ပြီး ရင်းမှူး သိုက်ထွန်းဦးက ဆောင်းပါးရှင်ကို ဖုန်းဆက်ပြီး ပြောတာပါ။


(အထက်မှာ တင်ထားတဲ့ comment (ABSDF မြောက်ပိုင်း ရဲမေဟောင်း ခင်ရွှေလှိုင် ရဲ့ ဆောင်းပါး) (အပိုင်း ၂) - ၆ (March 28, 2012 9:12 PM) ထဲမှာ ဆောင်းပါးရှင် ရေးခဲ့တာကို ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။)


နောက်တခါ ရင်းမှူး သိုက်ထွန်းဦး နဲ့ ကျမ ဖုန်းပြောတဲ့အချိန်မှာ “ `စိုးမင်းအောင်ကို ငါ့အတွက် ခွဲမှူး သက်ထွန်း ထည့်ပေးတယ်´ ဆိုတာ ဟုတ်တယ်။ `ခင်မောင်စိုး (အင်းတော်) ကိုတော့ ကိုထွန်းအောင်ကျော် အတွက် ကိုညီညီကျော်တို့ ထည့်ပေးလိုက်တယ်´ ဆိုတာ နည်းနည်း မှားနေတယ်” လို့ ရင်းမှူး သိုက်ထွန်းဦး က ပြောပြခဲ့တယ်။

ကျေးဇူးပဲ၊ ရင်းမှူးရေ။

.
ABSDF မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုတွေကို စတင် ဖော်ထုတ်ကြတဲ့ အချိန်တုန်းက "အေဘီ မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှုတွေကို ဘယ်သူတွေ လုပ်သွားတာလဲ ဆိုတဲ့ တရားခံတွေကို ရှာဖို့၊ အဖြစ်အပျက် အမှန်ကို ဖော်ထုတ်ဖို့၊ ရန်သူ့သူလျှို ထောက်လှမ်းရေး မဟုတ်ဘဲ အသတ်ခံရ၊ အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့ ဂုဏ်သိက္ခာကို ပြန်ဆည်ဖို့" ဆိုပြီး စခဲ့ကြတာပါ။" (ဒါကို ကျမ လက်ခံတယ်။)

နောက်တော့ "ရန်သူ့သူလျှို ထောက်လှမ်းရေး တယောက်မှ မပါဘူး၊ အာဏာရူးပြီး ကျောင်းသားက ကျောင်းသားကိုသတ်တာ" ဆိုပြီး ဖြစ်သွားတယ်။ (ဒါကို ကျမ လက်မခံဘူး။)

အခုကျတော့ "ရန်သူ့သူလျှို ထောက်လှမ်းရေး ဖြစ်တာ၊ မဖြစ်တာက အရေးမကြီးဘူး၊ လူ့အခွင့်အရေး ချိုးဖောက်မှုက အဓိက" တဲ့။ (ဒါလည်း ငြင်းစရာ မရှိဘူး။ လက်ခံတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ။)

၁၉၉၁ - ၁၉၉၂ မှာ ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ညှင်းပန်း သတ်ဖြတ်မှုတွေမှာ ဘယ်သူ သတ်တာလဲ ဆိုတာလည်း သိနေတယ်။ ဘယ်သူ နှိပ်စက်တာလဲ ဆိုတာလည်း သိနေတယ်။ ညှင်းပန်း နှိပ်စက်ခံခဲ့ရသူတွေရဲ့ ကိုယ်ခန္ဓာပေါ်မှာ သက်သေပြစရာ ဒဏ်ရာဒဏ်ချက်တွေကလည်း အသင့်ပဲ ဆိုတော့ ကြိုက်တဲ့ တရားရုံးကသာ တရားစွဲလိုက်ကြပေတော့။

ဒါမှမဟုတ်ရင်လည်း …

“နင်တို့ မြောက်ပိုင်းမှာ အဲဒီလောက်တောင် လူတွေကို သတ်တာလား” လို့ တအံ့တသြ မေးခဲ့တဲ့ အပေါ် အေဘီ မြောက်ပိုင်းက ရဲမေတဦး ဖြေလိုက်သလို ဖြေဖို့ပဲ ကျန်တော့တယ်။


ခင်ရွှေလှိုင်

မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)


(နေ့သစ် http://www.naytthit.net/?p=26348 မှ ကူးယူ ဖော်ပြပါတယ်။)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး ((မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၈) )) ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

(
(ခေါင်းစဉ်ကို နှိပ်ပြီး "မျက်ရည်နှင့် ပြောသော
ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု တရားဝင် တင်ပြချက် (ဗီဒီယို)" ကို ကြည့်နိုင်ပါတယ်။)


အေဘီမြောက်ပိုင်းမှာ ကိုယ်တိုင် လူမဆန်စွာ နှိပ်စက်ခံနေရာက ထွက်ပြေး လွတ်မြောက်လာသည့် မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများက ပြည်သူများကို ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှုများအကြောင်းကို တရားဝင် အသိပေး တင်ပြချက် (ဗီဒီယို)